ဟားခါးမြို့နယ်ရွာထဲ စစ်ကောင်စီတပ်က အပြစ်မဲ့လူငယ်တစ်ဦးအား ပစ်သတ်

စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်ဟာ ယနေ့ ဇူလိုင် ၂၅ ရက် မနက် ၁၁ နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ နှီာရ်လောန်ကျေးရွာတွင်းဝင်ရောက်လာပြီး ရွာသား ဆလိုင်းမန်လျန်ဆန် (၂၂)နှစ် အားပစ်သတ်တယ်လို့သတင်းရရှိပါတယ်။

ရွာသားတစ်ဦးက “ဒီမနက်ပိုင်းက စစ်သားတွေရွာထဲရောက်ရှိလာကြတော့ ရွာသားတွေထွက်ပြေးကြတယ်။ ဆလိုင်းမန်လျန်ဆန် ကတော့ မှုကြိုကျောင်းက ကလေးတွေကို သွားခေါ်ဖို့ ဆိုင်ကယ်နဲ့တစ်ယောက်တည်းထွက်သွားတာ လမ်းမှာ စစ်တပ်နဲ့ကြုံပြီး ပစ်သတ်ခံရတယ်” လို့ ပြောပါတယ်။

ဆလိုင်းမန်လျန်ဆန်သည် နှီာရ်လောန်နှစ်ခြင်းဘုရားကျောင်းတွင် အထွေထွေအလုပ်သမားဖြစ်ပြီး ကျေးရွာအတွက်အားကိုးအားထားရတဲ့ လူငယ်တစ်ဦးဖြစ်ကြောင်း သင်းအုပ်ဆရာတော်တစ်ပါးက ပြောပါတယ်။

လက်နက်အပြည့်အစုံတပ်ဆင်ထားသော စစ်ကောင်စီတပ်သားတွေဟာ ဒီမနက်က ဟားခါးမြို့မှထွက်ခွာကြပြီး ဟားခါးမြို့နဲ့ ၇မိုင်လောက်ဝေးတဲ့ နှီာရ်လောန်ကျေးရွာတွင် ရောက်ရှိကြရာ ရွာသားအများစုဟာ ဘေးလွတ်ရာသို့ ထွက်ပြေးကြတယ်လို့လည်းသိရတယ်။

နှီာရ်လောန်ကျေးရွာဟာ ဟားခါးမြို့ကနေ ဖလမ်းမြို့ကိုသွားတဲ့ ကားလမ်းအနီးမှာရှိပါတယ်။

Zawgyi

ဟားခါးၿမိဳ႕နယ္ရြာထဲ စစ္ေကာင္စီတပ္က အျပစ္မဲ့လူငယ္တစ္ဦးအား ပစ္သတ္

စစ္ေကာင္စီတပ္သား အင္အား ၁၀၀ ေလာက္ဟာ ယေန႔ ဇူလုိင္ ၂၅ ရက္ မနက္ ၁၁ နာရီတြင္ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္၊ ႏွီာရ္ေလာန္ေက်း႐ြာတြင္းဝင္ေရာက္လာၿပီး ရြာသား ဆလိုင္းမန္လ်န္ဆန္ (၂၂)ႏွစ္ အားပစ္သတ္တယ္လုိ႔သတင္းရရွိပါတယ္။

295821064_3922449837979250_5735282860167573665_n

ရြာသားတစ္ဦးက “ဒီမနက္ပိုင္းက စစ္သားေတြ႐ြာထဲေရာက္ရွိလာၾကေတာ့ ႐ြာသားေတြထြက္ေျပးၾကတယ္။ ဆလိုင္းမန္လ်န္ဆန္ ကေတာ့ မႈႀကိဳေက်ာင္းက ကေလးေတြကို သြားေခၚဖို႔ ဆိုင္ကယ္နဲ႔တစ္ေယာက္တည္းထြက္သြားတာ လမ္းမွာ စစ္တပ္နဲ႔ႀကဳံၿပီး ပစ္သတ္ခံရတယ္” လို႔ ေျပာပါတယ္။

ဆလိုင္းမန္လ်န္ဆန္သည္ ႏွီာရ္ေလာန္ႏွစ္ျခင္းဘုရားေက်ာင္းတြင္ အေထြေထြအလုပ္သမားျဖစ္ၿပီး ေက်း႐ြာအတြက္အားကိုးအားထားရတဲ့ လူငယ္တစ္ဦးျဖစ္ေၾကာင္း သင္းအုပ္ဆရာေတာ္တစ္ပါးက ေျပာပါတယ္။

လက္နက္အျပည့္အစုံတပ္ဆင္ထားေသာ စစ္ေကာင္စီတပ္သားေတြဟာ ဒီမနက္က ဟားခါးၿမိဳ႕မွထြက္ခြာၾကၿပီး ဟားခါးၿမိဳ႕နဲ႔ ၇မိုင္ေလာက္ေဝးတဲ့ ႏွီာရ္ေလာန္ေက်း႐ြာတြင္ ေရာက္ရွိၾကရာ ႐ြာသားအမ်ားစုဟာ ေဘးလြတ္ရာသို႔ ထြက္ေျပးၾကတယ္လုိ႔လည္းသိရတယ္။

ႏွီာရ္ေလာန္ေက်းရြာဟာ ဟားခါးၿမိဳ႕ကေန ဖလမ္းၿမိဳ႕ကိုသြားတဲ့ ကားလမ္းအနီးမွာရွိပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်