ဟားခါး-ဖလမ်းကြား တိုက်ပွဲ CNA/CDF တပ်ဖွဲ့ဝင် ၉ဦး ကျဆုံး

ချင်းပြည်နယ်၊ ဟားခါး-ဖလမ်းမြို့အကြား တလန်ဇာရ်ကျေးရွာအနီးတွင် ယနေ့ မေ ၅ ရက်မနက်ပိုင်းကတိုက်ပွဲဖြစ်ပွားရာ CNA ရဲဘော် ၅ဦးနဲ့ CDF ရဲဘော် ၄‌ဦး ကျဆုံးကြောင်း သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီဖက်လည်း အနည်းဆုံး ၁၈ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း သိရပါတယ်။

ဟားခါးမှ ဖလမ်းဖက်သို့ထွက်ခွာသော စစ်ကောင်စီယာဉ်တန်းအား မေလ ၃ရက်နေ့ ညနေပိုင်းမှစ၍ CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က ချွန်ကျူံးရွာနားကစပြီး လမ်းတစ်လျှောက် ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မေလ ၄ရက်နေ့တွင် ရမ်ထလိုရွာ နေအိမ် ၁၀လုံးနဲ့ ယနေ့မေလ ၅ရက်နေ့တွင် တလန်ဇာရ်ရွာ နေအိမ် ၁၀လုံး ကျော် မီးရှို့ဖျတ်ဆီးကြပါတယ်။

ထလန်ဇာရ်ကျေးရွာအနီးတွင် ၎င်းတို့ရဲ့စစ်ကားများထားရှိကာ အင်အားရာကျော်ဖြင့် CNA နဲ့ CDF ကို တောနှင်းထိုးစစ်ဆင်‌နေကြောင်း သတင်းရရှိပါတယ်။

(Zalen သတင်းမီဒီယာနှင့် The Chin Journal သတင်းဌာနတို့ပူးပေါင်းပြီး သတင်းတင်ဆက်ထားပါသည်။)

Zawgyi

ဟားခါး-ဖလမ္းၾကား တိုက္ပြဲ CNA/CDF တပ္ဖြဲ႕ဝင္ ၉ဦး က်ဆုံး

ခ်င္းျပည္နယ္၊ ဟားခါး-ဖလမ္းၿမိဳ႕အၾကား တလန္ဇာရ္ေက်း႐ြာအနီးတြင္ ယေန႔ ေမ ၅ ရက္မနက္ပိုင္းကတိုက္ပြဲျဖစ္ပြားရာ CNA ရဲေဘာ္ ၅ဦးနဲ႔ CDF ရဲေဘာ္ ၄‌ဦး က်ဆုံးေၾကာင္း သတင္းရရွိပါတယ္။

အာဏာသိမ္းစစ္ေကာင္စီဖက္လည္း အနည္းဆုံး ၁၈ဦး ေသဆုံးၿပီး အမ်ားအျပားထိခိုက္ဒဏ္ရာရရွိေၾကာင္း သိရပါတယ္။

ဟားခါးမွ ဖလမ္းဖက္သို႔ထြက္ခြာေသာ စစ္ေကာင္စီယာဥ္တန္းအား ေမလ ၃ရက္ေန႔ ညေနပိုင္းမွစ၍ CNA နဲ႔ CDF ပူးေပါင္းတပ္ဖြဲ႕က ခၽြန္က်ဴံးရြာနားကစၿပီး လမ္းတစ္ေလွ်ာက္ ခ်ဳံခိုတိုက္ခိုက္ခဲ့ပါတယ္။

စစ္ေကာင္စီတပ္သားေတြဟာ ေမလ ၄ရက္ေန႔တြင္ ရမ္ထလို႐ြာ ေနအိမ္ ၁၀လုံးနဲ႕ ယေန႔ေမလ ၅ရက္ေန႔တြင္ တလန္ဇာရ္႐ြာ ေနအိမ္ ၁၀လုံး ေက်ာ္ မီးရႈိ႕ဖ်တ္ဆီးၾကပါတယ္။

ထလန္ဇာရ္ေက်း႐ြာအနီးတြင္ ၎တို႔ရဲ႕စစ္ကားမ်ားထားရွိကာ အင္အားရာေက်ာ္ျဖင့္ CNA နဲ႔ CDF ကို ေတာႏွင္းထိုးစစ္ဆင္‌ေနေၾကာင္း သတင္းရရွိပါတယ္။

(Zalen သတင္းမီဒီယာႏွင့္ The Chin Journal သတင္းဌာနတို႔ပူးေပါင္းၿပီး သတင္းတင္ဆက္ထားပါသည္။)

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ချင်းလူမျိုး အချင်းချင်း ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

၂၄၊ ဧပြီလ၊ ၂၀၂၄ Zalen မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ပူချွန်းမှာ ချင်းလူမျိုး အချင်းချင်း ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့တယ်လို့ ချိုးလူမျိုးစုအသင်း (မလေးရှား) ဆီက သိရပါတယ်။ ဖြစ်စဥ်မှာ ဧပြီ ၂၂ ရက် ...

ဆက်ဖတ်ရန်