ဟိုင်မွှောလ်ရွာမှာ စစ်ကောင်စီဖမ်းဆီးတဲ့ ဆယ်ကျော်သက်မိန်းကလေးဟာ ဝိုင်းဖွဲ့အဓမ္မပြုကျင့်ခံရဟုဆို

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိုင်မွှာလ်(သစ်)ရွာက မောင်နှမနှစ်ယောက်ကို စစ်ကောင်စီတပ်ကဖမ်းဆီးတဲ့ထဲမှာ မိန်းကလေးငယ်ကို ဝိုင်းဖွဲ့ကာအဓမ္မပြုကျင့်ပြီးမှသတ်ဖြတ်တာဖြစ်တယ်လို့နီးစပ်ရာဒေသခံတွေထံကသတင်းရရှိပါတယ်။

သြဂုတ် ၁၄ ရက်တွင် စစ်ကောင်စီတပ်သားတွေဟာ ဟိုင်မွှာလ်(သစ်)ရွာသို့ဝင်လာပြီးလူနေအိမ် ၁၀လုံးခန့်မီးရှို့ပြီးနောက် ရွာထဲကမောင်နှမ နှစ်ဦးဖြစ်တဲ့ မလာလ်နွန်ပွီးယီး (၁၇နှစ်)၊ မောင်လာလ်ရိုတ်မောယာ (၁၄နှစ်)တို့ကိုဖမ်းဆီးပြီး ရွာအနီး တောလမ်းဘေးမှာ သတ်ဖြတ်ကာ ြမေမြုပ်ထားကြပါတယ်။

၎င်းတို့အလောင်းကို သြဂုတ်လ ၁၆ ရက်မနက်ပိုင်းက ရွာသားတွေက ပြန်လည်တွေ့ရှိတာဖြစ်တယ်။

ဒေသခံတစ်ဦးက “အလောင်းကို ကိုယ်တပိုင်းပဲ မြေမြုပ်ကြတယ်။ အလောင်းစစ်ဆေးချက်အရ ညီဖြစ်သူက ဗိုက်နဲ့ မျက်နှာမှာညိုမဲဒဏ်ရာတွေ့ရတယ်။ အင်္ကျီအရှေ့ဘက်ပိုင်း ဓားနဲ့ဖြဲထားပြီးတော့ ကျားအင်္ဂါပေါ်ပြီးတော့မြုပ်ထားတယ်။ တော်တော်နှိပ်စက်ထားပုံရတယ် မစင်တွေလည်း ဘောင်းဘီမှာတွေ့ရတယ်။ သူ့အမကတော့ ဦးခေါင်းညဘက်ကနေ သေနတ်နဲ့ပစ်ပြီး တဖက်ကိုပွင့်သွားတယ်။ မသင်္ကာလို့ ကျွမ်းကျင်တဲ့သူတွေက စစ်ဆေးတဲ့ချိန်မှာ အဓမ္မပြုကျင့်ထားတဲ့ ဒဏ်ရာတွေ မအင်္ဂါမှာတွေ့ရတယ်တဲ့။ ဒဏ်ရာအရ ဝိုင်းဖွဲ့အဓမ္မပြုကျင့်တာဖြစ်မယ်လို့ယူဆတယ်” လို့ပြောပါတယ်။

အလောင်းကို သြဂုတ် ၁၆ ရက်ညနေပိုင်းတွင် ဟိုင်မွှာလ်(သစ်)ရွာသင်္ချိုင်းတွင် မြေမြုပ်သဂြိုလ်ကြပါတယ်။

မုဒိန်းမှုကျူးလွန်တဲ့သူတွေဟာ ဖလမ်းမြို့ ခလရ ၂၆၈ ကနေ ရိခေါ်ဒါရ်မြို့သို့ပြောင်းရွှေ့လာတဲ့ စစ်ကောင်စီတပ်သားတွေဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ် တပ်မ ၂၂ က အရင်နှစ် ၂၀၂၁ ခုနှစ်နိုဝင်ဘာလ ၁၂ ရက်ညတွင် တီးတိန်မြို့နယ် အာလွယ်ကျေးရွာ (Aklui khua) နေ သားသည်အမျိုးသမီး ၂ ဦးကို အဓမ္မပြုကျင့်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ဇူလိုင်လကနေ ၂၀၂၂ ခုနှစ်ဇူလိုင်လအထိ စစ်ကောင်စီတပ်သားတွေက မြန်မာနိုင်ငံတဝှမ်းမှာ အမျိုးသမီး ၃၇ ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ Burma Human Right Network ကထုတ်ပြန်ထားပါတ်ယ။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်