ဟွာလ်ငိုးတပ်ခွဲ ရာပြည့်ကျောက်တိုင်စိုက်ဖို့ရွေးထားတဲ့နေရာကို စည်ပင်ပန်းခြံအဖြစ်သတ်မှတ်ဖို့ သဘောမတူ

ဟွာလ်ငိုးတပ်ခွဲ ရာပြည့်ကျောက်တိုင်စိုက်ဖို့ရွေးထားတဲ့နေရာကို စည်ပင်ပန်းခြံအဖြစ်သတ်မှတ်ဖို့ ဟွာလ်ငိုးစာပေနှင့်ယဉ်ကျေးမှုကော်မတီက သဘောမတူကြောင်းသိရပါတယ်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေ ဧပြီလ(၂၅)ရက်နေ့မှာ ရိခေါ်ဒါရ်မြို့ကိုသွားရောက်စဉ် ပြည်နယ် စည်ပင်၊ လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ယင်းကျောက်တိုက်စိုက်မယ့်နေရာကို စည်ပင်ပန်းခြံအဖြစ်ပြောင်းလဲပြီး ရိခေါ်ဒါရ်မြို့ စိန်ရတုကျောက်တိုင်နဲ့ ဟွာလ်ငိုးတပ်ခွဲ ရာပြည့်ကျောက်တိုင်တွေစိုက်ဖို့ နှုတ်ဖြစ်ပြောကြားခဲ့တယလို့ဆိုပါတယ်။

“ရိရေကန်နားမှာစိုက်ထားတဲ့ ရာပြည့်ကျောက်တိုင်ကို အာဏာပိုင်တွေကသဘောမတူလို့ တခြားနေရာကိုရှာကြပါလို့ပြောမှ ကျနော်တို့လည်းတခြားနေရာရှာတာပါ။ ဝန်ကြီးချုပ်ကလည်း နှစ်ဧကထက်မငယ်တဲ့ မြေနေရာပေးမယ်လို့ကတိပေးထားတယ်။ ခုကျောက်တိုင်စိုက်ဖို့ မြေနေရာရှင်းထားတဲ့နေရာ(ရိခေါ်ဒါရ်မြို့ ရဲစခန်းအနီး)ကို ဝန်ကြီး အိုက်ဇက်ခင်က စည်ပင်ပန်းခြံလိုလိုပြောင်းဖို့လုပ်နေတော့ မကျေနပ်ဘူး။ အဲ့ဒါကဘာလဲဆိုရင် အစိုးရက ဟွာလ်ငိုးစာပေနှင့်ယဉ်ကျေးမှုကော်မတီကို ဂရုမစိုက်ရာရောက်ပါတယ်။ ပြီးတော့ ရိပြည်သူတွေကိုလည်းဂရုမစိုက်ရာရောက်တယ်”လို့ ဟွာလ်ငိုးစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်နဲ့ ရိခေါ်ဒါရ်စည်ပင်ကော်မတီဝင် ဦးဆန်လိုရ်အာက ဆိုတယ်။

ဟွာလ်ငိုးတပ်ခွဲ ရာပြည့်ကျောက်တိုင်ကို ၂၀၁၇ ခုနှစ်မတ်လ(၁၇)ရက်မှာ ရိရေကန်နားမှာ စိုက်ထားပြီး စစ်တပ်မှ ၎င်းတို့ပိုင်မြေဧရိယာတွင်ရှိသည်ဟူ၍လည်းကောင်း၊ နိုင်ငံခြားစစ်တပ် ဓားတံဆိပ်ပါသည်ဟူ၍လည်းကောင်း ကန့်ကွက်သဖြင့်၎င်းကျောက်တိုင်စိုက်ထူရန်မြေနေရာစီစဉ်ပေးမည်ဟုဆိုကာကျောက်တိုင်ကို မေလ(၂၄)ရက်တွင်ပြောင်းရွေ့ခိုင်းတယ်။

ဟွာလ်ငိုးတပ်ခွဲ

ချင်းတောင်တပ်ရင်း၊ ဟွာလ်ငိုးတပ်ခွဲကို ၁၉၁၇ ခုနှစ် မတ်လ (၂၀)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါတယ်။ ဟွာလ်ငိုးတပ်ခွဲဟာ ဖက်စပ်ဂျပန်ကို ပြန်လည်တိုက်ထုတ်ချိန်တွင်လည်းကောင်း၊ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြိုကွဲမည့်အရေးမှ အစိုးရဘက်တွင်အသက်ပေးကယ်တင်ရာ၌လည်းကောင်း၊ တရုတ်ဖြူကျူးကျော်များပြန်လည်တိုက်ခိုက်ရာတွင် လည်းကောင်းပါဝင်ခဲ့ပြီး ဟွာလ်ငိုးတပ်ခွဲမှ ချင်းစစ်သားတွေ သူရဲကောင်းဆုတံဆိပ်ရရှိသူအများအပြားရှိတယ်။

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်