အဆင့်တိုးမြှင့်ကျောင်းများ ဒီနှစ်ကျောင်းဖွင့်ချိန်မှာ ကျောင်းသားသစ် စတင်လက်ခံနိုင်ပြီ

မေလ(၂၃)ရက်တွင်ကြေညာထားတဲ့ အဆင့်တိုးမြှင့်ကျောင်းတွေမှာ ဒီနှစ်ကျောင်းဖွင့်ချိန်မှာ ကျောင်းသားသစ်တွေ စတင်လက်ခံနိုင်ပြီလို့ မေလ(၂၄)ရက်မှာ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။

အခြေခံပညာဦးစီးဌာထုတ်ပြန်ချက်မှာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တါင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတါင် ပူးတွဲပါအတိုင်း အခြေခံပညာကျောင်းများ၊ ကျောင်း(ခွဲ)များနှင့် မူလတန်းလွန်ကျောင်းများကို ကျောင်းဖွင့်အမီ အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့မှ ကြိုတင်ခွင့်ပြုမိန့်ရရှိပြီးဖြစ်ပါသဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်ကျောင်းအပ်နှံရေးဆောင်ရွက်ချိန်၌ အဆင့်တိုးမြှင့်ဖွင့်လှစ်မည့်ကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ တက်ရောက်နိုင်ရေးလက်ခံဆောင်ရွက်သွားရန် အကြောင်းကြားပါသည်ဟုဖော်ပြထားသည်။

ချင်းပြည်နယ်မှ ကျောင်းပေါင်း(၃၀၉)ကျောင်းကိုအဆင့်တိုးမြှင့်လိုက်ပြီး အ.ထ.ကအဆင့်တိုး(၁၇)ကျောင်း၊ အ.ထ.က(ခွဲ)အဆင့်တိုး(၁၅)ကျောင်း၊ အ.လ.က အဆင့်တိုး(၁၀၅)ကျောင်း၊ အ.လ.က(ခွဲ)အဆင့်တိုး(၅၂)ကျောင်း၊ မူလွန် ကျောင်းအဆင့်တိုး(၄၃)ကျောင်း၊ အ.မ.က အဆင့်တိုး(၅၄) ကျောင်း၊ အ.မ.က(ခွဲ)အဆင့်တိုး (၃၃)ကျောင်း စသည်တို့ဖြစ်သည်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်