အဆိုတော်ဆောင်းဦးလှိုင်ရဲ့ နွေဦးရန်ပုံငွေ တကိုယ်တော်နယ်လှည့်ဖျော်ဖြေပွဲတွင် ကျပ်သိန်း ၇၀၀၀ ကျော်ရပြီ

အမေရိကန်နိုင်ငံမှာ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ နွေဦးရန်ပုံငွေ တကိုယ်တော်နယ်လှည့်ဖျော်ဖြေပွဲကို မြို့ ၇ မြို့တွင်ပြုလုပ်ရာ ကန်ဒေါ်လာ ၃၄၀,၀၀၀ (ကျပ်သိန်း ၇၀၀၀ ကျော်)ရရှိပြီလို့ ၄င်းလူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။

ယင်းနယ်လှည့်ဖျော်ဖြေပွဲကို သြဂုတ် (၂၈)ရက်ကစတင်ပြုလုပ်ပြီး အောက်တိုဘာလအတွင်း မြို့ (၃)မြို့မှာ ဆက်လက်ဖျော်ဖြေမယ်လိုသိရတယ်။

Utica မြို့လေးရဲ့စည်းလုံးမှုနဲ့စေတနာကအံ့မခန်းပါဘဲ။ ကျနော့်ဂစ်တာတစ်လုံး ၉၅၀၀$ နဲ့လေလံအောင် လှူဒါန်းအပြီး လေလံမအောင်လိုက်တဲ့ နောင်တော်က $ ၁၀၀၀၀ လှူမယ်ဆိုတော့ လေးစားလွန်းလို့တီးနေတဲ့( ဆက်လက်အသုံးပြုရမယ့် )ဂစ်တာ ပေးပစ်ခဲ့တယ်။ ကျနော့်Jean waist coat ကိုလည်းစေတနာရှင် ညီမတစ်ယောက်က $၉ဝဝဝလောက်နဲ့လေလံဆွဲတယ်လို့ အဆိုတော်ဆောင်းဦးလှိုင်က ၄င်းလူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။
အဆိုတော်ဆောင်းဦးလှိုင်ရဲ့တကိုယ်တော်ဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပန်းချီကားတွေ၊ ဆောင်းဦးလှိုင်ရဲ့ ဂီတာတွေ လေးလံတင်ရောင်းချကြပါတယ်။

အဆိုတော်ဆောင်းဦးလှိုင်က “ ကျွန်တော်ရှာဖွေနေသောရံပုံငွေ ပမာဏမှာ လိုအပ်ချက်များနှင့်နှိုင်းယှဉ်ပါက မပြောပလောက် သောပမာဏသာဖြစ်ပါသည်။ ကျွန်တော်အဓိက လုပ်ဆောင်နေသည်မှာ နှိုးဆော်ရေးသာဖြစ်ပါသည်။ စိတ်ဓါတ်ကျဆင်းလာနေသူများကို အားပေးနေခြင်းဖြစ်ပါသည်။ ကျွန်တော်သည်ရရှိခဲ့သော ရံပုံငွေများကို တစ်ပြားတစ်ချပ်မျှ ကိုင်ကွယ်စီမံခဲ့ခြင်းမရှိပါ။ မိတ်ဆွေရဲဘော်များ၏လိုအပ်ချက်များစွာအကြောင်း ကျွန်တော်သိပါသည်။စိတ်မကောင်းပါ။ဒါကြောင့်လည်း မိုင်သောင်းချီ ခရီးနှင်၍ ကျွန်တော်နှိုးဆော်လှုပ်ရှား ပေးနေခြင်းဖြစ်ပါသည်။ လိုအပ်ချက်ပမာဏကြီးမားလွန်းပါက တာဝန်ရှိသူ၊ တာဝန်ယူထားသည့်လူများနှင့်ဆက်သွယ်ပြောကြား ကြပါရန်တိုက်တွန်းပါသည်။ အုတ်တစ်ချပ် သဲတစ်ပွင့်မျှသော ကျွန်တော်သည် အရာရာအတွက် ကူညီဖေးမနိုင်စွမ်းမရှိသေးပါ၊ တာဝန်ရှိသူလည်းမဟုတ်ပါ၊ တာဝန်သိသူတစ်ဦးသာဖြစ်ပါကြောင်း အသိပေးအပ်ပါသည်” လို့ရေးသားထားပါတယ်။

အောက်တိုဘာ (၉) ရက်တွင် ဝါရှင်တန်မြို့၊ အောက်တိုဘာ (၁၇)ရက်တွင် ဆန်ဖရစ္စကို၊ အောက်တိုဘာ (၂၃)ရက်တွင် ဒါလစ်မြို့တွေမှာဆက်လက်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

Zawgyi

အဆိုေတာ္ေဆာင္းဦးလိႈင္ရဲ႕ ေႏြဦးရန္ပံုေငြ တကိုယ္ေတာ္နယ္လွည့္ေဖ်ာ္ေျဖပြဲတြင္ က်ပ္သိန္း ၇၀၀၀ ေက်ာ္ရၿပီ

အေမရိကန္ႏိုင္ငံမွာ အဆိုေတာ္ေဆာင္းဦးလႈိင္ရဲ႕ ေႏြဦးရန္ပံုေငြ တကိုယ္ေတာ္နယ္လွည့္ေဖ်ာ္ေျဖပြဲကို ၿမိဳ႕ ၇ ၿမိဳ႕တြင္ျပဳလုပ္ရာ ကန္ေဒၚလာ ၃၄၀,၀၀၀ (က်ပ္သိန္း ၇၀၀၀ ေက်ာ္)ရရွိၿပီလို႔ ၄င္းလူမႈကြန္ရက္စာမ်က္ႏွာတြင္ေဖာ္ျပထားပါတယ္။

ယင္းနယ္လွည့္ေဖ်ာ္ေျဖပြဲကို ၾသဂုတ္ (၂၈)ရက္ကစတင္ျပဳလုပ္ၿပီး ေအာက္တုိဘာလအတြင္း ၿမိဳ႕ (၃)ၿမိဳ႕မွာ ဆက္လက္ေဖ်ာ္ေျဖမယ္လုိသိရတယ္။

Utica ၿမိဳ႕ေလးရဲ့စည္းလုံးမႈနဲ႔ေစတနာကအံ့မခန္းပါဘဲ။ က်ေနာ့္ဂစ္တာတစ္လုံး ၉၅၀၀$ နဲ႔ေလလံေအာင္ လႉဒါန္းအၿပီး ေလလံမေအာင္လိုက္တဲ့ ေနာင္ေတာ္က $ ၁၀၀၀၀ လႉမယ္ဆိုေတာ့ ေလးစားလြန္းလို႔တီးေနတဲ့( ဆက္လက္အသုံးျပဳရမယ့္ )ဂစ္တာ ေပးပစ္ခဲ့တယ္။ က်ေနာ့္Jean waist coat ကိုလည္းေစတနာရွင္ ညီမတစ္ေယာက္က $၉၀၀၀ေလာက္နဲ႔ေလလံဆြဲတယ္လို႔ အဆိုေတာ္ေဆာင္းဦးလႈိင္က ၄င္းလူမႈကြန္ရက္စာမ်က္ႏွာမွာေဖာ္ျပထားပါတယ္။
အဆုိေတာ္ေဆာင္းဦးလႈိင္ရဲ႕တကိုယ္ေတာ္ေဖ်ာ္ေျဖပြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ပန္းခ်ီကားေတြ၊ ေဆာင္းဦးလႈိင္ရဲ႕ ဂီတာေတြ ေလးလံတင္ေရာင္းခ်ၾကပါတယ္။

အဆိုေတာ္ေဆာင္းဦးလႈိင္က “ ကၽြန္ေတာ္ရွာေဖြေနေသာရံပုံေငြ ပမာဏမွာ လိုအပ္ခ်က္မ်ားႏွင့္ႏွိုင္းယွဥ္ပါက မေျပာပေလာက္ ေသာပမာဏသာျဖစ္ပါသည္။ ကၽြန္ေတာ္အဓိက လုပ္ေဆာင္ေနသည္မွာ ႏွိုးေဆာ္ေရးသာျဖစ္ပါသည္။ စိတ္ဓါတ္က်ဆင္းလာေနသူမ်ားကို အားေပးေနျခင္းျဖစ္ပါသည္။ ကၽြန္ေတာ္သည္ရရွိခဲ့ေသာ ရံပုံေငြမ်ားကို တစ္ျပားတစ္ခ်ပ္မၽွ ကိုင္ကြယ္စီမံခဲ့ျခင္းမရွိပါ။ မိတ္ေဆြရဲေဘာ္မ်ား၏လိုအပ္ခ်က္မ်ားစြာအေၾကာင္း ကၽြန္ေတာ္သိပါသည္။စိတ္မေကာင္းပါ။ဒါေၾကာင့္လည္း မိုင္ေသာင္းခ်ီ ခရီးႏွင္၍ ကၽြန္ေတာ္ႏွိုးေဆာ္လႈပ္ရွား ေပးေနျခင္းျဖစ္ပါသည္။ လိုအပ္ခ်က္ပမာဏႀကီးမားလြန္းပါက တာဝန္ရွိသူ၊ တာဝန္ယူထားသည့္လူမ်ားႏွင့္ဆက္သြယ္ေျပာၾကား ၾကပါရန္တိုက္တြန္းပါသည္။ အုတ္တစ္ခ်ပ္ သဲတစ္ပြင့္မၽွေသာ ကၽြန္ေတာ္သည္ အရာရာအတြက္ ကူညီေဖးမနိုင္စြမ္းမရွိေသးပါ၊ တာဝန္ရွိသူလည္းမဟုတ္ပါ၊ တာဝန္သိသူတစ္ဦးသာျဖစ္ပါေၾကာင္း အသိေပးအပ္ပါသည္” လုိ႔ေရးသားထားပါတယ္။

ေအာက္တိုဘာ (၉) ရက္တြင္ ဝါရွင္တန္ၿမိဳ႕၊ ေအာက္တိုဘာ (၁၇)ရက္တြင္ ဆန္ဖရစၥကို၊ ေအာက္တုိဘာ (၂၃)ရက္တြင္ ဒါလစ္ၿမိဳ႕ေတြမွာဆက္လက္ေဖ်ာ္ေျဖသြားမွာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်