အဆိုတော် ဒေးဗစ်လိုင်က CDF-Mara အတွက် ကျပ် ၅၅ သိန်းကျော်လှူဒါန်း

အဆိုတော် ဒေးဗစ်လိုင်က CDF-Mara အတွက် ရူပီးငွေ ၂၅၁,၀၀၀ (မြန်မာငွေ ၅၅ သိ်န်းကျော်)လှူဒါန်းလိုက်တယ်လို့ ၄င်းလူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

ဒေးဗစ်လိုင်ကိုယ်တိုင် CDF-Mara စခန်းသို့သွားရောက်တဲ့ ဗီဒီယိုင်ဖိုင်တွေလည်း Youtube ပေါ်မှာ မနေ့ကတင်ထားပါတယ်။

အဆိုတော်ဒေးဗစ်လိုင်က “အရင်နေ့တွေတုန်းက တောထဲကိုရောက်ခဲ့ပါတယ်။ ကျနော့်ညီကိုတွေ ဖိနပ်တောင်မရှိပဲ တစ်လလုံးလုံး ပင်ပင်ပန်းပန်း လေ့ကျင့်ရေးဆင်းနေကြတာတွေလည်းအများကြီးတွေ့ခဲ့ပါတယ်။ ကျန်တဲ့လိုအပ်တာချက်တွေဖြစ်တဲ့ နေရာထိုင်ခင်းနဲ့ အစားအသောက်အတွက် လိုအပ်ချက်တွေဆိုရင် အများကြီးပါ။ အဲ့အတွက်ကို ကျနော်အလှူခံပေးပါရစေလို့တောင် ကျနော့်ဖက်ကတောင်းဆိုခဲ့ပါတယ်။ မိမိဒေသကိုကာကွယ်ဖို့၊ အာဏာရှင်ကိုတိုက်ထုတ်ဖို့နဲ့ ၊ဖက်ဒရယ်ဒီမိုကရေစီအတွက် တော်လှန်ရေးလုပ်နေကြတဲ့ ကျနော်တို့ညီအစ်ကိုတွေ.. သူတို့နဲ့ထိုက်တန်တဲ့ ထောက်ပံ့မှုကိုတတ်နိုင်တဲ့ဖက်ကနေ ပေးကြရအောင်။ ခေါင်းဆောင်ပိုင်း ကျနော့်ညီအစ်ကိုတွေဆိုရင် သင်တန်းနောက်တစ်သုတ်အတွက် စားဖို့သောက်ဖို့ ဘယ်လိုစီစဉ်ရမလဲဆိုတာလေးအတွက်တောင် ခေါင်းစားနေရတယ်။ ကျနော့်အနေနဲ့ ဒါတော့အဖြစ်မခံနိုင်ဘူး။ နိုင်သလောက်လေး လှူပေးကြပါ၊ ဆက်သွယ်ပေးကြပါ။ “အရေးတော်ပုံ … အောင်ရမည်” လို့၄င်းလူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

Zawgyi

အဆိုေတာ္ ေဒးဗစ္လုိင္က CDF-Mara အတြက္ က်ပ္ ၅၅ သိန္းေက်ာ္လွဴဒါန္း

အဆိုေတာ္ ေဒးဗစ္လုိင္က CDF-Mara အတြက္ ရူပီးေငြ ၂၅၁,၀၀၀ (ျမန္မာေငြ ၅၅ သိ္န္းေက်ာ္)လွဴဒါန္းလိုက္တယ္လုိ႔ ၄င္းလူမႈကြန္ရက္စာမ်က္ႏွာမွာေဖာ္ျပထားပါတယ္။

ေဒးဗစ္လိုင္ကိုယ္တုိင္ CDF-Mara စခန္းသို႔သြားေရာက္တဲ့ ဗီဒီယိုင္ဖိုင္ေတြလည္း Youtube ေပၚမွာ မေန႔ကတင္ထားပါတယ္။

အဆိုေတာ္ေဒးဗစ္လုိင္က “အရင္ေန႔ေတြတုန္းက ေတာထဲကိုေရာက္ခဲ့ပါတယ္။ က်ေနာ့္ညီကိုေတြ ဖိနပ္ေတာင္မရွိပဲ တစ္လလုံးလုံး ပင္ပင္ပန္းပန္း ေလ့က်င့္ေရးဆင္းေနၾကတာေတြလည္းအမ်ားႀကီးေတြ႕ခဲ့ပါတယ္။ က်န္တဲ့လိုအပ္တာခ်က္ေတြျဖစ္တဲ့ ေနရာထိုင္ခင္းနဲ႔ အစားအေသာက္အတြက္ လိုအပ္ခ်က္ေတြဆိုရင္ အမ်ားႀကီးပါ။ အဲ့အတြက္ကို က်ေနာ္အလႉခံေပးပါရေစလို႔ေတာင္ က်ေနာ့္ဖက္ကေတာင္းဆိုခဲ့ပါတယ္။ မိမိေဒသကိုကာကြယ္ဖို႔၊ အာဏာရွင္ကိုတိုက္ထုတ္ဖို႔နဲ႔ ၊ဖက္ဒရယ္ဒီမိုကေရစီအတြက္ ေတာ္လွန္ေရးလုပ္ေနၾကတဲ့ က်ေနာ္တို႔ညီအစ္ကိုေတြ.. သူတို႔နဲ႔ထိုက္တန္တဲ့ ေထာက္ပံ့မႈကိုတတ္နိုင္တဲ့ဖက္ကေန ေပးၾကရေအာင္။ ေခါင္းေဆာင္ပိုင္း က်ေနာ့္ညီအစ္ကိုေတြဆိုရင္ သင္တန္းေနာက္တစ္သုတ္အတြက္ စားဖို႔ေသာက္ဖို႔ ဘယ္လိုစီစဥ္ရမလဲဆိုတာေလးအတြက္ေတာင္ ေခါင္းစားေနရတယ္။ က်ေနာ့္အေနနဲ႔ ဒါေတာ့အျဖစ္မခံနိုင္ဘူး။ နိုင္သေလာက္ေလး လႉေပးၾကပါ၊ ဆက္သြယ္ေပးၾကပါ။ “အေရးေတာ္ပုံ … ေအာင္ရမည္” လို႔၄င္းလူမႈကြန္ရက္စာမ်က္ႏွာမွာေရးသားထားပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်