အယ်ဒီတာ့ အာဘော်

ချင်းတိုင်းရင်းသားအများအပြား ဒုတိယနိုင်ငံမှာဖြစ်စေ၊ တတိယနိုင်ငံမှာဖြစ်စေ ထွက်ကြတာဟာ အားနည်းချက်၊ အားသာချက် နှစ်ခုရှိပါတယ်။ အားနည်းချက်ကတော့ ကိုယ့်ပြည်နယ်မှာ လူနေမှုနည်းပါးသွားတာပါပဲ။ လူသားစဖြစ်လာကတည်းက ရေကြည်ရာမြက်နုရာ ပြောင်းရွေ့ကြတာ သဘောဝပါ။

ကျနော်အခု ပြောချင်တာက အားသာချက်ပါ။ ဘာလဲဆိုရင် ၂၀၁၅ ခုနှစ် ချင်းပြည်နယ် နဲ့ ကလေးကဘော်ဒေသမှာ ရေကြီး မြေပြိုမှုဖြစ်တဲ့ချိန်မှာ ပြည်ပရောက် ချင်းတိုင်းရင်းသားတွေရဲ့ အလှူငွေအများအပြားဝင်လာတယ်။ အခု မြန်မာပြည်တဝန်းလုံးဒုက္ခရောက်နေတဲ့ချိန် ချင်းပြည်နယ်မှာ စစ်ဘေးရှောင် အများအပြားရှိလာတဲ့ချိန်မှာလည်း ဒုတိယနိုင်ငံ နဲ့ တတိယနိုင်ငံမှာရှိတဲ့ ချင်းတိုင်းရင်းသားတွေ အလှူငွေတွေ အများအပြားထပ်ဝင်လာပါတယ်။

ပြည်ပရောက် ချင်းတိုင်းရင်းသားတွေထဲမှာ ချင်းပြည်နယ် မြောက်ပိုင်း ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်မြို့နယ်က လူတွေဟာ ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝမြို့နယ်ဘက်ကထက်ပိုများပါတယ်။

ကိုယ့်နယ်ကိုပြန်လှူတဲ့ချိန်မှာလည်း မြောက်ပိုင်းဘက်မှာ အလှူငွေပိုဝင်မယ့် သဘောရှိတယ်။ တောင်ပိုင်းဘက်ကနေ နိုင်ငံခြားရောက်တာ မတူပီက အများဆုံးဖြစ်မယ်။ မင်းတပ်၊ ကန်ပက်လက်၊ နဲ့ ပလက်ဝက အနည်းငယ်ပဲရှိပါတယ်။

ဒါကြောင့် ချင်းပြည်နယ်မြောက်ပိုင်းဘက်က အလှူငွေပေးတဲ့ချိန်မှာ အလှူငွေရရှိတဲ့ထဲကနေ ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၀ ရာခိုင်နှုန်းလောက်ကိုဖဲ့ပြီး တောင်ပိုင်း နဲ့ မြေပြန့်က ချင်း ညီအစ်ကိုတွေအတွက် မျှဝေပေးတာမျိုးလုပ်စေချင်တယ်။

အခုလည်း တောင်ပိုင်းဘက်ကို အလှူမပေးဘူးလို့ဆိုလိုတာမဟုတ်ဘဲနဲ့ ကျတော်တို့ အလှူပေးတဲ့ချိန်မှာ တခြားနယ်က ချင်းညီအစ်ကိုတွေအတွက် သတိရစေချင်လို့ရေးခြင်းဖြစ်ပါတယ်။

Zawgyi

အယ္ဒီတာ့ အာေဘာ္

ခ်င္းတိုင္းရင္းသားအမ်ားအျပား ဒုတိယနိုင္ငံမွာျဖစ္ေစ၊ တတိယနိုင္ငံမွာျဖစ္ေစ ထြက္ၾကတာဟာ အားနည္းခ်က္၊ အားသာခ်က္ ႏွစ္ခုရွိပါတယ္။ အားနည္းခ်က္ကေတာ့ ကိုယ့္ျပည္နယ္မွာ လူေနမႈနည္းပါးသြားတာပါပဲ။ လူသားစျဖစ္လာကတည္းက ေရၾကည္ရာျမက္ႏုရာ ေျပာင္းေရြ႕ၾကတာ သေဘာဝပါ။

က်ေနာ္အခု ေျပာခ်င္တာက အားသာခ်က္ပါ။ ဘာလဲဆိုရင္ ၂၀၁၅ ခုႏွစ္ ခ်င္းျပည္နယ္ နဲ႔ ကေလးကေဘာ္ေဒသမွာ ေရႀကီး ေျမၿပိဳမႈျဖစ္တဲ့ခ်ိန္မွာ ျပည္ပေရာက္ ခ်င္းတိုင္းရင္းသားေတြရဲ့ အလႉေငြအမ်ားအျပားဝင္လာတယ္။ အခု ျမန္မာျပည္တဝန္းလုံးဒုကၡေရာက္ေနတဲ့ခ်ိန္ ခ်င္းျပည္နယ္မွာ စစ္ေဘးေရွာင္ အမ်ားအျပားရွိလာတဲ့ခ်ိန္မွာလည္း ဒုတိယနိုင္ငံ နဲ႔ တတိယနိုင္ငံမွာရွိတဲ့ ခ်င္းတိုင္းရင္းသားေတြ အလႉေငြေတြ အမ်ားအျပားထပ္ဝင္လာပါတယ္။

ျပည္ပေရာက္ ခ်င္းတိုင္းရင္းသားေတြထဲမွာ ခ်င္းျပည္နယ္ ေျမာက္ပိုင္း ဟားခါး၊ ထန္တလန္၊ ဖလမ္း၊ တီးတိန္ၿမိဳ႕နယ္က လူေတြဟာ ခ်င္းျပည္နယ္ေတာင္ပိုင္း မတူပီ၊ မင္းတပ္၊ ကန္ပက္လက္၊ ပလက္ဝၿမိဳ႕နယ္ဘက္ကထက္ပိုမ်ားပါတယ္။

ကိုယ့္နယ္ကိုျပန္လႉတဲ့ခ်ိန္မွာလည္း ေျမာက္ပိုင္းဘက္မွာ အလႉေငြပိုဝင္မယ့္ သေဘာရွိတယ္။ ေတာင္ပိုင္းဘက္ကေန နိုင္ငံျခားေရာက္တာ မတူပီက အမ်ားဆုံးျဖစ္မယ္။ မင္းတပ္၊ ကန္ပက္လက္၊ နဲ႔ ပလက္ဝက အနည္းငယ္ပဲရွိပါတယ္။

ဒါေၾကာင့္ ခ်င္းျပည္နယ္ေျမာက္ပိုင္းဘက္က အလႉေငြေပးတဲ့ခ်ိန္မွာ အလႉေငြရရွိတဲ့ထဲကေန ၁၀ ရာခိုင္ႏႈန္း ဒါမွမဟုတ္ ၁၀ ရာခိုင္ႏႈန္းေလာက္ကိုဖဲ့ၿပီး ေတာင္ပိုင္း နဲ႔ ေျမျပန႔္က ခ်င္း ညီအစ္ကိုေတြအတြက္ မၽွေဝေပးတာမ်ိဳးလုပ္ေစခ်င္တယ္။

အခုလည္း ေတာင္ပိုင္းဘက္ကို အလႉမေပးဘူးလို႔ဆိုလိုတာမဟုတ္ဘဲနဲ႔ က်ေတာ္တို႔ အလႉေပးတဲ့ခ်ိန္မွာ တျခားနယ္က ခ်င္းညီအစ္ကိုေတြအတြက္ သတိရေစခ်င္လို႔ေရးျခင္းျဖစ္ပါတယ္။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်