အရေးပေါ်ကိစ္စများရှိမှလွဲ၍ တမူး-ကလေး လမ်းမပေါ်ဖြတ်သန်းသွားလာခြင်းမပြုဖို့ သတိပေး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ရေးတင်းမာနေတာကြောင့် ယနေ့ ဇွန် ၂၂ ရက်ကစပြီး တမူး-ကလေးကားလမ်းပိုင်းကို အရေးပေါ်ကိစ္စမှလွဲ၍ လုံးဝ(လုံးဝ)ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ PDF-Tamu တပ်ရင်း-၂ က သတိပေးစာထုတ်ပြန်လိုက်ပါတယ်။

၎င်းထုတ်ပြန်ချက်ထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များနဲ့ စစ်ကောင်စီအဖွဲ့တို့ကြား စစ်ရေးအခြေအနေတင်းမာပြီး အချိန်မရွေးထိတွေ့တိုက်ပွဲများရှိလာနိုင်တာကြောင့် တမူးခရိုင်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ဇွန် ၂၂ ရက်ကစပြီး ဒီရက်ပိုင်းအတွင်း တမူး-ကလေးကားလမ်းပိုင်းအတွင်း ကျန်းမာရေးကိစ္စများနဲ့ မဖြစ်မနေသွားလာရမယ့်အရေးပေါ်ကိစ္စများမှလွဲ၍ လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုကြရန် သတိပေးအပ်တယ်လို့ဖော်ပြထားပါတယ်။

“မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊တပ်ဖွဲ့များ စစ်ရေးအရှိန်အဟုန်မြှင့်နေသည့် ကာလဖြစ်၍ မိဘပြည်သူများအနေဖြင့် တားမြစ်ထုတ်ပြန်ချက်များကို ဂရုမစိုက်ဘဲ တိုက်ပွဲဖြစ်ပွားနေသည့်အချိန်၌ တစုံတရာထိခိုက်မှုများရှိလာခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း” လည်း အသိပေးထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ယနေ့ ဇွန် ၂၂ ရက်နေ့လည်ပိုင်းကလည်း တမူးမြို့အနီး ပန်းသာကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားလို့ ပန်းသာရွာကလူနေအိမ်တစ်လုံး မီးလောင်သွားတယ်လို့သတင်းရရှိပါတယ်။

Zawgyi

အေရးေပၚကိစၥမ်ားရွိမွလြဲ၍ တမူး-ကေလး လမ္းမေပၚျဖတ္သန္းသြားလာျခင္းမျပဳဖုိ႔ သတိေပး

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္မွာ စစ္ေရးတင္းမာေနတာေၾကာင့္ ယေန႔ ဇြန္ ၂၂ ရက္ကစၿပီး တမူး-ကေလးကားလမ္းပိုင္းကို အေရးေပၚကိစၥမွလြဲ၍ လုံးဝ(လုံးဝ)ျဖတ္သန္းသြားလာျခင္းမျပဳၾကဖို႔ PDF-Tamu တပ္ရင္း-၂ က သတိေပးစာထုတ္ျပန္လိုက္ပါတယ္။

၎ထုတ္ျပန္ခ်က္ထဲတြင္ ျပည္သူ႔ကာကြယ္ေရးတပ္ရင္းတပ္ဖြဲ႕မ်ားနဲ႔ စစ္ေကာင္စီအဖြဲ႕တို႔ၾကား စစ္ေရးအေျခအေနတင္းမာၿပီး အခ်ိန္မေ႐ြးထိေတြ႕တိုက္ပြဲမ်ားရွိလာႏိုင္တာေၾကာင့္ တမူးခ႐ိုင္အတြင္းရွိ မိဘျပည္သူမ်ားအေနျဖင့္ ဇြန္ ၂၂ ရက္ကစၿပီး ဒီရက္ပိုင္းအတြင္း တမူး-ကေလးကားလမ္းပိုင္းအတြင္း က်န္းမာေရးကိစၥမ်ားနဲ႔ မျဖစ္မေနသြားလာရမယ့္အေရးေပၚကိစၥမ်ားမွလြဲ၍ လုံးဝ(လုံးဝ) ျဖတ္သန္းသြားလာျခင္းမျပဳၾကရန္ သတိေပးအပ္တယ္လို႔ေဖာ္ျပထားပါတယ္။

“မိမိတို႔ ျပည္သူ႔ကာကြယ္ေရးတပ္ရင္း၊တပ္ဖြဲ႕မ်ား စစ္ေရးအရွိန္အဟုန္ျမႇင့္ေနသည့္ ကာလျဖစ္၍ မိဘျပည္သူမ်ားအေနျဖင့္ တားျမစ္ထုတ္ျပန္ခ်က္မ်ားကို ဂ႐ုမစိုက္ဘဲ တိုက္ပြဲျဖစ္ပြားေနသည့္အခ်ိန္၌ တစုံတရာထိခိုက္မႈမ်ားရွိလာခဲ့ပါက တာဝန္ယူမည္မဟုတ္ေၾကာင္း” လည္း အသိေပးထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။

ယေန႔ ဇြန္ ၂၂ ရက္ေန႔လည္ပိုင္းကလည္း တမူးၿမိဳ႕အနီး ပန္းသာေက်းရြာနားမွာ တုိက္ပြဲျဖစ္ပြားလို႔ ပန္းသာရြာကလူေနအိမ္တစ္လံုး မီးေလာင္သြားတယ္လုိ႔သတင္းရရွိပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်