အာဏာသိမ်းမှုကြောင့် ကြီးထွားလာနိုင်တဲ့ လိင်လုပ်သားဈေးကွက်

မောင်ချင်း
မကြာမှီ မြန်မာနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာတောမယ့် လက္ခဏာမြင်နေရတယ်။
အာဏာသိမ်းပြီး (၆)လအတွင်း အလုပ်အကိုင်ပေါင်း (၁.၂)သန်း ဆုံးရှုံးသွားတယ်။ ခန့်မှန်းခြေ အလုပ်အကိုင်ပေါင်း(၂)သန်းနီးပါး ဆုံးရှုံးမယ် လို့ ယူဆပါတယ်။

ဒီအခြေအနေက နာဂစ်အခြေအနေကို ပြန်အမှတ်ရစေတယ်။ နာဂစ်ကြောင့် မိသားစု ဘဝတွေ ပျက်ဆီးသွားခဲ့ရသလို လုပ်ငန်းတွေပါ ဆုံးရှုံးကုန်တာကြောင့် အမျိုးသမီးငယ်တွေ ပြည့်တန်ဆာလောကထဲကို ရောက်ရှိသွားကြတယ်။

၂၀၀၃ ခုနှစ်လောက်တုန်းက ပိက်ဆို့မှု‌တွေကြောင့်လည်း အလုပ်လက်မဲ့ဖြစ်ပွားကာ ပြည့်တန်ဆာလောကထဲ ရောက်သွားတဲ့ အထည်ချုပ်အမျိုးသမီးငယ်တွေ မနည်းပါ။

ဒီဖြစ်ရပ် နှစ်ခုအရ လက်ရှိ မြန်မာနိုင်ငံရဲ့ Covid-19 အခြေအနေနဲ့ မကြာမှီ ကျရောက်မယ့် အငတ်ဘေးအရ ပြည့်တန်ဆာခေတ် ခေါင်းထလာမှာ သေချာသလောက်ပါ။ အောက်စီဂျင်အိုးတလုံးရဖို့အတွက် ဘာလုပ်ရ လုပ်ရဆိုပြီး ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ပြည့်တန်ဆာလိုင်း ပိုအားကောင်းလာဖို့ ရှိနေတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ ပြည့်တန်ဆာ လုပ်ငန်းဟာ ခေတ်တချိုးပြောင်းသွားပါပြီ။ အရင်တုန်းကလို အနှိပ်ခန်း၊ကလပ်တွေ အပြင် မြို့ပြကြီးတချို့မှာ မိုတယ်နဲ့ တွဲဖွင့်တဲ့ လုပ်ငန်းမဟုတ်တော့ဖူး။ ၂၀၁၉ ခုနှစ်ကနေ စတင်ပြီး အွန်လိုင်းရေစီးကြောင်းမှာ ပြည့်တန်ဆာလုပ်ငန်းဟာ အတော်ကို အောင်မြင်လာခဲ့တယ်။ အထူးသဖြင့် နည်းပညာအရသော်လည်းကောင်း၊ အင်တာနတ်စနစ်အရ ငွေကြေးရှာဖွေနိုင်စွမ်းက ပိုအားကောင်းလာတယ်။ မှတ်သားမိသလောက် အွန်လိုင်းလောကကို လမ်းဖောက်သူ အထင်ကရ အမျိုးသမီးတွေ ရှိပါတယ်။

နောက်ပိုင်း ငွေကြေးရှာဖွေတဲ့ အမျိုးသမီးတွေဟာ ဒီလမ်းစဉ်ကို စနစ်တကျ လိုက်လာကြတာတွေ့ရတယ်။ အန္တရယ်ကင်း‌တယ်။ေ ငွသား လိုအပ်သလောက် တောင်းလို့ရတယ်။ လူမိုက်တွေကို ဆပ်သနေစရာမလိုဘူး။ အခန်းကျဉ်းလေးထဲ မဟုတ်ပဲ ကိုယ်ပိုင်တိုက်ခန်းနဲ့ အချိန်မရွှေးလုပ်နိုင်တယ်။ အရင်က ဖောက်သည်က ရွှေးချယ်တဲ့ ခေတ်ကနေ လက်ရှိမှာတော့ လိင်လုပ်သားတွေကိုယ်တိုင်က ဖောက်သည်ရွှေးချယ်လို့ ရတဲ့ ခေတ် ဖြစ်သွားတယ်။ နောက်မှ အွန်လိုင်းပြည့်တန်ဆာလောကသမိုင်းအကြောင်း ရေးပါအုန်းမယ်။

အခု အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အများစုသည် အမျိုးသမီးငယ်လေးတွေပါ။ သူတို့ဟာ ကျေးလက်ဒေသတွေကနေတဆင့် ရန်ကုန်လို မြို့ပြတွေမှာ နေရပ်စွန့်ခွာ အလုပ်လုပ်ကြသူတွေ ဖြစ်ပါတယ်။ တစ်နှစ်ကို အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁)သိန်းသာ ဖန်တီးနိုင်တဲ့ အခြေအနေအရ အမျိုးသမီးငယ် သန်းပေါင်းများစွာအတွက် အလုပ်လိုအပ်ချက်ကြီးလာတယ်။ ဒါတောင် မဖြေရှင်းနိုင်သေးခင် အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတယ်။ အရေးကြီးဆုံးအချက်က အမျိုးသမီးငယ်လေးများ၏ လုပ်ခလစာသည် ၎င်းနောက်က မိသားစုစားဝတ်နေရေးကို ထောက်ပံပေးနေရတာပဲ ဖြစ်တယ်။

မှတ်သားမိသလောက် အထည်ချုပ်စက်ရုံက အမျိုးသမီးငယ်သည် သူတစ်လ လုပ်အားခမှာ ကျပ် တစ်သိန်းခွဲရရှိလျှင် ကျပ်(၁)သိန်းကို ကျေးလက်က မိသားစုကို ထောက်ပံပါတယ်။
ကျပ် ငါးသောင်းဝန်းကျင်လောက်နဲ့ ရန်ကုန်မှာ ရုန်းကန်နေတဲ့ အမျိုးသမီးငယ်လေးတွေ သိန်းနဲ့ ချီရှိပါတယ်။ ဒါကြောင့်လည်း တင်တောင်းကြေးသိန်း(၅၀)ရရင် တရုတ်ပေါက်ဖော်တွေနဲ့ ယူခွင့်ပြုကြတဲ့ မိသားစုဘဝတွေ တွေ့နေရတာပါ။

အခု အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်ပေါင်း(၂)သန်းလောက် ဆုံးရှုံးသွားချိန်မှာ နေရာအများစုသည် အမျိုးသမီးငယ်လေးတွေရဲ့ အလုပ်အကိုင်တွေ ဖြစ်ပါတယ်။ တလောက သတင်းတွေအရ အထည်ချုပ်စက်ရုံတွေ ပိက်သိမ်းဖို့ ပြင်နေတာ တွေ့ရတယ်။ အထည်ချုပ်ကဏ္ဍမှာ အလုပ်အကိုင်ပေါင်း(၅)သိန်းခန့် ပေးထားပြီး ဆက်စပ်အလုပ်အကိုင်ပေါင်း(၁.၅)သန်း ဖန်တီးပေးထားတာပါ။ အထည်ချုပ် အလုပ်အကိုင်ပေါင်း(၅)သိန်းကျော်မှာ (၈၀)ရာခိုင်နှုန်းသည် အမျိုးသမီးတွေ လုပ်ကိုင်နေကြတာပါ။ သူတို့အလုပ်အကိုင်နစ်နာဆုံးရှုံးမှုသည် ပိုကြီးထွားလာနေတာ သတိပြုစရာပါ။ ထိုအချက်ကို အခုချိန်ထိ အာဏာသိမ်းတဲ့ ကောင်တွေ သဘောမပေါက်သေး။

ဒီအပြင် UN အဆိုအရ နိုင်ငံလူဦးရေ(၂၅)သန်းလောက်သည် ဆင်းရဲမှု မျဉ်းအောက်ရောက်သွားပြီး သန်းချီ အငတ်ဘေးကြုံနိုင်တယ် လို့ ပြောထားတယ်။ ဒီရက်ပိုင်းအတွင်း Covid-19 ကြောင့် အောက်စီဂျင်လိုအပ်ချက် မြင့်တာ တွေ့ရပြီး သေဆုံးမှု များပါတယ်။ အဆိုးဆုံးက အောက်စီဂျင် တစ်အိုးကို ကျပ်(၈)သိန်းကျော်အထိ ပေးနေရတာ ရှိသလို တချို့နေရာမှာ ငွေထုပ်ပိုက်ရှာတောင် မရတာ တွေ့ရတယ်။ေ ငွရှိရင်တောင် ခက်နေတဲ့ ဒီကာလမှာ မြန်မာနိုင်ငံမှာ လူအများစုသည် အခြေခံလူတန်းစားများသည်။

တစ်လ လုပ်အားခ ၁သိန်းခွဲလောက်နှင့် ရပ်တည်နေရသည့် မြန်မာနိုင်ငံတွင် အသက်ရှင်ရေး၊စားဝတ်နေရေးအတွက် အခက်ကြုံလာရသည်။ အလုပ်အကိုင်ဆုံးရှုံးမှုပါ ကြီးထွားလာနေသည့်အတွက် အမျိုးသမီးငယ် အများစုကို ပြည့်တန်ဆာလောကကို သွက်သွင်းနေသည့် အခြေအနေကို ကြုံလာရသည်။

ဖြစ်နိုင်သည့် အချက်များမှာ
အွန်လိုင်း အင်တာနက်မှ ပြည့်တန်ဆာလောကကို ဆင်းသက်ရ လွယ်ကူလာခြင်း၊
ပြည့်တန်ဆာလိုင်းသွင်းရန်အတွက် ဆွဲဆောင်နေသည့် လူများပြားခြင်း၊
မြန်မာနယ်စပ်များတွင် လောင်းကစား‌လုပ်ငန်းကြီးထွားလာမှု နှင့် အတူ ပြည့်တန်ဆာလိုအပ်ချက် မြင့်လာခြင်း၊
ဆင်းရဲငတ်ပြတ်မှု ပြသာနာကြီးထွားလာခြင်း၊အလုပ်လက်မဲ့ များပြားလာခြင်းနှင့် စားဝတ်နေရေး အသုံးစာရိက်ကြီးလာခြင်း၊
အခြေခံကျသည့် ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ငွေကြေးလိုအပ်ချက် မြင့်လာခြင်းတို့ကြောင့် ဖြစ်သည်။

ပည့်တန်ဆာလုပ်ငန်းကြီးထွားလာနေသည်မှာ ၂၀၂၀ ခုနှစ်ကတည်းကပင် ဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးမှု၊ငွေကြေးရှားပါးမှု၊ရောဂါအခြေအနေတို့ကြောင့် ဝင်ငွေရလမ်း လျော့ကျလာနေရာ ပြည့်တန်ဆာလုပ်ငန်း အရှိန်အဟုန်နှင့် မြင့်တက်လာရန် တွေ့နေရတယ်။ ခန့်မှန်းခြေအရ ယခုနှစ်အတွင်း ပြည့်တန်ဆာလုပ်ငန်းထဲသို့ အနည်းဆုံး အမျိုးသမီး သောင်းကဏန်း ဝင်ရောက်သွားနိုင်သည်။ တခြား လိင်လုပ်ငန်းများပါ ပေါင်းစပ်ပါက သိန်းကဏန်းထိပင် ရောက်နိုင်သည်။ ထက်ဝက်ခန့်သည် တရုတ်၊လာအို၊ထိုင်းနိုင်ငံတို့ထံ ရောက်ရှိသွားကြမည် ဟု ယူဆရသည်။ြ ပည်တွင်းမှာလည်း ပြည့်တန်ဆာလုပ်ငန်းဆက်ကြီးထွားလာမည့် သဘောရှိနေပါတယ်။ အခြေခံကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပျက်စီးနေပြီ ဖြစ်တဲ့ အတွက် လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါ များလည်း တိုးပွားလာနိုင်တယ်။ အထူးသဖြင့် AIDS ကဲ့သို့ ရောဂါများ တိုးပွားလာနိုင်တယ်။

မြန်မာနိုင်ငံဟာ ထိုင်း၊စင်္ကာပူ၊‌တောင်ကိုရီးယား ဂျပန်တို့လို ပြည့်တန်ဆာလုပ်ငန်းဥပဒေတွေ မရှိ‌တဲ့အတွက် လိင်လုပ်သားအများစုမှာ ကျန်းမာရေး စောင့်ရှောက်မှု မခံကြရပါဘူး။ ၎င်းတို့ကနေတဆင့် ရောဂါမကူးစက်ဖို့ ကာကွယ်ရမယ့်အစား ဥပဒေနဲ့ ဖမ်းဆီးထိန်းချုပ်မှုကြောင့် တရားမဝင်လိင်လုပ်ငန်းတွေကနေ ရောဂါပြန့်နှံမှု တိုးပွားလာမည်သာ။ြ ဖစ်နိုင်ချေအရှိဆုံးကာ Covid-19 ကဲ့သို့ပင် မြန်မာနိုင်ငံကလည်း AIDS ရောဂါကူးစက်နိုင်ခြေမြင့်တက်လာနိုင်တယ်။ ဒါကို နိုင်ငံတကာက ကျန်းမာရေး INGO တွေ သတိပြုမိစေချင်တယ်။

ရောဂါကူးစက်မှု၊အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ပြည့်တန်ဆာလုပ်ငန်းကို ထိန်းချုပ်ဖို့က မလွယ်ကူလှ။မြန်မာဉပဒေအများစုသည် ကာကွယ်ပေးရမယ့်အစား ဖမ်းဆီးတာများတာမို့ မလိုအပ်တဲ့ ရောဂါထူပြောခြင်းကို ရမယ့် အခြေအနေပါ။ အရင်အစိုးရလက်ထက်တုန်းက ပြည့်တန်ဆာဉပဒေကို ထုတ်ဖို့ လုပ်ဆောင်ခဲ့ဖူးပေမယ့် မျိုးချစ်တစ်သိုက် ကန့်ကွက်မှုကြောင့် အလုပ်မဖြစ်ခဲ့ဘူး။

မြန်မာသည် ပြည့်တန်ဆာလုပ်ငန်းကို ရှက်စရာ၊ဂုဏ်သိက္ခာကျစရာ ရှုမြင့်နေကြပေမယ့် ထိုင်းနိုင်ငံက လိင်လုပ်ငန်းနေရာအများစုမှာ မြန်မာတွေ လုပ်ကိုင်နေကြတာ။ ရှက်စရာဟု မြင်ကြသည့်အတွက် မလိုအပ်ပဲ ရောဂါထူပြောခြင်းကို ခံစားနေရတာ။ ဆိုတော့ ယခုနှစ်အတွင်း လိင်လုပ်သားဦးရေများလာနိုင်သည်။ မြန်မာနိုင်ငံမှာ စနစ်တကျနဲ့ လိင်လုပ်သားဦးရေကို မှတ်တမ်းတင်တာ မရှိတာမို့ ဒီလုပ်ငန်းမှာ ဘယ်လောက်ထိ လုပ်နေကြတယ် ဆိုတာ မသိနိုင်ဘူး။

အခုက လိင်ခန်းတွေထဲတင်မက ဖုန်း၊အင်တာနတ်၊အချိက်အဆက်တွေကနေတဆင့် ကိုယ်တိုင် လုပ်ကိုင်နေကြတာ တွေ့ရတယ်။ ထို့အတူ ကာမဘီလူးတွေကလည်း လိင်လုပ်ငန်းထဲ ဆွဲခေါ်သွင်းဖို့ ပြင်နေကြလောက်ပြီ။ ဒီကိစ္စကို UN ကော ILO, WHO တို့အပြင် NUG အစိုးရလည်း သိရှိထားသင့်တယ် ထင်တယ်။

လက်ရှိအခြေအနေကို အမြန်မပြီးနိုင်ရင် လိင်လုပ်သားအဖြစ် ပြောင်းလဲသွားကြမယ့် အမျိုးသမီးငယ်ဦးရေ ပိုပို တိုးလာနိုင်တယ် ဆိုတာ သိစေချင်တယ်။

(Zawgyi)
အာဏာသိမ္းမႈေၾကာင့္ ႀကီးထြားလာႏိုင္တဲ့ လိင္လုပ္သားေဈးကြက္

ေမာင္ခ်င္း


မၾကာမွီ ျမန္မာႏိုင္ငံမွာ ျပည့္တန္ဆာလုပ္ငန္း ႀကီးထြားလာေတာမယ့္ လကၡဏာျမင္ေနရတယ္။
အာဏာသိမ္းၿပီး (၆)လအတြင္း အလုပ္အကိုင္ေပါင္း (၁.၂)သန္း ဆုံးရႈံးသြားတယ္။ ခန႔္မွန္းေျခ အလုပ္အကိုင္ေပါင္း(၂)သန္းနီးပါး ဆုံးရႈံးမယ္ လို႔ ယူဆပါတယ္။

ဒီအေျခအေနက နာဂစ္အေျခအေနကို ျပန္အမွတ္ရေစတယ္။ နာဂစ္ေၾကာင့္ မိသားစု ဘဝေတြ ပ်က္ဆီးသြားခဲ့ရသလို လုပ္ငန္းေတြပါ ဆုံးရႈံးကုန္တာေၾကာင့္ အမ်ိဳးသမီးငယ္ေတြ ျပည့္တန္ဆာေလာကထဲကို ေရာက္ရွိသြားၾကတယ္။

၂၀၀၃ ခုႏွစ္ေလာက္တုန္းက ပိက္ဆို႔မႈ‌ေတြေၾကာင့္လည္း အလုပ္လက္မဲ့ျဖစ္ပြားကာ ျပည့္တန္ဆာေလာကထဲ ေရာက္သြားတဲ့ အထည္ခ်ဳပ္အမ်ိဳးသမီးငယ္ေတြ မနည္းပါ။

ဒီျဖစ္ရပ္ ႏွစ္ခုအရ လက္ရွိ ျမန္မာႏိုင္ငံရဲ႕ Covid-19 အေျခအေနနဲ႔ မၾကာမွီ က်ေရာက္မယ့္ အငတ္ေဘးအရ ျပည့္တန္ဆာေခတ္ ေခါင္းထလာမွာ ေသခ်ာသေလာက္ပါ။ ေအာက္စီဂ်င္အိုးတလုံးရဖို႔အတြက္ ဘာလုပ္ရ လုပ္ရဆိုၿပီး ျဖစ္ပြားေနတဲ့ အေျခအေနေတြေၾကာင့္ ျပည့္တန္ဆာလိုင္း ပိုအားေကာင္းလာဖို႔ ရွိေနတယ္။

တကယ္ေတာ့ ျမန္မာႏိုင္ငံရဲ႕ ျပည့္တန္ဆာ လုပ္ငန္းဟာ ေခတ္တခ်ိဳးေျပာင္းသြားပါၿပီ။ အရင္တုန္းကလို အႏွိပ္ခန္း၊ကလပ္ေတြ အျပင္ ၿမိဳ႕ျပႀကီးတခ်ိဳ႕မွာ မိုတယ္နဲ႔ တြဲဖြင့္တဲ့ လုပ္ငန္းမဟုတ္ေတာ့ဖူး။ ၂၀၁၉ ခုႏွစ္ကေန စတင္ၿပီး အြန္လိုင္းေရစီးေၾကာင္းမွာ ျပည့္တန္ဆာလုပ္ငန္းဟာ အေတာ္ကို ေအာင္ျမင္လာခဲ့တယ္။ အထူးသျဖင့္ နည္းပညာအရေသာ္လည္းေကာင္း၊ အင္တာနတ္စနစ္အရ ေငြေၾကးရွာေဖြႏိုင္စြမ္းက ပိုအားေကာင္းလာတယ္။ မွတ္သားမိသေလာက္ အြန္လိုင္းေလာကကို လမ္းေဖာက္သူ အထင္ကရ အမ်ိဳးသမီးေတြ ရွိပါတယ္။

ေနာက္ပိုင္း ေငြေၾကးရွာေဖြတဲ့ အမ်ိဳးသမီးေတြဟာ ဒီလမ္းစဥ္ကို စနစ္တက် လိုက္လာၾကတာေတြ႕ရတယ္။ အႏၲရယ္ကင္း‌တယ္။ေ ငြသား လိုအပ္သေလာက္ ေတာင္းလို႔ရတယ္။ လူမိုက္ေတြကို ဆပ္သေနစရာမလိုဘူး။ အခန္းက်ဥ္းေလးထဲ မဟုတ္ပဲ ကိုယ္ပိုင္တိုက္ခန္းနဲ႔ အခ်ိန္မေ႐ႊးလုပ္ႏိုင္တယ္။ အရင္က ေဖာက္သည္က ေ႐ႊးခ်ယ္တဲ့ ေခတ္ကေန လက္ရွိမွာေတာ့ လိင္လုပ္သားေတြကိုယ္တိုင္က ေဖာက္သည္ေ႐ႊးခ်ယ္လို႔ ရတဲ့ ေခတ္ ျဖစ္သြားတယ္။ ေနာက္မွ အြန္လိုင္းျပည့္တန္ဆာေလာကသမိုင္းအေၾကာင္း ေရးပါအုန္းမယ္။

အခု အလုပ္လက္မဲ့ ျဖစ္သြားတဲ့ အမ်ားစုသည္ အမ်ိဳးသမီးငယ္ေလးေတြပါ။ သူတို႔ဟာ ေက်းလက္ေဒသေတြကေနတဆင့္ ရန္ကုန္လို ၿမိဳ႕ျပေတြမွာ ေနရပ္စြန႔္ခြာ အလုပ္လုပ္ၾကသူေတြ ျဖစ္ပါတယ္။ တစ္ႏွစ္ကို အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၁)သိန္းသာ ဖန္တီးႏိုင္တဲ့ အေျခအေနအရ အမ်ိဳးသမီးငယ္ သန္းေပါင္းမ်ားစြာအတြက္ အလုပ္လိုအပ္ခ်က္ႀကီးလာတယ္။ ဒါေတာင္ မေျဖရွင္းႏိုင္ေသးခင္ အာဏာသိမ္းမႈေၾကာင့္ အလုပ္လက္မဲ့ ျဖစ္သြားတယ္။ အေရးႀကီးဆုံးအခ်က္က အမ်ိဳးသမီးငယ္ေလးမ်ား၏ လုပ္ခလစာသည္ ၎ေနာက္က မိသားစုစားဝတ္ေနေရးကို ေထာက္ပံေပးေနရတာပဲ ျဖစ္တယ္။

မွတ္သားမိသေလာက္ အထည္ခ်ဳပ္စက္႐ုံက အမ်ိဳးသမီးငယ္သည္ သူတစ္လ လုပ္အားခမွာ က်ပ္ တစ္သိန္းခြဲရရွိလွ်င္ က်ပ္(၁)သိန္းကို ေက်းလက္က မိသားစုကို ေထာက္ပံပါတယ္။
က်ပ္ ငါးေသာင္းဝန္းက်င္ေလာက္နဲ႔ ရန္ကုန္မွာ ႐ုန္းကန္ေနတဲ့ အမ်ိဳးသမီးငယ္ေလးေတြ သိန္းနဲ႔ ခ်ီရွိပါတယ္။ ဒါေၾကာင့္လည္း တင္ေတာင္းေၾကးသိန္း(၅၀)ရရင္ တ႐ုတ္ေပါက္ေဖာ္ေတြနဲ႔ ယူခြင့္ျပဳၾကတဲ့ မိသားစုဘဝေတြ ေတြ႕ေနရတာပါ။

အခု အာဏာသိမ္းမႈေၾကာင့္ အလုပ္အကိုင္ေပါင္း(၂)သန္းေလာက္ ဆုံးရႈံးသြားခ်ိန္မွာ ေနရာအမ်ားစုသည္ အမ်ိဳးသမီးငယ္ေလးေတြရဲ႕ အလုပ္အကိုင္ေတြ ျဖစ္ပါတယ္။ တေလာက သတင္းေတြအရ အထည္ခ်ဳပ္စက္႐ုံေတြ ပိက္သိမ္းဖို႔ ျပင္ေနတာ ေတြ႕ရတယ္။ အထည္ခ်ဳပ္က႑မွာ အလုပ္အကိုင္ေပါင္း(၅)သိန္းခန႔္ ေပးထားၿပီး ဆက္စပ္အလုပ္အကိုင္ေပါင္း(၁.၅)သန္း ဖန္တီးေပးထားတာပါ။ အထည္ခ်ဳပ္ အလုပ္အကိုင္ေပါင္း(၅)သိန္းေက်ာ္မွာ (၈၀)ရာခိုင္ႏႈန္းသည္ အမ်ိဳးသမီးေတြ လုပ္ကိုင္ေနၾကတာပါ။ သူတို႔အလုပ္အကိုင္နစ္နာဆုံးရႈံးမႈသည္ ပိုႀကီးထြားလာေနတာ သတိျပဳစရာပါ။ ထိုအခ်က္ကို အခုခ်ိန္ထိ အာဏာသိမ္းတဲ့ ေကာင္ေတြ သေဘာမေပါက္ေသး။

ဒီအျပင္ UN အဆိုအရ ႏိုင္ငံလူဦးေရ(၂၅)သန္းေလာက္သည္ ဆင္းရဲမႈ မ်ဥ္းေအာက္ေရာက္သြားၿပီး သန္းခ်ီ အငတ္ေဘးႀကဳံႏိုင္တယ္ လို႔ ေျပာထားတယ္။ ဒီရက္ပိုင္းအတြင္း Covid-19 ေၾကာင့္ ေအာက္စီဂ်င္လိုအပ္ခ်က္ ျမင့္တာ ေတြ႕ရၿပီး ေသဆုံးမႈ မ်ားပါတယ္။ အဆိုးဆုံးက ေအာက္စီဂ်င္ တစ္အိုးကို က်ပ္(၈)သိန္းေက်ာ္အထိ ေပးေနရတာ ရွိသလို တခ်ိဳ႕ေနရာမွာ ေငြထုပ္ပိုက္ရွာေတာင္ မရတာ ေတြ႕ရတယ္။ေ ငြရွိရင္ေတာင္ ခက္ေနတဲ့ ဒီကာလမွာ ျမန္မာႏိုင္ငံမွာ လူအမ်ားစုသည္ အေျခခံလူတန္းစားမ်ားသည္။

တစ္လ လုပ္အားခ ၁သိန္းခြဲေလာက္ႏွင့္ ရပ္တည္ေနရသည့္ ျမန္မာႏိုင္ငံတြင္ အသက္ရွင္ေရး၊စားဝတ္ေနေရးအတြက္ အခက္ႀကဳံလာရသည္။ အလုပ္အကိုင္ဆုံးရႈံးမႈပါ ႀကီးထြားလာေနသည္႔အတြက္ အမ်ိဳးသမီးငယ္ အမ်ားစုကို ျပည္႔တန္ဆာေလာကကို သြက္သြင္းေနသည့္ အေျခအေနကို ႀကဳံလာရသည္။

ျဖစ္ႏိုင္သည့္ အခ်က္မ်ားမွာ
အြန္လိုင္း အင္တာနက္မွ ျပည့္တန္ဆာေလာကကို ဆင္းသက္ရ လြယ္ကူလာျခင္း၊
ျပည့္တန္ဆာလိုင္းသြင္းရန္အတြက္ ဆြဲေဆာင္ေနသည့္ လူမ်ားျပားျခင္း၊
ျမန္မာနယ္စပ္မ်ားတြင္ ေလာင္းကစား‌လုပ္ငန္းႀကီးထြားလာမႈ ႏွင့္ အတူ ျပည့္တန္ဆာလိုအပ္ခ်က္ ျမင့္လာျခင္း၊
ဆင္းရဲငတ္ျပတ္မႈ ျပသာနာႀကီးထြားလာျခင္း၊အလုပ္လက္မဲ့ မ်ားျပားလာျခင္းႏွင့္ စားဝတ္ေနေရး အသုံးစာရိက္ႀကီးလာျခင္း၊
အေျခခံက်သည့္ က်န္းမာေရးေစာင့္ေရွာက္မႈအေပၚ ေငြေၾကးလိုအပ္ခ်က္ ျမင့္လာျခင္းတို႔ေၾကာင့္ ျဖစ္သည္။

ပည့္တန္ဆာလုပ္ငန္းႀကီးထြားလာေနသည္မွာ ၂၀၂၀ ခုႏွစ္ကတည္းကပင္ ျဖစ္သည္။ အာဏာသိမ္းၿပီးေနာက္ပိုင္း အလုပ္အကိုင္ရွားပါးမႈ၊ေငြေၾကးရွားပါးမႈ၊ေရာဂါအေျခအေနတို႔ေၾကာင့္ ဝင္ေငြရလမ္း ေလ်ာ့က်လာေနရာ ျပည့္တန္ဆာလုပ္ငန္း အရွိန္အဟုန္ႏွင့္ ျမင့္တက္လာရန္ ေတြ႕ေနရတယ္။ ခန႔္မွန္းေျခအရ ယခုႏွစ္အတြင္း ျပည့္တန္ဆာလုပ္ငန္းထဲသို႔ အနည္းဆုံး အမ်ိဳးသမီး ေသာင္းကဏန္း ဝင္ေရာက္သြားႏိုင္သည္။ တျခား လိင္လုပ္ငန္းမ်ားပါ ေပါင္းစပ္ပါက သိန္းကဏန္းထိပင္ ေရာက္ႏိုင္သည္။ ထက္ဝက္ခန႔္သည္ တ႐ုတ္၊လာအို၊ထိုင္းႏိုင္ငံတို႔ထံ ေရာက္ရွိသြားၾကမည္ ဟု ယူဆရသည္။ျ ပည္တြင္းမွာလည္း ျပည့္တန္ဆာလုပ္ငန္းဆက္ႀကီးထြားလာမည္႔ သေဘာရွိေနပါတယ္။ အေျခခံက်တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ ပ်က္စီးေနၿပီ ျဖစ္တဲ့ အတြက္ လိင္ကေနတဆင့္ ကူးစက္တဲ့ ေရာဂါ မ်ားလည္း တိုးပြားလာႏိုင္တယ္။ အထူးသျဖင့္ AIDS ကဲ့သို႔ ေရာဂါမ်ား တိုးပြားလာႏိုင္တယ္။

ျမန္မာႏိုင္ငံဟာ ထိုင္း၊စကၤာပူ၊‌ေတာင္ကိုရီးယား ဂ်ပန္တို႔လို ျပည့္တန္ဆာလုပ္ငန္းဥပေဒေတြ မရွိ‌တဲ့အတြက္ လိင္လုပ္သားအမ်ားစုမွာ က်န္းမာေရး ေစာင့္ေရွာက္မႈ မခံၾကရပါဘူး။ ၎တို႔ကေနတဆင့္ ေရာဂါမကူးစက္ဖို႔ ကာကြယ္ရမယ့္အစား ဥပေဒနဲ႔ ဖမ္းဆီးထိန္းခ်ဳပ္မႈေၾကာင့္ တရားမဝင္လိင္လုပ္ငန္းေတြကေန ေရာဂါျပန႔္ႏွံမႈ တိုးပြားလာမည္သာ။ျ ဖစ္ႏိုင္ေခ်အရွိဆုံးကာ Covid-19 ကဲ့သို႔ပင္ ျမန္မာႏိုင္ငံကလည္း AIDS ေရာဂါကူးစက္ႏိုင္ေျချမင့္တက္လာႏိုင္တယ္။ ဒါကို ႏိုင္ငံတကာက က်န္းမာေရး INGO ေတြ သတိျပဳမိေစခ်င္တယ္။

ေရာဂါကူးစက္မႈ၊အလုပ္အကိုင္ရွားပါးမႈတို႔ေၾကာင့္ ျဖစ္ေပၚလာႏိုင္ေျခရွိတဲ့ ျပည့္တန္ဆာလုပ္ငန္းကို ထိန္းခ်ဳပ္ဖို႔က မလြယ္ကူလွ။ျမန္မာဉပေဒအမ်ားစုသည္ ကာကြယ္ေပးရမယ့္အစား ဖမ္းဆီးတာမ်ားတာမို႔ မလိုအပ္တဲ့ ေရာဂါထူေျပာျခင္းကို ရမယ့္ အေျခအေနပါ။ အရင္အစိုးရလက္ထက္တုန္းက ျပည့္တန္ဆာဉပေဒကို ထုတ္ဖို႔ လုပ္ေဆာင္ခဲ့ဖူးေပမယ့္ မ်ိဳးခ်စ္တစ္သိုက္ ကန႔္ကြက္မႈေၾကာင့္ အလုပ္မျဖစ္ခဲ့ဘူး။

ျမန္မာသည္ ျပည္႔တန္ဆာလုပ္ငန္းကို ရွက္စရာ၊ဂုဏ္သိကၡာက်စရာ ရႈျမင့္ေနၾကေပမယ့္ ထိုင္းႏိုင္ငံက လိင္လုပ္ငန္းေနရာအမ်ားစုမွာ ျမန္မာေတြ လုပ္ကိုင္ေနၾကတာ။ ရွက္စရာဟု ျမင္ၾကသည့္အတြက္ မလိုအပ္ပဲ ေရာဂါထူေျပာျခင္းကို ခံစားေနရတာ။ ဆိုေတာ့ ယခုႏွစ္အတြင္း လိင္လုပ္သားဦးေရမ်ားလာႏိုင္သည္။ ျမန္မာႏိုင္ငံမွာ စနစ္တက်နဲ႔ လိင္လုပ္သားဦးေရကို မွတ္တမ္းတင္တာ မရွိတာမို႔ ဒီလုပ္ငန္းမွာ ဘယ္ေလာက္ထိ လုပ္ေနၾကတယ္ ဆိုတာ မသိႏိုင္ဘူး။

အခုက လိင္ခန္းေတြထဲတင္မက ဖုန္း၊အင္တာနတ္၊အခ်ိက္အဆက္ေတြကေနတဆင့္ ကိုယ္တိုင္ လုပ္ကိုင္ေနၾကတာ ေတြ႕ရတယ္။ ထို႔အတူ ကာမဘီလူးေတြကလည္း လိင္လုပ္ငန္းထဲ ဆြဲေခၚသြင္းဖို႔ ျပင္ေနၾကေလာက္ၿပီ။ ဒီကိစၥကို UN ေကာ ILO, WHO တို႔အျပင္ NUG အစိုးရလည္း သိရွိထားသင့္တယ္ ထင္တယ္။

လက္ရွိအေျခအေနကို အျမန္မၿပီးႏိုင္ရင္ လိင္လုပ္သားအျဖစ္ ေျပာင္းလဲသြားၾကမယ့္ အမ်ိဳးသမီးငယ္ဦးေရ ပိုပို တိုးလာႏိုင္တယ္ ဆိုတာ သိေစခ်င္တယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်