အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါ်သာရ်ရွာမှာ မြန်မာစစ်ဘေးရှောင်အတွက်အခမဲ့ဆေးကုသခန်းဖွင့်လှစ်

မီဇိုရမ်ပြည်နယ် ဇိုခေါ်သာရ်ရွာမှာ မြန်မာစစ်ဘေးရှောင်ပြည်သူတွေ အခမဲ့ဆေးကုသနိုင်ဖို့ Myanmar Refugee Clinic ကို မေ ၁၈ ရက် ညနေပိုင်းတွင် မီဇိုရမ်ပြည်နယ် ပို့ဆောင်ရေးနှင့်သစ်တော်ဝန်ကြီး PuTJ.Lalnuntluanga ကဖဲကြိုးဖြတ်ဖွင့်လှစ်ကြောင်းသတင်းရရှိပါတယ်။

ဆေးခန်းကို တနင်္လာနေ့ကနေ သောကြာနေ့အထိအချိန်ပိုင်းဖွင့်လှစ်မှာဖြစ်ပြီး CDM ပြုလုပ်တဲ့ ဆရာဝန်တစ်ဦးနဲ့ သူနာပြုတွေက ကြည့်ရှုကုသပေးမှာဖြစ်ပါတယ်။

ဆေးခန်းအတွက် လိုအပ်ချက်တွေကို အမေရိကန်ရောက် ချင်းအရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ICA၊ ဘာသာရေးအဖွဲ့အစည်းဖြစ်တဲ့ CBANA နဲ့ မီဇိုရမ်ပြည်နယ်က မီဇိုကျောင်းသားများသမဂ္ဂ၊ Myanmar Refugee Relief Committee, Mizoram တို့က တာဝန်ယူထားပါတယ်။

အဲ့ဒီဆေးခန်းတွင် မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပေးတဲ့ ဒုက္ခသည်ကဒ်ပြားကိုင်ဆောင်သူအားလုံးကို အခမဲ့ဆေးကုသမှာဖြစ်ပြီး ရွာထဲက နွမ်းပါးတဲ့လူနာတွေကို ၅၀ ရာခိုင်နှုန်းသာ ဆေးဝါးခကောက်ခံမယ်လို့သိရတယ်။

ဆေးခန်းမှာတာဝန်ထမ်းဆောင်တဲ့ ဆရာဝန်နဲ့ သူနာပြုတွေဟာ ဗုဒ္ဓဟူးနေ့တိုင်း ကျန်ဖိုင်မြို့နားက မြန်မာစစ်ဘေးရှောင်စခန်းမှာ အခမဲ့ ဆေးဝါးကုသပေးမယ်လို့လည်းသိရတယ်။

ဇိုခေါ်သာရ်ရွာဟာ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တဖက်ကမ်းမှာရှိတဲ့ ရွာလေးတစ်ရွာဖြစ်ပြီး အဲ့ဒီရွာမှာ မြန်မာစစ်ဘေးရှောင် မိသားစု ၇၀၀ ကျော် လူဦးရေ ၃၈၀၀ ကျော်နေထိုင်လျက်ရှိပါတယ်။

Zawgyi

အိႏၵိယ-ျမန္မာနယ္စပ္ ဇိုေခၚသာရ္႐ြာမွာ ျမန္မာစစ္ေဘးေရွာင္အတြက္အခမဲ့ေဆးကုသခန္းဖြင့္လွစ္

မီဇိုရမ္ျပည္နယ္ ဇိုေခၚသာရ္႐ြာမွာ ျမန္မာစစ္ေဘးေရွာင္ျပည္သူေတြ အခမဲ့ေဆးကုသႏိုင္ဖို႔ Myanmar Refugee Clinic ကို ေမ ၁၈ ရက္ ညေနပိုင္းတြင္ မီဇိုရမ္ျပည္နယ္ ပို႔ေဆာင္ေရးႏွင့္သစ္ေတာ္ဝန္ႀကီး PuTJ.Lalnuntluanga ကဖဲႀကိဳးျဖတ္ဖြင့္လွစ္ေၾကာင္းသတင္းရရွိပါတယ္။

ေဆးခန္းကို တနလၤာေန႔ကေန ေသာၾကာေန႔အထိအခ်ိန္ပိုင္းဖြင့္လွစ္မွာျဖစ္ၿပီး CDM ျပဳလုပ္တဲ့ ဆရာဝန္တစ္ဦးနဲ႔ သူနာျပဳေတြက ၾကည့္ရႈကုသေပးမွာျဖစ္ပါတယ္။

ေဆးခန္းအတြက္ လိုအပ္ခ်က္ေတြကို အေမရိကန္ေရာက္ ခ်င္းအရပ္ဖက္အဖြဲ႕အစည္းျဖစ္တဲ့ ICA၊ ဘာသာေရးအဖြဲ႕အစည္းျဖစ္တဲ့ CBANA နဲ႔ မီဇိုရမ္ျပည္နယ္က မီဇိုေက်ာင္းသားမ်ားသမဂၢ၊ Myanmar Refugee Relief Committee, Mizoram တို႔က တာဝန္ယူထားပါတယ္။

အဲ့ဒီေဆးခန္းတြင္ မီဇိုရမ္ျပည္နယ္အစိုးရက ထုတ္ေပးတဲ့ ဒုကၡသည္ကဒ္ျပားကိုင္ေဆာင္သူအားလုံးကို အခမဲ့ေဆးကုသမွာျဖစ္ၿပီး ႐ြာထဲက ႏြမ္းပါးတဲ့လူနာေတြကို ၅၀ ရာခိုင္ႏႈန္းသာ ေဆးဝါးခေကာက္ခံမယ္လို႔သိရတယ္။

ေဆးခန္းမွာတာဝန္ထမ္းေဆာင္တဲ့ ဆရာဝန္နဲ႔ သူနာျပဳေတြဟာ ဗုဒၶဟူးေန႔တိုင္း က်န္ဖိုင္ၿမိဳ႕နားက ျမန္မာစစ္ေဘးေရွာင္စခန္းမွာ အခမဲ့ ေဆးဝါးကုသေပးမယ္လို႔လည္းသိရတယ္။

ဇိုေခၚသာရ္ရြာဟာ ဖလမ္းၿမိဳ႕နယ္၊ ရိေခၚဒါရ္ၿမိဳ႕တဖက္ကမ္းမွာရွိတဲ့ ရြာေလးတစ္ရြာျဖစ္ၿပီး အဲ့ဒီရြာမွာ ျမန္မာစစ္ေဘးေရွာင္ မိသားစု ၇၀၀ ေက်ာ္ လူဦးေရ ၃၈၀၀ ေက်ာ္ေနထုိင္လ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်