အိန္ဒိယ-မြန်မာ နယ်စပ်တွင် အာသံရိုင်ဖယ်တပ်က တရားမဝင်ကျွန်းသစ်နဲ့ မူးယစ်ဆေးဝါး ရူပီး ၄ ဘီလီယံဖိုးဖမ်းဆီးသိမ်းဆည်း

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ် မြန်မာနယ်စပ်နားမှာ အာသံရိုင်ဖယ်တပ်က တရားမဝင်တင်သွင်းလာတဲ့ ကျွန်းသစ်နဲ့ မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုး ၄ ဘီလီယံဖိုးကို ဒီရက်ပိုင်းမှာ ဖမ်းဆီးရမိတယ်လို့ အာသံရိုင်ဖယ်တပ်က ထုတ်ပြန်ထားပါတယ်။

အာသံရိုင်ဖယ်တပ်ဆိုတာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသက ပြည်နယ်တွေရဲ့တပ်ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်နဲ့ထိစပ်တဲ့ မဏီပူရ်ပြည်နယ် Tengnoupal ခရိုင်မှာ ကာလတန်ဖိုး ရူပီးငွေ ၂ ဒသမ ၆၀ ဘီလီယံရှိတဲ့ တရားမဝင် ကျွန်းသစ် တင်ဆောင်သော ယာဉ်နှစ်စီးကို အာသံရိုင်ဖယ်တပ်များက ဖမ်းဆီးကြပါတယ်။

ဒါ့ပြင် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နဲ့ ထိစပ်နေတဲ့ မဏီပူရ်ပြည်နယ် Churachandpur ခရိုင်မှာ ကာလတန်ဖိုး ရူပီးငွေ ၁ ဒသမ ၄၀ ဘီလီယံရှိတဲ့ မူးယစ်ဆေးဝါးနဲ့ သယ်ဆောင်သူတစ်ဦးကို ဖမ်းဆီးရမိတယ်လို့ အာသံရိုင်ဖယ်တပ်က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ အိန္ဒိယဘက်ကို သစ်တွေမှောင်ခိုတင်သွင်းတာပိုမိုများပြားလာပြီး အာသံရိုင်ဖယ်တပ်က လစဉ် သစ်နဲ့ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေဖမ်းဆီးနေကြပါတယ်။

Zawgyi

အိႏၵိယ-ျမန္မာ နယ္စပ္တြင္ အာသံ႐ိုင္ဖယ္တပ္က တရားမဝင္ကြၽန္းသစ္နဲ႔ မူးယစ္ေဆးဝါး ႐ူပီး ၄ ဘီလီယံဖိုးဖမ္းဆီးသိမ္းဆည္း

အိႏၵိယႏိုင္ငံ၊ မဏီပူရ္ျပည္နယ္ ျမန္မာနယ္စပ္နားမွာ အာသံ႐ိုင္ဖယ္တပ္က တရားမဝင္တင္သြင္းလာတဲ့ ကြၽန္းသစ္နဲ႔ မူးယစ္ေဆးဝါး စုစုေပါင္းတန္ဖိုး ၄ ဘီလီယံဖိုးကို ဒီရက္ပိုင္းမွာ ဖမ္းဆီးရမိတယ္လို႔ အာသံ႐ိုင္ဖယ္တပ္က ထုတ္ျပန္ထားပါတယ္။

အာသံ႐ိုင္ဖယ္တပ္ဆိုတာ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ေဒသက ျပည္နယ္ေတြရဲ႕တပ္ျဖစ္ပါတယ္။
စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္နဲ႔ထိစပ္တဲ့ မဏီပူရ္ျပည္နယ္ Tengnoupal ခ႐ိုင္မွာ ကာလတန္ဖိုး ရူပီးေငြ ၂ ဒသမ ၆၀ ဘီလီယံရွိတဲ့ တရားမဝင္ ကြၽန္းသစ္ တင္ေဆာင္ေသာ ယာဥ္ႏွစ္စီးကို အာသံ႐ိုင္ဖယ္တပ္မ်ားက ဖမ္းဆီးၾကပါတယ္။

ဒါ့ျပင္ ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္နဲ႔ ထိစပ္ေနတဲ့ မဏီပူရ္ျပည္နယ္ Churachandpur ခ႐ိုင္မွာ ကာလတန္ဖိုး ႐ူပီးေငြ ၁ ဒသမ ၄၀ ဘီလီယံရွိတဲ့ မူးယစ္ေဆးဝါးနဲ႔ သယ္ေဆာင္သူတစ္ဦးကို ဖမ္းဆီးရမိတယ္လို႔ အာသံ႐ိုင္ဖယ္တပ္က ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ စစ္ကိုင္းတိုင္းအထက္ပိုင္းကေန အိႏၵိယဘက္ကို သစ္ေတြေမွာင္ခိုတင္သြင္းတာပိုမိုမ်ားျပားလာၿပီး အာသံ႐ိုင္ဖယ္တပ္က လစဥ္ သစ္နဲ႔ မူးယစ္ေဆးဝါးသယ္ေဆာင္သူေတြဖမ္းဆီးေနၾကပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်