အိမ်တွင်းအကြမ်းဖက်မှု ရပ်တန့်မှုမှသည် ငြိမ်းချမ်းရေးဆီသို့

မောင်ဗန်(တောင်ပေါ်မြေ)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှု နှုန်း (၇၅) ရာခိုင်နှုန်းခန့် တိုးပွားလာနေတယ် လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။
အိမ်တွင်းအကြမ်းဖက်ခံရမှုဆိုဝာာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု တို့ကို တွေ့ကြုံခံစားနေရတာဖြစ်ပြီး ကျား၊မ ၊လိင်၊အသက်ကြီးငယ် မရွှေး တွေ့ကြုံခံစားရနိုင်တဲ့ အခြေနေဖြစ်ပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ မိသားစုတွင်းအကြမ်းဖက်ခံရသော အမျိုးသမီးများ၏ (၃၅) ရာခိုင်နှုန်းဟာ ဖခင်မှ မိခင်ကို ကျူးလွန်တဲ့ အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ရဖူးတဲ့ အတိတ်‌တွေ ရှိထားကြဖူးတယ် လို့ စစ်တမ်းက ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၆ ခုနှစ်စစ်တမ်းအရ အိမ်ထောင်ရှင်အမျိုးသမီး (၅)ဦးမှာ တဦးက အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်ခြင်းကို ခံနေကြရပါတယ်။
အိမ်ထောင်ရှိ အမျိုးသမီးများအနက် (၁၅)ရာခိုင်နှုန်းဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို တွေ့ကြုံခဲ့ဖူးကြပြီး (၁၄)ရာခိုင် နှုန်းက စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံထားရပါတယ်။
(၃)ရာခိုင်နှုန်းကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများကို ခံစားရတယ် လို့ စစ်တမ်းတွေက ဆိုတယ်။
ဒီအချက်တွေကြည့်ရင် မြန်မာနိုင်ငံက အမျိုးသမီးပေါင်း(၅)သန်းလောက်ဟာ အိမ်တွင်းအကြမ်းဖက်မှုကို ခံစားဖူးသူ၊ခံစားဆဲ၊ခံစားကြမယ့်သူတွေ ဖြစ်နေပါတယ်။
အိမ်တွင်း အကြမ်းဖက်မှုမှာ အမျိုးသမီးတွေသာမက သားသမီးတွေ၊သက်ကြီးရွယ်အိုတွေနဲ့ လုပ်ငန်းခွင်တွေအတွင်းက လူတွေလည်း ပါဝင်ခံစားနေကြရတာ ဖြစ်ပါတယ်။
ဒီအခြေအနေဟာ စစ်တပ်အာဏာမသိမ်းမှီကာလနဲ့ COVID-19 မဖြစ်ပွားမှီကာလတွေတုန်းက အခြေအနေဖြစ်ပြီး လက်ရှိမှာတော့ ဒီထက် ပိုများပြားလာဖို့ပဲ ရှိပါတယ်။

အိမ်တွင်း အကြမ်းဖက်ခံရမှုမှာ အမျိုးသမီးတွေအပြင် အမျိုးသားတွေလည်း ခံစားရလေ့ရှိပြီး စိတ်ပိုင်းဆိုင်ရာ၊ကိုယ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေ များပါတယ်။
ဒါအပြင် ၂၀၂၁ခုနှစ် စစ်တပ် အာဏာသိမ်းချိန်ကစလို့ လက်ရှိ တစ်နှစ်ခွဲကျော်ကာလတွေအတွင်းမှာလည်း အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုပိုတိုးလာနေတယ် လို့ ခန့်မှန်းရပါတယ်။
အကြောင်းရင်းတွေက စစ်တပ်အာဏာသိမ်းမှုကြောင့် မကျေနပ်မှုတွေ တိုးပွားပြီး မိမိအိမ်ထောင်ဖက်၊သားသမီး၊မိဘ ဆွေမျိုးတွေကို အကြမ်းဖက်ကာ စိတ်ထွက်ပေါက်ရှာတာတွေ ဖြစ်နိုင်ပါတယ်။
နိုင်ငံစီးပွားရေးကျဆင်းပြီး ဝင်ငွေရလမ်းနည်းသွားသလို လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တာမို့ အလုပ်လက်မဲ့တွေ တိုးလာနေပါတယ်။ စစ်တမ်းတွေအရ အလုပ်အကိုင်ပေါင်း(၁.၆)သန်းကျော် ဆုံးရှုံးသွားရတာမို့ ဒီအလုပ်အကိုင်ကို လုပ်နေသူတွေ၊ မှီခိုနေရတဲ့ မိသားစုတွေအပေါ် ဖိအားတိုးလာပါတယ်။

ကုန်ဈေးနှုန်းတွေကလည်း တစတစ ကြပ်တည်းလာတာမို့ သုံးလို့ မလောက်၊အလုပ်မရှိတာကြောင့် ဝင်ငွေ မရှိရာကနေ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုတိုးပွားလာနိုင်ပါတယ်။
အထူးသဖြင့် ဆင်းရဲပြီး ဝင်ငွေနည်းပါးသူတွေ၊ဆောက်လုပ်ရေးလုပ်သားတွေလို နေ့စားဝန်ထမ်းတွေ၊တနေ့လုပ် တနေ့စားတွေ နဲ့ အလုပ်လက်မဲ့ဖြစ်ကြသူတွေဟာ စိတ်ဖိစီးမှု တိုးပြီး အဆင်မပြေမှုတွေကနေ တဆင့် မိသားစု အိမ်တွင်း အကြမ်းဖက်မှုတွေ တိုးလာနိုင်ပါတယ်။မြန်မာနိုင်ငံ လူဦးရေထက်ဝက်ကျော်ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ကို ရောက်နေတာမို့ အခြေခံလူတန်းစားတွေကြားမှာ အိမ်တွင်းအကြမ်းဖက်မှု ပိုတိုးပွားလာနိုင်ပြီး အထူးသဖြင့် အမျိုးသမီးတွေ ပိုခံစားလာရနိုင်ပါတယ်။
တရားဥပဒေစိုးမိုးမှုကလည်း နှိမ့်ကျပြီး လုံခြုံမှု မရှိသလို တိုင်ကြားရင် အရေးယူပေးမှုကလည်း မရှိတာကြောင့် အိမ်တွင်းအကြမ်းဖက်ခံရသူ အများစုဟာ ဒီအတိုင်း ခံစားနေကြရမယ့် အခြေအနေပါ။

ဖိုဝါဒီ သို့မဟုတ် အမျိုးသား ဦးစားပေး ဝါဒကြီးထွားတဲ့ ဒီနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှုအတွက် အဓိက ပစ်မှတ်ထားခံရသူတွေ ဖြစ်လာတာ စိုးရိမ်စရာပါ။

လက်ရှိအခြေအနေတွေအရ အမျိုးသမီး ငါးဦးမှာ လေးဦးလောက်သည် တနည်းနည်းနဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ခံစားကြရဖွယ်ရှိပြီး အမျိုးသားတွေလည်း တွေ့ကြုံခံစားကြရမှာပါ။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း အိမ်တွင်းအကြမ်းဖက်မှု ဒါဏ်ကို ခံစားနေရကြောင်း Social media တွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။

အိမ်တွင်းအကြမ်းဖက်ခံရသူ အမျိုးသားအများစုဟာ ၎င်းတို့ ခံစားရမှုကို ပြင်ပကို ပြောရင် လှောင်ပြောင်ခံရခြင်း၊ရီစရာလို့ မြင်ကြခြင်း၊အမျိုးသမီးတွေထက် ပိုအရှက်ခွဲခံရခြင်း၊တိုင်ကြားရန် နေရာ မရှိခြင်းတို့ကြောင့် ကြိက်ခံစားနေကြတာ များပါတယ်။
တချို့ကတော့ လူလောကကို စွန့်ခွာသွားတဲ့အထိ စိတ်ထွက်ပေါက်ရှာကြတာကို စစ်တပ်အာဏာသိမ်းစဉ်ကာလတွေအတွင်းမှာ ပိုပို မြင်တွေ့လာရပါတယ်။

အမျိုးသားတွေကို အိမ်တွင်းအကြမ်းဖက်သူတွေအများစုဟာ အိမ်ထောင်ဖက်သာမက မိဘတွေ၊သားသမီးတွေအပြင် ပြင်ပဆွေမျိုးမိသားစုတွေက ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊စိတ်ပိုင်းဆိုင်ရာဖြစ်စေ အိမ်တွင်းအကြမ်းဖက်ဒါဏ်ကို ခံကြရဝာာဖြစ်ပြီး အများစုသည် စိတ်ရောဂါ ခံစားရတဲ့ဖက်ကို ဦးတည်နေတဲ့ အနေအထားဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်ခံရမှုမှာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက ပိုများပြားပါတယ်။
ရုပ်ပိုင်းဆိုင်ရာဘာမှ မဖြစ်‌ပေမယ့်လည်း ပိုပြီး ကြီးမားတဲ့ ပြဿနာ ဖြစ်ပါတယ်။
လူအများစုဟာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့်နှစ်ရှည်လများစွာ ထိခိုက်ခံစားနေကြရပြီး တချို့ဆို ကုသ၍ မရတော့တဲ့အထိ ဆိုးရွှားစွာ ထိခိုက်ပါတယ်။ ဒါအပြင် ခံခဲ့ရသူတွေက တဖန်ကျုးလွန်မှုတွေကြောင့် ပိုမိုဆိုးဝါးသော အိမ်တွင်းအကြမ်းဖက်မှုတွေ တိုးလာနိုင်ပါတယ်။
အိမ်တွင်းအကြမ်းဖက်ခြင်းကြောင့်အိမ်ထောင်ဖက်နဲ့ ပတ်သက်ပြီး ကြောက်ရွံတာ(သို့) စိုးရိမ်တာ၊ အိမ်ထောင်ဖက် ပြောသမျှကို အမြဲလိုက်နာရတာ၊အလုပ်၊ ကျောင်း၊ လူမှုရေးလှုပ်ရှားမှုများတွင် ပျက်ကွက်တာ၊မိသားစုနဲ့ မိတ်ဆွေများကို တွေ့ခြင်းမှ တားမြစ်တာ၊ငွေ(သို့) ပိုင်ဆိုင်မှုတစ်ခုခုကိုကန့်သတ်ထားတာ၊စိတ်ဓါတ်ကျတာ၊ စိုးရိမ်တာ(သို့) ကိုယ့်ကိုယ်ကိုသတ်သေတာ၊ပင်ကိုစရိုက် ပြောင်းလဲသွားတာ(သို့) ယုံကြည်မှုမရှိတော့တာတွေ ခံစားရတက်ပါတယ်။
လက်ရှိ စစ်တပ် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုဟာ ပိုဆိုးဝါးစွာ တွေ့ကြုံနေရဖွယ် ရှိနေပါတယ်။
လက်ရှိကာလတွေမှာ တိုင်ကြားဖို့၊အရေးယူပေးဖို့ နေရာတွေ မရှိတာကြောင့် အိမ်တွင်းအကြမ်းဖက်ခံရသူတွေအနေနဲ့ တစ်ဦးတည်း မမြိုသိပ်ထားပဲ တစ်စုံတစ်ဦးကို ရဲရဲကြီး ပြောပြတက်ဖို့ လိုပါတယ်။
ဒီမိုကရေစီခောတ်စနစ်တုန်းကလိုပဲ မိမိယုံကြည်ရာကို ရဲဝင့်စွာ ပြောတက်ဖို့ လိုသလို့ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ ရှက်စရာကောင်းတဲ့ ကိစ္စဆိုတာ ပြုလုပ်နေသူတွေ သိတက်ဖို့ လိုပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုဟာ ရောဂါတခုလို သယ်ဆောင်လာတက်ပြီး အကြမ်းဖက်ခံရသူတွေ၊တွေ့ကြုံမြင်တွေ့နေရသူတွေရဲ့ စိတ်ကိုလည်း တခြားမှာ အကြမ်းဖက်ဖို့ လှုံဆော်ပေးပါတယ်။
တနည်းအားဖြင့် ကမ္ဘာကြီးပေါ်က အာဏာရှင်တွေ၊ရက်စက်ယုက်မာတဲ့ ခေါင်းဆောင်တွေ၊အကြမ်းဖက်သမားအများစုတွေဟာ ငယ်စဉ်ကလေးဘဝကနေ လူငယ်ဘဝတွေအတွင်း အိမ်တွင်းအကြမ်းဖက်မှုကို ကြီးကြီးမားမားခံစားထားကြရဖူးသူတွေ ဖြစ်နေတာ တွေ့ရတယ်။
၎င်းတို့ဟာ သူတို့ ခံစားလာရတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် စိတ်ရောဂါရတက်ကြပြီး စိတ်ထွက်ပေါက်အဖြစ် ပြင်ပမှာ အနိုင်ကျင့်တာ၊မတရားသဖြင့် လုပ်တာတွေ ပြုမှုတက်ကြပါတယ်။
ဥပမာ- ဒုတိယကမ္ဘာစစ်အတွင်းက အာဏာရှင်ခေါင်းဆောင် ဟစ်တလာဆိုရင်လည်း ငယ်စဉ်ကလေးဘဝတုန်းက အိမ်တွင်းအကြမ်းဖက်တာ၊အနိုင်ကျင့်ခံရတာမျိုးတွေ တွေ့ကြုံဖူးတယ်လို့ ဆိုပါတယ်။
အလားတူ ဆိုဗီယက် အာဏာရှင်ခေါင်းဆောင်တစ်ဦးဟာလည်း ငယ်စဉ်ဘဝမှာ အိမ်တွင်းအကြမ်းဖက်မှုဒါဏ်ကို ကောင်းကောင်းခံထားရတယ်လို့ ဆိုတယ်။
ဒါအပြင် လက်ရှိကမ္ဘာကြီးမှာ အကြမ်းဖက်၊အစွန်းရောက်ဝါဒီ ကိုင်သူတွေ၊လူသက်ယုက်မာတဲ့ သူတွေအများစုဟာ ငယ်စဉ်ဘ‌ဝတွေမှာ အိမ်တွင်းအကြမ်းဖက်မှုကို တွေ့ကြုံခံစားရဖူးတွေလည်း ဆိုကြတယ်။
ဆိုတော့ ကမ္ဘာကြီးကို ရက်စက်မှု၊အနိုင်ကျင့်သတ်ဖြတ်မှုတွေ မပေါ်ပေါက်လာဖို့ မိမိ အိမ်တွင်းကအစ အိမ်တွင်းအကြမ်းဖက်မှုတွေကို တားဆီးနိုင်ဖို့ လိုပါတယ်။
ငယ်စဉ်ကလေးဘဝတုန်းက အိမ်တွင်းအကြမ်းဖက်မှုဒါဏ်ကို ခံစားရသူတွေဟာ လူငယ်ဘဝ၊သက်ကြီးပိုင်းရောက်တဲ့အထိ ခံစားကြလေ့ရှိပြီး အလားတူ ပိုဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ ပြုလုပ်တက်ကြတယ် လို့ သုတေသီစစ်တမ်းတွေက ဖော်ပြထားပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုကြောင့် ရတဲ့ စိတ်ရောဂါဟာ အသက်ကြီးလာတဲ့အထိ မပျောက်ပျက်ပဲ အလားတူ အကြမ်းဖက်လုပ်ဖို့ လှုံဆော်ခံရလေ့ရှိပါတယ်။ လက်တွေ့ဘဝမှာလည်း မအောင်မြင်သူ၊ကျဆုံးသူတွေ၊ ကိုယ့်ကိုယ် မကျေနပ်သူတွေ၊ အဆင်မပြေပဲ အကြမ်းဖက်ဖို့ လှုံဆော်သူတွေ ဖြစ်လာကြပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုတွေဟာ သားသမီးတွေအပေါ် ကြီးမားစွာ ထိခိုက်နိုင်နေပြီး စိတ်ရောဂါတစ်ခုလို သယ်ဆောင်လာပြီး ပြင်ပကမ္ဘာမှာ ဖြစ်စေ အကြမ်းဖက်လို့ ရကြောင်း၊အနိုင်ကျင့်လို့ ရကြောင်း ယုံကြည်လာစေပါတယ်။ ဒီလိုလူတွေဟာ နိုင်ငံခေါင်းဆောင်၊လက်နက်ကိုင်ခေါင်းဆောင်တွေ ဖြစ်လာရင် ကမ္ဘာကြီးအပေါ် ပိုဖိအားတိုးလာစေပြီး မငြိမ်ချမ်းမှုကို ပိုတိုးလာစေပါတယ်။
တရားဥပဒေမစိုးမိုးမှု၊ဖိုဝါဒီကြီးစီုးမှု၊ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ဖြစ်ပွားမှု မြင့်တာ၊စီးပွားရေးကျဆင်းတာ၊လူတွေ မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုဟာ စိတ်ထွက်ပေါက်လို ဖြစ်လာနေပြီး လူမှုပါက်ဝန်းကျင်နဲ့ အကျင့်စရိုက်တို့ကို သိသိသာသာ ရိုက်ခတ်လာနေပါတယ်။
ဒီအချက်တွေဟာ တချိန်မှာ နိုင်ငံအတွက် အနှုက်လက္ခဏာဆောင်နေပြီး နိုင်ငံအကျိုးစီးပွား၊နိုင်ငံရဲ့ ငြိမ်းချမ်းမှုတွေအထိ ထိခိုက်လာ‌နိုင်တာ သတိပြုမိရပါမယ်။
အိမ်တွင်းအကြမ်းဖက်မှုတွေကို တားဆီးနိုင်မှသာလျှင် အဲကနေ တဆင့် ကမ္ဘာကြီးဟာ ငြိမ်းချမ်းစေ တဲ့အထိ အကျိုးသက်ရောက်လာနေမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်