ဟားခါးတွင် အခြေခံပညာဆရာ၊မများ ဆန္ဒဖော်ထုတ်

အခြေခံပညာကျောင်းတွေရဲ့ စာမေးပွဲကာလကို ဖေဖော်ဝါရီလမှ မတ်လကုန်သို့ စာမေးပွဲနောက်ဆုတ်လိုက်တာကြောင့် တောင်ပေါ်ဒေသဆရာ၊မတွေအတွက် အဆင်မပြေတဲ့အကြောင်း ဟားခါးမြို့မှာ ဒီမနက် ဆရာ၊မများဆန္ဒဖော်ထုတ်ကြပါတယ်။

ယင်းဆန္ဒပြပွဲကို ဟားခါးမြို့နယ်အတွင်းရှိ ဆရာ၊မများပါဝင်ပြီး လူဦးရေ ၂၅၀ ခန့်ပါဝင်ပြီး ဂါက်ကွင်းလမ်းခွဲမှ ဝမ္မသူးမောင်းဘောလုံးကွင်းအထိ မနက် (၈)နာရီမှ (၁၀)နာရီကျော်အထိ လမ်းလျှောက်ဆန္ဒပြကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခွင့်တင်ပြတောင်းဆိုသူနဲ့ မူလတန်းဆရာဦးသိန်းဇော်ဝင်းက အခုလိုပြောပါတယ်။

“ပညာရေးဝန်ကြီးဌာနကနေ အခြေခံပညာကအစ စာမေးပွဲကာလကို နောက်ဆုတ်တိုးမြင့်တာကို ကန့်ကွက်ဆန္ဒပြတာပါ။ ကျနော်တို့ တောင်တန်းဒေသရဲ့ အခြေအနေအခက်အခဲကိုတင်ပြချင်တာပါဗျ။ တောင်ပေါ်ဒေသမှာဆိုရင် ဆရာ၊မ အင်အားနည်းပါးတယ်။ ဆရာ၊မအားလုံးနီးပါးဆိုရင် ဆယ်တန်းစာမေးပွဲကိုစောင့်ရတယ်ဗျ။ ဒါကြောင့် ဆယ်တန်စာမေးပွဲကာလဆိုရင် အခြေခံပညာအတန်းအားလုံးကို ကျောင်းပိတ်ထားရမယ်ဗျ။ ဆယ်တန်းစာမေးပွဲပြီးလို့ အခြေခံပညာကျောင်းတွေ ကျောင်းပြန်ဖွင့်ရမယ်ဆိုရင် တောင်ပေါ်ပေါ်မှာဆို ကလေးတွေကတောင်ယာတွေလုပ်ကြတယ်။ တောင်ယာတွေလုပ်ကြတော့ ဒီကလေးတွေ စာမေးပွဲမဖြေလာလို့ရှိရင် ဒီကလေးတွေပေါ်ဘယ်သူက တာဝန်ယူပေးမလဲ။ စာမေးပွဲနောက်ဆုတ်လိုက်တာကြောင့် ကျောင်းထွက်နှုန်းများလာနိုင်ခြေရှိတယ်။ နွေရာသီမှာဆို မိဘတွေကိုကူရတယ်။ ကျောင်းစရိတ်ကို ကိုယ့်ဘာသာရှာတဲ့သူတွေလည်းရှိတယ်။ ကျောင်းပြင်ပရောက်တဲ့ကလေးတွေများလာမှာပေါ့။ ဆရာ၊မဆိုရင် ဝေးလံခေါင်ဖျားမှာကျတဲ့သူများကြီးဘဲ။ သူတို့က သတင်းကျွတ်ကျောင်းပိတ်ရက်တို့၊ ဒီဇင်ဘာကျောင်းပိတ်ရက်တို့မှာမပြန်ကြတဲ့သူများတယ်။ ကိုယ့်ရပ်ရွာဒေသပြန်ဖို့ နွေရာသီကျောင်းပိတ်ပဲစောင့်တယ်။ အခု စာမေးပွဲနောက်ဆုတ်လိုက်တာကြောင့် ကျောင်းပိတ်ရက် ၂လလေးပဲကျန်တော့တယ်။ အဲ့နွေရာသီကျောင်းပိတ်ရက်မှာကို သင်တန်းတွေရှိသေးတယ်ဗျ။ အခုလည်း စနစ်သစ်ပညာရေးပြောင်းနေတဲ့တွက် စနစ်သစ်ပညာရေးသင်တန်းတွေတက်ရတော့ ဆရာ၊မတွေ နားချိန်မရှိတော့ဘူးပေါ့။ နားချိန်မရှိဘူးဆိုတာထက် ဆရာ၊မတွေတွက် အဆင်မပြေတော့ဘူး” လို့ပြောပါတယ်။

ဆန္ဒပြစဉ်ကြွှေးကြော်သံတွေကတော့ အခြေခံပညာစာမေးပွဲကာလ ပြင်ဆင်နောက်ဆုတ်ခြင်းအား ပြန်လည်ဖျက်သိမ်းပေးရေး၊ လုပ်ငန်းခွင်အခြေပြု ပညာရေးမြှင့်တင်မှု ဖော်ဆောင်ပေးရေး၊ ဒီမိုကရေစီနှင့်ညီမျှသော စီမံခန့်မှုဖော်ဆောင်ရေး၊ ဆရာ/မများရဲ့ လူမှုဘဝမြှင့်တင်ရေး၊ သုတေသနကို အခြေမခံသော ပညာရေးစနစ် (အလိုမရှိ)၊ ဒေသှန္တရ အခက်အခဲများကို လျစ်လျှုရှုသောပညာရေးစီမံခန့်ခွဲမှုစနစ် (အလိုမရှိ)၊ တောင်ပေါ်ဒေသနှင့် ကိုက်ညီမှုမရှိသော စာမေးပွဲကာလမြှင့်တင်မှု အမြန်ဆုံးဖျက်သိမ်းပေးရေး စသည်တို့ဖြစ်ပါတယ်။

အခြေခံပညာကျောင်းဆရာ၊မများ အပြင် ဟားခါး ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ နဲ့ ဟားခါးကောလိပ်ကျောင်းကျောင်းသားတွေကလည်း ပူးပေါင်းပါဝင်ကြပါတယ်။

(Zawgyi)

ဟားခါးတြင္ အေျခခံပညာဆရာ၊မမ်ား ဆႏၵေဖာ္ထုတ္

အေျခခံပညာေက်ာင္းေတြရဲ႕ စာေမးပြဲကာလကို ေဖေဖာ္ဝါရီလမွ မတ္လကုန္သို႔ စာေမးပြဲေနာက္ဆုတ္လုိက္တာေၾကာင့္ ေတာင္ေပၚေဒသဆရာ၊မေတြအတြက္ အဆင္မေျပတဲ့အေၾကာင္း ဟားခါးၿမိဳ႕မွာ ဒီမနက္ ဆရာ၊မမ်ားဆႏၵေဖာ္ထုတ္ၾကပါတယ္။

Photo: Thein Zaw Win

ယင္းဆႏၵျပပြဲကို ဟားခါးၿမိဳ႕နယ္အတြင္းရွိ ဆရာ၊မမ်ားပါဝင္ၿပီး လူဦးေရ ၂၅၀ ခန္႔ပါဝင္ၿပီး ဂါက္ကြင္းလမ္းခြဲမွ ဝမၼသူးေမာင္းေဘာလံုးကြင္းအထိ မနက္ (၈)နာရီမွ (၁၀)နာရီေက်ာ္အထိ လမ္းေလွ်ာက္ဆႏၵျပၾကတာပါ။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ဆႏၵေဖာ္ထုတ္ခြင့္တင္ျပေတာင္းဆိုသူနဲ႔ မူလတန္းဆရာဦးသိန္းေဇာ္ဝင္းက အခုလိုေျပာပါတယ္။

“ပညာေရးဝန္ၾကီးဌာနကေန အေျခခံပညာကအစ စာေမးပြဲကာလကို ေနာက္ဆုတ္တိုးျမင့္တာကို ကန္႔ကြက္ဆႏၵျပတာပါ။ က်ေနာ္တို႔ ေတာင္တန္းေဒသရဲ႕ အေျခအေနအခက္အခဲကိုတင္ျပခ်င္တာပါဗ်။ ေတာင္ေပၚေဒသမွာဆိုရင္ ဆရာ၊မ အင္အားနည္းပါးတယ္။ ဆရာ၊မအားလံုးနီးပါးဆိုရင္ ဆယ္တန္းစာေမးပြဲကိုေစာင့္ရတယ္ဗ်။ ဒါေၾကာင့္ ဆယ္တန္စာေမးပြဲကာလဆိုရင္ အေျခခံပညာအတန္းအားလံုးကို ေက်ာင္းပိတ္ထားရမယ္ဗ်။ ဆယ္တန္းစာေမးပြဲၿပီးလို႔ အေျခခံပညာေက်ာင္းေတြ ေက်ာင္းျပန္ဖြင့္ရမယ္ဆိုရင္ ေတာင္ေပၚေပၚမွာဆို ကေလးေတြကေတာင္ယာေတြလုပ္ၾကတယ္။ ေတာင္ယာေတြလုပ္ၾကေတာ့ ဒီကေလးေတြ စာေမးပြဲမေျဖလာလို႔ရွိရင္ ဒီကေလးေတြေပၚဘယ္သူက တာဝန္ယူေပးမလဲ။ စာေမးပြဲေနာက္ဆုတ္လိုက္တာေၾကာင့္ ေက်ာင္းထြက္ႏႈန္းမ်ားလာႏိုင္ေျခရွိတယ္။ ေႏြရာသီမွာဆို မိဘေတြကိုကူရတယ္။ ေက်ာင္းစရိတ္ကို ကိုယ့္ဘာသာရွာတဲ့သူေတြလည္းရွိတယ္။ ေက်ာင္းျပင္ပေရာက္တဲ့ကေလးေတြမ်ားလာမွာေပါ့။ ဆရာ၊မဆိုရင္ ေဝးလံေခါင္ဖ်ားမွာက်တဲ့သူမ်ားၾကီးဘဲ။ သူတို႔က သတင္းကြ်တ္ေက်ာင္းပိတ္ရက္တို႔၊ ဒီဇင္ဘာေက်ာင္းပိတ္ရက္တို႔မွာမျပန္ၾကတဲ့သူမ်ားတယ္။ ကိုယ့္ရပ္ရြာေဒသျပန္ဖို႔ ေႏြရာသီေက်ာင္းပိတ္ပဲေစာင့္တယ္။ အခု စာေမးပြဲေနာက္ဆုတ္လိုက္တာေၾကာင့္ ေက်ာင္းပိတ္ရက္ ၂လေလးပဲက်န္ေတာ့တယ္။ အဲ့ေႏြရာသီေက်ာင္းပိတ္ရက္မွာကို သင္တန္းေတြရွိေသးတယ္ဗ်။ အခုလည္း စနစ္သစ္ပညာေရးေျပာင္းေနတဲ့တြက္ စနစ္သစ္ပညာေရးသင္တန္းေတြတက္ရေတာ့ ဆရာ၊မေတြ နားခ်ိန္မရွိေတာ့ဘူးေပါ့။ နားခ်ိန္မရွိဘူးဆိုတာထက္ ဆရာ၊မေတြတြက္ အဆင္မေျပေတာ့ဘူး” လို႔ေျပာပါတယ္။

 

ဆႏၵျပစဥ္ေၾကႊးေၾကာ္သံေတြကေတာ့ အေျခခံပညာစာေမးပြဲကာလ ျပင္ဆင္ေနာက္ဆုတ္ျခင္းအား ျပန္လည္ဖ်က္သိမ္းေပးေရး၊ လုပ္ငန္းခြင္အေျချပဳ ပညာေရးျမွင့္တင္မႈ ေဖာ္ေဆာင္ေပးေရး၊ ဒီမိုကေရစီႏွင့္ညီမွ်ေသာ စီမံခန္႔မႈေဖာ္ေဆာင္ေရး၊ ဆရာ/မမ်ားရဲ႕ လူမႈဘဝျမွင့္တင္ေရး၊ သုေတသနကို အေျခမခံေသာ ပညာေရးစနစ္ (အလိုမရွိ)၊ ေဒသွႏၱရ အခက္အခဲမ်ားကို လ်စ္လွ်ဳရႈေသာပညာေရးစီမံခန္႔ခြဲမႈစနစ္ (အလိုမရွိ)၊ ေတာင္ေပၚေဒသႏွင့္ ကိုက္ညီမႈမရွိေသာ စာေမးပြဲကာလျမွင့္တင္မႈ အျမန္ဆံုးဖ်က္သိမ္းေပးေရး စသည္တို႔ျဖစ္ပါတယ္။

အေျခခံပညာေက်ာင္းဆရာ၊မမ်ား အျပင္ ဟားခါး ပညာေရးေကာလိပ္ေက်ာင္းသားမ်ားသမဂၢ နဲ႔ ဟားခါးေကာလိပ္ေက်ာင္းေက်ာင္းသားေတြကလည္း ပူးေပါင္းပါဝင္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်