အောက်မန်ပြိန်းစစ်ရှောင်အတွက် နေအိမ်များ မတ်လတွင် ပြီးမည်

 

အပေါ်မန်ပြိန်းစစ်ရှောင်ပြည်သူတွေအတွက် မေတ္တာဖောင်ဒေးရှင်းက နေအိမ်ဆောက်ပေးဖို့ မြေညိုနေကြစဉ်

အောက်မန်ပြိန်းစစ်ရှောင်အတွက် နေအိမ်များ မတ်လတွင် ပြီးမည်
လားရှိုးမြို့နယ် မန်ပြိန်းကျေးရွာစစ်ဘေးရှောင်ပြည်သူတွေအတွက်နေအိမ်(၂၃)လုံးတည်ဆောက်တာ မတ်လကုန်မှာ ပြီးစီးသွားမယ်လို့ လားရှိုးအခြေစိုက်မေတ္တာဖောင်ဒေးရှင်းမန်နေဂျာ ဒေါ်မြင့်မြင့်ဌေးထံက သိရပါတယ်။
အဆိုပါအိမ်တွေကိုမေတ္တာဖောင်ဒေးရှင်းကဆောက်လုပ်လှူဒါန်းထားတာဖြစ်ပါတယ်။ ဆောက်လုပ်လှူဒါန်းထားတဲ့နေအိမ်တွေက ၁၅ပေ×ပေ ၃၀ သစ်သားအိမ်ဖြစ်ပါတယ်။ ဝရံတာအပါအဝင် မီးဖိုဆောင်လည်းထည့် သွင်းထားပြီး ဆောက်လုပ် ပေးနေတာဖြစ်ပါတယ်။ ပြန်လည် တည်ဆောက်ပေးတဲ့အိမ်တွေကို အောက်မန်ပြိန်းရွာနဲ့ကပ်ရပ်မှာ တည်ဆောက်ပေးနေတာဖြစ်ပါ တယ်။

“နှစ်လအတွင်းမှာ အကုန်အပြီးတည်ဆောက်မယ်။ ရုံးလုပ်ငန်းနဲ့ပတ်သက်တာတွေအားလုံးပြီးသလာက်ရှိပြီ။ အိမ်ပုံစံက သမန်တလင်းခင်းမယ်။ သွပ်မိုး၊ ဝါးကပ်ကာဖြစ်မယ်”လို့ဒေါ်မြင့်မြင့်ဌေးက ပြောပါတယ်။

အိမ်တစ်လုံးအတွက် ကျသင့်ငွေမှာ ကျပ်သိန်း (၂၈)သိန်းဖြစ်ပြီး အပေါ်မန်ပြိန်းရွာမှာအိမ်ခြေ (၂၂)အိမ် ရှိပြီး အောက်မန်ပြိန်းရွာမှာ ၃၂ အိမ်ရှိတယ်လို့သိရပါတယ်။

မေတ္တာဖောင်ဒေးရှင်းရဲ့ အိမ်ရာပြန်လည် တည်ဆောက်ပေးရေးအစီအစဉ်မှာ အောက်မန်ပြိန်းရွာမှာစစ်ရှောင်နေတဲ့အပေါ်မန်ပြိန်းရွာ တွေအတွက်သာဖြစ်ပါတယ်။

အောက်မန်ပြိန်းရွာက အပေါ်မန်ပြိန်းရွာတွေရဲ့ စစ်ရှောင်စခန်း

၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၆)ရက်ညနေပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA)နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) တို့ဟာ အောက် မန်ပြိန်းရွာနားမှာ တိုက်ပွဲဖြစ်တာကြောင့် အပေါ်နဲ့အောက်မန်ပြိန်းရွာသားတွေဟာ လားရှိုးမြို့သို့သွားရောက် ခိုလှုံခဲ့ကြရပြီး နယ်မြေငြိမ်းချမ်းပြီဟု ယူဆတာကြောင့် ပြန်လာခဲ့စဉ် ၂၀၁၈ခုနှစ် နိုဝင်ဘာ (၁၅) ရက်မှာ အပေါ်မန်ပြိန်းရွာမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့တိုက်ပွဲထပ်မံဖြစ်ပွားတာကြောင့် အောက်မန်ပြိန်းသို့ စစ်ရှောင် များအဖြစ်ရောက်ရှိလာတာဖြစ်ပါတယ်။

အပေါ်မန်ပြိန်းရွာကအသက်(၅၀)အရွယ်ဒေါ်မာရွယ်က“ကိုယ့်အိမ်မဟုတ်ဘူးဆိုတော့စိတ်ကလုံခြုံမှုမရှိဘူး။အိမ်လည်ပြန်ချင်တယ်။အခုထိစိတ်ခြောက်ခြားနေတယ်။တနေရာကနေအသံကျယ်ကျယ်ကြားရင်လည်းကြောက် တယ်။ ဒီလိုမျိုးတခါမှမကြုံ့ဖူးလို့ကြောက်နေရတယ်။စစ်ပွဲတွေမဖြစ်စေချင်တော့ဘူး”လို့ပြောပါတယ်။

စစ်ရှောင်တွေရဲ့ အဓိကအခက်အခဲဟာ နေရာထိုင်ခင်းဖြစ်ပြီး မိုးကာနဲ့ဆောက်ထားတဲ့ တဲအိမ်ကျဉ်းကျဉ်း လေးထဲမှာနေရတာကြောင့် မိုးရာသီမှာ မိုးယိုတဲ့အတွက် တချို့ကျေးရွာမူကြို ကျောင်းမှာအိပ်ကြရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ (၁၅)ရက်တိုက်ပွဲဖြစ်ပွားစဉ် အပေါ်မန်ပြိန်းရွာက လူလေးဦးသေဆုံးခဲ့တယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်