ပြည်ပရောက် ချင်းဒုက္ခသည်များအရေး

ဦးငိုင်ဆာခ့် (တရားလွှတ်တော်ရှေ့နေ)

၁၃ သြဂုတ်လ ၂၀၁၈၊ ရန်ကုန်

၁၉၈၈-၂၀၁၀ ခုနှစ်ကာလများအတွင်း အာဏာပိုင်များ၏ဖိနှိပ်ချုပ်ခြယ်ကန့်သတ်မှု၊ မတရားစွတ်စွဲခံရပြီး အသက်ဘေးခြိမ်းခြောက်ခံရမှု၊ ပေါ်တာဆွဲခံရပြီး အတင်းအကြပ်အလုပ်စေခိုင်းခံရမှုနှင့်အလုပ်အကိုင်ရှားပါးပြီး စီးပွားရေးကြပ်တည်းးမှုတို့ကြောင့် ချင်းတိုင်းရင်းသားလူငယ်လူရွယ်များသည် အိမ်နီးချင်းနိင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့်တိမ်းရှောင်နေထိုင်ခိုလှုံခဲ့ကြရပါသည်။

မိသားစုနှင့်ပျော်ရွင်စွာနေထိုင်ပြီး မိဘအုပ်ထိန်းသူ များ၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင်နေထိုင်ရမယ့်အသက်အရွယ်တွင် ဖိနှိပ်ကန့်သတ်ခြိမ်းခြောက်မှုအောက်မှလွတ်မြောက်ရေးအတွက်ထွက်ပြေးတိမ်းရှောင်ကြရာတွင် လမ်းခုလတ်၌ အသက်ဆုံးရှုံးသူတစ်ချို့လည်းရင်နှင့်ဖွယ်ကြုံတွေ့ခဲ့ကြပါသည်။

အသက်ဘေးကိုပင်မမှုပဲ ဒုက္ခ အမျိုးမျိုးရင်ဆိုင်ကျော်ဖြတ်လျက် ယင်းတို့ ရောက်ရှိရာနိင်ငံများတွင်လုံခြုံမှုကင်းမဲ့စွာ စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့်အခြေအနေ၌ UNHCR မှ ပြည်ပရောက်ချင်းဒုက္ခသည်များအားမြန်မာပြည်နေရပ်သို့ ပြန်လည်ပို့ဆောင်ရန်ဆုံးဖြတ်လုပ်ဆောင်ခြင်းသည် ဒုက္ခသည်များအား ပို၍ဒုက္ခဆင်းရဲရောက်စေရုံမက ထောင်ဒဏ်ကျခံစေရန်တွန်းပို့ရာရောက်နေပါသည်။

UNHCR မှချင်းဒုက္ခသည်များအရေးဆုံးဖြတ်လုပ်ဆောင်ခဲ့မှုအပေါ် စိုးရိမ်ပူပန်ပြီး မြန်မာပြည်သို့ပြန်လည်လာရောက်ကြသော ဆလိုင်းဗန်ကျဲအိုဗျက်ထောင်း( အသက် ၂၀နှစ် )နှင့် မိုင်အွမ်လှူးတို့မှာ သက်ဆိုင်ရာတာဝန်ရှိသူတို့မှတာဝန်အရ ဖမ်းဆီးတရားစွဲထားရာ စွဲဆိုထားသော ပြစ်မှုမှာ အာမခံမပေးနိင်သောပြစ်မုှုများဖြစ်သဖြင့် ယခုအခါအချုပ်ဖင့်ထုချေနေရပါသည်။

UNHCR မှ ပြည်ပရောက်ချင်းဒုက္ခသည်များအရေးဆုံးဖြတ်လုပ်ဆောင်ချက်အပေါ်တွင်
ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းမရှိပါကမလေးရှားနိင်ငံရောက် ချင်းဒုက္ခသည်များနှင့် India ရောက်ချင်းဒုက္ခသည်များသာမက ပြည်ပရောက်ချင်းဒုက္ခသည်များသည် မြန်မာပြည်ပြန်ရောက်လျှင်ဥပဒေအရ အရေးယူခံရကာ ထောင်ဒဏ်ကျခံ ဖွယ်ရှိသဖြင့် UNHCRအနေဖြင့် ချင်းဒုက္ခသည်များအရေးဆုံးဖြတ်ချက်ကို အမြန်ဆုံးပြန်လည်သုံးသပ်ပြင်ဆင်ပေးနိင်ရန်အလေးအနက်တိုက်တွန်းအပ်ပါသည်။ ။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ချင်းကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရ၊ လူသတ်သမားထွက်ပြေး

၁၅၊ ဧပြီလ၊ ၂၀၂၄ Zalen မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရတယ်လို့ ရပ်ကွက်နေ ချင်းလူမျိုးတွေဆီက သိရပါတယ်။ ကွာလာလမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ မနေ့ ...

ဆက်ဖတ်ရန်