မြန်မာနိုင်ငံလုံးဆိုင်ရာ အရှိုချင်းတက္ကသိုလ်ကျောင်းသားများအသင်း စတင်ဖွဲ့စည်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အရှိုချင်းတက္ကသိုလ်ကျောင်းသားများအသင်းကို ဇွန်(၁၇)ရက်မှာ မကွေးမြို့တွင်ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အရှိုချင်းတက္ကသိုလ်ကျောင်းသား၊သူများတွေ့ဆုံပွဲပြုလုပ်ဖို့ကြိုတင်ညှိုနှိုင်းအစည်းအဝေးမှာ စတင်ဖွဲ့စည်းပါတယ်။

ဒီအစည်းအဝေးကို တိုင်းနဲ့ပြည်နယ်က အရှိုချင်းတက္ကသိုလ်ကျောင်းသား၊သူ စုစုပေါင်း(၄၀)တက်ရောက်ပါတယ်။

“ကျနော်တို့ အရှိုကျောင်းသားအဖွဲ့ကမရှိဘူး။ အရင်တုန်းက AYO(အရှိုလူငယ်အစည်းအရုံး)ဆိုပြီးတော့ မကွေးတက္ကသိုလ်ရယ်၊ ပြည်တက္ကသိုလ်မှာပဲရှိတယ်။ အခုတော့ တနိုင်ငံလုံးမှာ အရှိုတွေရှိတဲ့ တိုင်း ငါးခုရယ် ပြည်နယ်တစ်ခုရယ် အားလုံးပေါင်းပြီးတော့ AUSA(အရှိုချင်းတက္ကသိုလ်ကျောင်းသားများအသင်း) က မနေ့ကမှဖြစ်သွားတာ။ အရင်တုန်းက တစ်ခုခုလုပ်ဖို့တွက် အချိတ်အဆက်မရှိဘူး။ အဲ့ဒါကြောင့် ခုနောက်ပိုင်ချင်းပြည်နယ်ကချင်းကျောင်းသားတွေ့ဆုံပွဲတွေလုပ်တယ်။ ကျနော်တို့မှာလည်း AYO ဘဲရှိတာ။ ခုတော့ ဒီလို အဖွဲ့ ဖွဲ့စည်းလိုက်တာကြောင့် ကျောင်းသားချင်းချင်းအလုပ်လုပ်တဲ့ချိန်မှာပိုလွယ်သွားမယ်”လို့ အရှိုချင်းလူငယ်အစည်းအရုံး(မကွေး)မှ ဆလိုင်းရိုးမောင်ကဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့ ဒကစ၊လေယာဉ်ကွင်းနဲ့ ထောက်ပို့တပ်ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

၇၊မေ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ကလေးမြို့ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)၊လေယာဉ်ကွင်း၊ ထောက်ပို့တပ် စသည်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ယမန်နေ့ မေလ၆ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ဒကစ(ကလေး)ကို ဒရုန်းနဲ့ဗုံး ၂လုံး၊ ကလေး လေယာဉ်ကွင်းကို ဗုံး၄လုံး၊ ထောက်ပို့တပ်ကို ဗုံး၃လုံးဖြင့် ...

ဆက်ဖတ်ရန်