၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များအား ပယ်ဖျက်ကြောင်း စကစ ရွေးကော်မရှင် ကြေညာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ကြောင်း စစ်ကောင်စီခန့်အပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဇူလိုင် ၂၆ ရက်တွင်ထုတ်ပြန်ထားပါတယ်။

ယင်းကြေညာချက်ထဲတွင် ရွေးကောက်ပွဲကျင်းပခဲ့တဲ့မြို့နယ် ၃၁၅ မြို့နယ်ရဲ့ မဲစာရင်းများကို မြို့နယ်အလိုက်အသေးစိတ်စိစစ်ခဲ့ပါကြောင်း၊ ဒါ့ပြင် မြို့နယ်အသီးသီးရှိမဲရုံတစ်ခုချင်းအလိုက် မဲပေးခဲ့မှုအခြေအနေများနှင့် ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူပအင်အားဦးစီးဌာနဦးစီးမှူးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များနှင့် မြေပြင်ဖွင့်ဖောက်စစ်ဆေးခြင်း၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများစစ်ဆေးတွေ့ရှိချက်အရ မဲမသမာမှုဖြစ်ပွားခဲ့သော မှားယွင်းခဲ့သည့် တစ်နိုင်ငံလုံးမဲဆန္ဒရှင်အရေအတွက် စုစုပေါင်းမှာ ၁၁,၃၀၅,၃၉၀ ဦးဖြစ်ကြောင့်ေ တွ့ရှိရပါသည်။ မဲဆန္ဒမဲလက်မှတ်များကို မြေပြင်ဖွင့်ဖောက်စစ်ဆေးရာတွင် မဲရုံတိုင်း၌ ဆန္ဒမဲလက်မှတ်များလျော့နည်းပျောက်ဆုံးခြင်း၊ တရားမဝင်အပိုရှိနေခြင်းတို့ကို တွေ့ရှိရပြီး မဲရုံများသို့ မဲလက်မှတ်များသတ်မှတ်အရေအတွက်ဖြင့် ထုတ်ပေးခဲ့ခြင်းဖြစ်ရာ ယင်းမဲလက်မှတ်လျော့နည်းပျောက်ဆုံးခြင်းနှင့် အပိုတွေ့ရှိမှုများသည်တရာမဝင်ဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

သို့ဖြစ်ပါ၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွှတ်မှုမရှိသည့်အပြင် လွတ်လပ်၍ တရားမျှတမှုမရှိသော ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ကြောင့်ကြေညာလိုက်သည်လို့ ဖော်ပြထားပါတယ်။

(Zawgyi)
၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲရလဒ္မ်ားအား ပယ္ဖ်က္ေၾကာင္း စကစ ေရြးေကာ္မရွင္ ေၾကညာ

၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၈ ရက္တြင္က်င္းပခဲ့တဲ့ ပါတီစံုဒီမိုကေရစီအေထြေထြေရြးေကာက္ပဲြရလဒ္မ်ား ပယ္ဖ်က္ေၾကာင္း စစ္ေကာင္စီခန္႔အပ္တဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ယေန႔ ဇူလုိင္ ၂၆ ရက္တြင္ထုတ္ျပန္ထားပါတယ္။

ယင္းေၾကညာခ်က္ထဲတြင္ ေရြးေကာက္ပြဲက်င္းပခဲ့တဲ့ၿမိဳ႕နယ္ ၃၁၅ ၿမိဳ႕နယ္ရဲ႕ မဲစာရင္းမ်ားကို ၿမိဳ႕နယ္အလိုက္အေသးစိတ္စိစစ္ခဲ့ပါေၾကာင္း၊ ဒါ့ျပင္ ၿမိဳ႕နယ္အသီးသီးရွိမဲရံုတစ္ခုခ်င္းအလုိက္ မဲေပးခဲ့မႈအေျခအေနမ်ားႏွင့္ ဆႏၵမဲလက္မွတ္မ်ားကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ဝင္မ်ား၊ သက္ဆုိင္ရာ ၿမိဳ႕နယ္အလိုက္ ယခင္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲမ်ား၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးမ်ား၊ ၿမိဳ႕နယ္လူဝင္မႈၾကီးၾကပ္ေရးႏွင့္ျပည္သူပအင္အားဦးစီးဌာနဦးစီးမွဴးမ်ား၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ သက္ဆုိင္ရာ ႏိုင္ငံေရးပါတီမ်ားမွကိုယ္စားလွယ္မ်ားႏွင့္ ေျမျပင္ဖြင့္ေဖာက္စစ္ေဆးျခင္း၊ သက္ဆုိင္ရာေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲမ်ား၊ မဲရံုမွဴး၊ မဲရံုအဖြဲ႔ဝင္မ်ားႏွင့္ ေတြ႔ဆံုေမးျမန္းစစ္ေဆးျခင္းမ်ားေဆာင္ရြက္ခဲ့ပါသည္။

ၿမိဳ႕နယ္အလိုက္ မဲဆႏၵရွင္စာရင္းမ်ားစစ္ေဆးေတြ႔ရွိခ်က္အရ မဲမသမာမႈျဖစ္ပြားခဲ့ေသာ မွားယြင္းခဲ့သည့္ တစ္ႏုိင္ငံလံုးမဲဆႏၵရွင္အေရအတြက္ စုစုေပါင္းမွာ ၁၁,၃၀၅,၃၉၀ ဦးျဖစ္ေၾကာင့္ေ တြ႔ရွိရပါသည္။ မဲဆႏၵမဲလက္မွတ္မ်ားကို ေျမျပင္ဖြင့္ေဖာက္စစ္ေဆးရာတြင္ မဲရံုတုိင္း၌ ဆႏၵမဲလက္မွတ္မ်ားေလ်ာ့နည္းေပ်ာက္ဆံုးျခင္း၊ တရားမဝင္အပိုရွိေနျခင္းတုိ႔ကို ေတြ႔ရွိရၿပီး မဲရံုမ်ားသို႔ မဲလက္မွတ္မ်ားသတ္မွတ္အေရအတြက္ျဖင့္ ထုတ္ေပးခဲ့ျခင္းျဖစ္ရာ ယင္းမဲလက္မွတ္ေလ်ာ့နည္းေပ်ာက္ဆံုးျခင္းႏွင့္ အပိုေတြ႔ရွိမႈမ်ားသည္တရာမဝင္ေဆာင္ရြက္မႈေၾကာင့္ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

သို႔ျဖစ္ပါ၍ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္က်င္းပခဲ့သည့္ ပါတီစံုဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ဖြဲ႔စည္းပံုအေျခခံဥပေဒ၊ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥပေဒ၊ သက္ဆုိင္ရာ လႊတ္ေတာ္ေရြးေကာက္ပြဲဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ ညီညႊတ္မႈမရွိသည့္အျပင္ လြတ္လပ္၍ တရားမွ်တမႈမရွိေသာ ေရြးေကာက္ပြဲျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရွိရသျဖင့္ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပခဲ့သည့္ ေရြးေကာက္ပြဲရလဒ္မ်ားကို ပယ္ဖ်က္ေၾကာင့္ေၾကညာလိုက္သည္လို႔ ေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်