၂ ရက်တိုက်ပွဲတွင် စစ်ကောင်စီ စစ်သား ၇ ယောက် သေဆုံးကြောင်း CDF-Matupi ထုတ်ပြန်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လန်းပီ မြို့ကနေ မတူပီဘက်သို့ ခြေလျင်ထွက်လာသော စစ်ကောင်စီတပ် နဲ့ CDF-Matupi တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၇ ယောက် သေဆုံးပြီး
အများအပြား ဒဏ်ရာ ရရှိခဲ့ကြကြောင်း CDF-Matupi က ထုတ်ပြန်ထားပါတယ်။

ပထမ တိုက်ပွဲကတော့ ဇူလိုင်လ ၆ ရက်နေ့ မနက် ၉ နာရီခန့် ရဲန်ခဲန်းရွာနဲ့ အမ်မိလိုင်းကျေးရွာအကြား ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ယောက် သေဆုံးပြီး ၂ ယောက်ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ထိုနေ့ ညနေမှာပဲ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ ၂ ဦး သေဆုံးကြောင်း ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွင် အထိနာခဲ့သော စစ်ကောင်စီတပ်တွေဟာ ရဲန်ခဲန်းကျေးရွာမှ နေအိမ် ၃ လုံးကို မီးရှို့ခဲ့ပါတယ်။

ထို့နောက် ဇူလိုင်လ ၇ ရက်နေ့မှာတော့ CNA၊ CDF-Matupi နဲ့ CDF-Zotung ပူးပေါက်းတပ်ဟာ စစ်ကောင်စီတပ်ကို အမ်မိလိုင်းရွာတွင် တတိယအကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဘက်မှ ၂ ဦး သေဆုံးကာ ၆ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း CDF-Matupi က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ လိုင်လန်းပီကနေ မတူပီဘက်ကို ခြေလျင်ခရီးဖြင့် ထွက်လာခဲ့ကြပြီး လက်ရှိ အချိန်မှာတော့ ဒီကနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သော အမ်မိလိုင်းကျေးရွာမှာသာ ဆက်ရှိနေကြကြောင်း CDF-Matupi တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ခြေလျင်ခရီးထွက်လာသော စစ်ကောင်စီတပ်တွေဟာ အင်အား ၁၀၀ နီးပါးရှိမည်ဟုလည်း ခန့်မှန်းထားပါတယ်။

Zawgyi

၂ ရက္တိုက္ပြဲတြင္ စစ္ေကာင္စီ စစ္သား ၇ ေယာက္ ေသဆုံးေၾကာင္း CDF-Matupi ထုတ္ျပန္

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္၊ လိုင္လန္းပီ ၿမိဳ႕ကေန မတူပီဘက္သို႔ ေျခလ်င္ထြက္လာေသာ စစ္ေကာင္စီတပ္ နဲ႔ CDF-Matupi တိုက္ပြဲ ၃ ႀကိမ္ ျဖစ္ပြားခဲ့ရာ စစ္ေကာင္စီဘက္မွ ၇ ေယာက္ ေသဆုံးၿပီး
အမ်ားအျပား ဒဏ္ရာ ရရွိခဲ့ၾကေၾကာင္း CDF-Matupi က ထုတ္ျပန္ထားပါတယ္။

ပထမ တိုက္ပြဲကေတာ့ ဇူလုိင္လ ၆ ရက္ေန႔ မနက္ ၉ နာရီခန႔္ ရဲန္ခဲန္း႐ြာနဲ႔ အမ္မိလိုင္းေက်း႐ြာအၾကား ျဖစ္ပြားခဲ့ၿပီး ထိုတိုက္ပြဲတြင္ စစ္ေကာင္စီဘက္မွ ၃ ေယာက္ ေသဆုံးၿပီး ၂ ေယာက္ျပင္းထန္ဒဏ္ရာ ရရွိခဲ့ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ထိုေန႔ ညေနမွာပဲ တိုက္ပြဲထပ္မံ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီ ဘက္မွ ၂ ဦး ေသဆုံးေၾကာင္း ထုတ္ျပန္ထားပါတယ္။ တိုက္ပြဲတြင္ အထိနာခဲ့ေသာ စစ္ေကာင္စီတပ္ေတြဟာ ရဲန္ခဲန္းေက်း႐ြာမွ ေနအိမ္ ၃ လုံးကို မီးရႈိ႕ခဲ့ပါတယ္။

ထို႔ေနာက္ ဇူလုိင္လ ၇ ရက္ေန႔မွာေတာ့ CNA၊ CDF-Matupi နဲ႔ CDF-Zotung ပူးေပါက္းတပ္ဟာ စစ္ေကာင္စီတပ္ကို အမ္မိလိုင္း႐ြာတြင္ တတိယအႀကိမ္ တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီ ဘက္မွ ၂ ဦး ေသဆုံးကာ ၆ ဦးထက္မနည္း ဒဏ္ရာ ရရွိခဲ့ေၾကာင္း CDF-Matupi က ထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီ စစ္ေၾကာင္းဟာ လိုင္လန္းပီကေန မတူပီဘက္ကို ေျခလ်င္ခရီးျဖင့္ ထြက္လာခဲ့ၾကၿပီး လက္ရွိ အခ်ိန္မွာေတာ့ ဒီကေန႔ တိုက္ပြဲ ျဖစ္ပြားခဲ့ေသာ အမ္မိလိုင္းေက်း႐ြာမွာသာ ဆက္ရွိေနၾကေၾကာင္း CDF-Matupi တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။ ေျခလ်င္ခရီးထြက္လာေသာ စစ္ေကာင္စီတပ္ေတြဟာ အင္အား ၁၀၀ နီးပါးရွိမည္ဟုလည္း ခန႔္မွန္းထားပါတယ္။

နောက်ဆုံးရသတင်းများ

မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄ Zalen မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။ MDF နဲ့ ...

ဆက်ဖတ်ရန်