၄ရက်အတွင်း မီဇိုရမ်းဘက်သို့ မြန်မာစစ်ဘေးရှောင် ၁၈၀၀ ကျော်ထွက်ပြေးတိမ်းရှောင်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် အိန္ဒိယနယ်စပ်မှာရှိတဲ့ လုံလဲရ်ကျေးရွာတပ်စခန်းကို CDF/CNA ပူးပေါင်းတပ်တို့က စက်တင်ဘာ ၁၀၊၁၁ ရက်တွင်ဝင်ရောက်တိုက်ခိုက်လို့ ဂျက်လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိကျေးရွာပြည်သူတွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်ဘက်သို့ထွက်ပြေးပါတယ်။

ဒါကြောင့် စက်တင်ဘာ ၁၄ ရက်အထိ ၄ ရက်အတွင်း မြန်မာနိုင်ငံသား ၁၈၅၀ ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်းပြည်နယ် Champhai၊ Hnahthial နဲ့ Lawngtlai ခရိုင်သို့ထွက်ပြေးကြပါတယ်။

မြန်မာစစ်ဘေးရှောင်တွေကို အိန္ဒိယဗဟိုအစိုးရကတော့ လက်မခံပါပေမယ့် မီဇိုရမ်းပြည်နယ်အစိုးရက လူသားချင်းစာနာထောက်ထားမှုနဲ့ ချင်းအနွယ်ဝင်ချင်းချင်းဖြစ်တာမို့ လက်ခံခဲ့တာဖြစ်တယ်။

မီဇိုရမ်းပြည်နယ် ပြည်ထဲရေးဝန်ကြီး ပူးလာလ်ချမ်လျန်နာ က “ဗဟိုအစိုးရကသူတို့အသက်တွေကိုကြောက်ပြီးတိုင်းပြည်ကထွက်ပြေးတိမ်းရှောင်လာတဲ့မြန်မာနိုင်ငံသားတွေကိုခိုလှုံခွင့်နဲ့ကယ်ဆယ်ရေးတွေပေးဖို့အစီအစဉ်မရှိသေးပါဘူး။ မီဇိုရမ်ပြည်နယ်ကဒုက္ခသည်တွေကိုအရင်လိုပြန်ပို့ဖို့လည်းမတောင်းဆိုတော့ဘူး” ဟုထောက်ပြပါတယ်။

ဒါ့ပြင် မြန်မာစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအတွက် မီဇိုရမ်းပြည်နယ်အစိုးရက ဒုက္ခသည်များအားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် ရူပီး သိန်း ၃၀ (မြန်မာငွေ သိန်း ၇၅ဝကျော်) ထုတ်ပေးခဲ့ပြီလို့ ပြီးခဲ့တဲ့အပတ်က ပြည်နယ်လွှတ်တော်မှာ အကြောင်းကြားလာခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေ တိမ်းရှောင်တဲ့ မီဇိုရမ်းကျေးရွာတွေက ပြည်သူတွေဟာ ၄င်းတို့အတွက်လိုအပ်တဲ့ အဝတ်အထည်၊ဆောင် ၊ နေထိုင်ရန်တဲတွေကို ဆောက်လုပ်လှူဒါန်းကြတဲ့ ဗီဒီယိုဖိုင်တွေလည်း မီဇိုရမ်လူမှုကွန်ရက်စာမျက်နှာတွေမှာတင်ထားကြပါတယ်။

မီဇိုရမ်းပြည်နယ်၊ ရဲမှတ်တမ်းများအရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသား ၁၁၀၃၅ ဦး သည်မီဇိုရမ်း ၌နေထိုင်ကြတယ်လို့ရေးထားပေမယ့် အဝင်အထွက်စီးဆင်းမှုများတာကြောင့် ဂဏန်းအပြောင်းအလဲတော့ရှိနိိုင်ပါတယ်။

Zawgyi

၄ရက္အတြင္း မီဇိုရမ္းဘက္သို႔ ျမန္မာစစ္ေဘးေရွာင္ ၁၈၀၀ ေက်ာ္ထြက္ေျပးတိမ္းေရွာင္

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္ အိႏိၵယနယ္စပ္မွာရွိတဲ့ လံုလဲရ္ေက်းရြာတပ္စခန္းကို CDF/CNA ပူးေပါင္းတပ္တို႔က စက္တင္ဘာ ၁၀၊၁၁ ရက္တြင္ဝင္ေရာက္တိုက္ခိုက္လို႔ ဂ်က္ေလယာဥ္နဲ႔ဗံုးက်ဲတုိက္ခိုက္ခံရၿပီးေနာက္ အနီးအနားရွိေက်းရြာျပည္သူေတြဟာ အိႏိၵယႏိုင္ငံ မီဇိုရမ္းျပည္နယ္ဘက္သို႔ထြက္ေျပးပါတယ္။

ဒါေၾကာင့္ စက္တင္ဘာ ၁၄ ရက္အထိ ၄ ရက္အတြင္း ျမန္မာႏိုင္ငံသား ၁၈၅၀ ဟာ အိႏိၵယႏိုင္ငံ၊ မီဇိုရမ္းျပည္နယ္ Champhai၊ Hnahthial နဲ႔ Lawngtlai ခရိုင္သို႔ထြက္ေျပးၾကပါတယ္။

ျမန္မာစစ္ေဘးေရွာင္ေတြကို အိႏိၵယဗဟိုအစိုးရကေတာ့ လက္မခံပါေပမယ့္ မီဇိုရမ္းျပည္နယ္အစိုးရက လူသားခ်င္းစာနာေထာက္ထားမႈနဲ႔ ခ်င္းအႏြယ္ဝင္ခ်င္းခ်င္းျဖစ္တာမို႔ လက္ခံခဲ့တာျဖစ္တယ္။

မီဇိုရမ္းျပည္နယ္ ျပည္ထဲေရးဝန္ၾကီး ပူးလာလ္ခ်မ္လ်န္နာ က “ဗဟိုအစိုးရကသူတို႔အသက္ေတြကိုေၾကာက္ၿပီးတိုင္းျပည္ကထြက္ေျပးတိမ္းေရွာင္လာတဲ့ျမန္မာနိုင္ငံသားေတြကိုခိုလႈံခြင့္နဲ႔ကယ္ဆယ္ေရးေတြေပးဖို႔အစီအစဥ္မရွိေသးပါဘူး။ မီဇိုရမ္ျပည္နယ္ကဒုကၡသည္ေတြကိုအရင္လိုျပန္ပို႔ဖို႔လည္းမေတာင္းဆိုေတာ့ဘူး” ဟုေထာက္ျပပါတယ္။

ဒါ့ျပင္ ျမန္မာစစ္ေဘးေရွာင္ကူညီေစာင့္ေရွာက္ေရးအတြက္ မီဇိုရမ္းျပည္နယ္အစိုးရက ဒုကၡသည္မ်ားအားလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီမ်ားအတြက္ ရူပီး သိန္း ၃၀ (ျမန္မာေငြ သိန္း ၇၅၀ေက်ာ္) ထုတ္ေပးခဲ့ၿပီလို႔ ၿပီးခဲ့တဲ့အပတ္က ျပည္နယ္လႊတ္ေတာ္မွာ အေၾကာင္းၾကားလာခဲ့ပါတယ္။

ျမန္မာႏိုင္ငံသားေတြ တိမ္းေရွာင္တဲ့ မီဇိုရမ္းေက်းရြာေတြက ျပည္သူေတြဟာ ၄င္းတို႔အတြက္လိုအပ္တဲ့ အဝတ္အထည္၊ေဆာင္ ၊ ေနထုိင္ရန္တဲေတြကို ေဆာက္လုပ္လွဴဒါန္းၾကတဲ့ ဗီဒီယိုဖိုင္ေတြလည္း မီဇိုရမ္လူမႈကြန္ရက္စာမ်က္ႏွာေတြမွာတင္ထားၾကပါတယ္။

မီဇိုရမ္းျပည္နယ္၊ ရဲမွတ္တမ္းမ်ားအရ စစ္အာဏာသိမ္းၿပီးေနာက္ ျမန္မာနိုင္ငံသား ၁၁၀၃၅ ဦး သည္မီဇိုရမ္း ၌ေနထိုင္ၾကတယ္လို႔ေရးထားေပမယ့္ အဝင္အထြက္စီးဆင္းမႈမ်ားတာေၾကာင့္ ဂဏန္းအေျပာင္းအလဲေတာ့ရွိႏိုိင္ပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်