CNF လက်နက်ကိုင်တွေ အစိုးရက ကိုဗစ် ကာကွယ်ဆေးထိုးပေး၊ မပေး မသိရသေး

ချင်းအမျိုးသားတပ်ဦး CNF တပ်သားတွေနဲ့ မိသားစုဝင်တွေကို အစိုးရက ကိုဗစ် ကာကွယ်ဆေးထိုးပေး၊ မပေးဆိုတာ မသိရသေးဘူးလို့ ချင်းပြည်နယ်အစိုးရထံမှသတင်းရရှိပါတယ်။

ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးစိုးထက်က “အဲ့ဒါတော့ ကျနော်လည်း အမှတ်တမဲ့ပဲဗျ။ ဒါပေမယ့် ဒီလို နောက်ပိုင်းမှာတော့ သူတို့လည်းပါမှာပဲ။ သူတို့လည်း ပြည်သူပြည်သားတွေပဲလေ။ ကျနော်တို့ကတော့ ရတဲ့ဆေးက နည်းသေးတာကိုး။ ဝယ်တာနဲ့ လက်ဆောင်ရတာက ၃ သန်းခွဲပဲရှိသေးတာလေ။ ဦးစားပေးအဆင့်သတ်မှတ်တဲ့ချိန်မှာ ဘယ်လိုရှိမလဲမသိသေးဘူးပေါ့နော်။ နောက်ပိုင်းကျရင်လည်း နောက်ထပ်ထပ်ဝယ်မှာပါ။ လူဦးရေက မြန်မာပြည်မှာ သန်း ၅၀ ကျော်ရှိတဲ့ထဲမှာ ခုက ၃ သန်းခွဲရှိအုံးမှာဖြစ်တဲ့တွက် အားလုံး ဦးစားပေးကန့်သတ်ချက်ထဲမှာ ဘယ်လိုရှိအုံးမလဲမသိရသေးဘူး။ လက်နက်ကိုင်တွေလည်း ကာကွယ်ဆေးထိုးနိုင်အောင် စဉ်းစားမှာပါ” လို့ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးတွင် ဇန်နဝါရီ (၂၇)ရက်က ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပြီး ဖေဖော်ဝါရီလ (၅)ရက်တွင် ပြည်သူတွေထံ စတင်ထိုးနှံမယ်လို့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က “ခုထိအစိုးရဘက်က CNF လက်နက်ကိုင်တွေ ကာကွယ်ဆေးကို ဘယ်နေ့ထိုးရမယ်လို့ ပြောတာဘာမှမရှိသေးဘူး။ ကျနော်တို့ကဘဲ ချင်းပြည်နယ်အစိုးရလာ၊ ကျန်းမာရေးဌာနတစ်ခုခုကို ဘာအစီအစဉ်တွေရှိလဲဆိုတာ သွားမေးဖို့ ပြင်ဆင်နေတုန်း။ ဘာအသံမှမကြားရသေးဘူး။ စခန်းမှာတော့ ဗဟို ကိုဗစ်-၁၉ ကော်မတီဆိုတာရှိတယ်။ မီဇိုရမ်ဘက်ကနေ စခန်းကိုလာရင် Q စင်တာဝင်ခိုင်းတယ်။ ပြည်တွင်းကလာတဲ့သူတွေကို အပူချိန်တိုင်းတာ၊ မစ်တပ်ရမယ်လို့စည်းကမ်းသတ်မှတ်ထားတယ်။ ကိုဗစ်ကာကွယ်ဆေးက ပြည်သူဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ် ဒါက လူသားတိုင်းရဲ့အခွင့်အရေးပဲ။ ရပိုင်ခွင့်လို့ယူဆတယ်။ လက်နက်ကိုင်ဖြစ်လို့ ကာကွယ်ဆေးမထိုးရဘူးဆိုတာမဟုတ်ပါဘူး။ လူတိုင်းကို ကာကွယ်ဆေးထိုးနိုင်အောင် စီစဉ်ဖို့သူတို့တာဝန်ဖြစ်တယ်” လို့ပြောပါတယ်။

CNF ဌာနချုပ် ဝိတိုရိယစခန်းတွင် အိမ်ထောင်စု (၅၀)ရှိပြီး လူဦးရေ ၂၀၀ ကျော်ရှိပါတယ်။

(Zawgyi)

CNF လက္နက္ကိုင္ေတြ အစိုးရက ကိုဗစ္ ကာကြယ္ေဆးထုိးေပး၊ မေပး မသိရေသး

ခ်င္းအမ်ဳိးသားတပ္ဦး CNF တပ္သားေတြနဲ႔ မိသားစုဝင္ေတြကို အစိုးရက ကိုဗစ္ ကာကြယ္ေဆးထိုးေပး၊ မေပးဆိုတာ မသိရေသးဘူးလို႔ ခ်င္းျပည္နယ္အစိုးရထံမွသတင္းရရွိပါတယ္။

ခ်င္းျပည္နယ္ အစိုးရ ေျပာေရးဆိုခြင့္ရွိသူ ဝန္ၾကီးဦးစိုးထက္က “အဲ့ဒါေတာ့ က်ေနာ္လည္း အမွတ္တမဲ့ပဲဗ်။ ဒါေပမယ့္ ဒီလို ေနာက္ပိုင္းမွာေတာ့ သူတို႔လည္းပါမွာပဲ။ သူတို႔လည္း ျပည္သူျပည္သားေတြပဲေလ။ က်ေနာ္တို႔ကေတာ့ ရတဲ့ေဆးက နည္းေသးတာကိုး။ ဝယ္တာနဲ႔ လက္ေဆာင္ရတာက ၃ သန္းခြဲပဲရွိေသးတာေလ။ ဦးစားေပးအဆင့္သတ္မွတ္တဲ့ခ်ိ္န္မွာ ဘယ္လိုရွိမလဲမသိေသးဘူးေပါ့ေနာ္။ ေနာက္ပိုင္းက်ရင္လည္း ေနာက္ထပ္ထပ္ဝယ္မွာပါ။ လူဦးေရက ျမန္မာျပည္မွာ သန္း ၅၀ ေက်ာ္ရွိတဲ့ထဲမွာ ခုက ၃ သန္းခြဲရွိအံုးမွာျဖစ္တဲ့တြက္ အားလံုး ဦးစားေပးကန္႔သတ္ခ်က္ထဲမွာ ဘယ္လိုရွိအံုးမလဲမသိရေသးဘူး။ လက္နက္ကိုင္ေတြလည္း ကာကြယ္ေဆးထိုးႏိုင္ေအာင္ စဥ္းစားမွာပါ” လို႔ေျပာပါတယ္။

ျမန္မာတစ္ႏိုင္ငံလံုးတြင္ ဇန္နဝါရီ (၂၇)ရက္က က်န္းမာေရးဝန္ထမ္းေတြကို ကိုဗစ္ကာကြယ္ေဆးစတင္ထုိးႏွံၿပီး ေဖေဖာ္ဝါရီလ (၅)ရက္တြင္ ျပည္သူေတြထံ စတင္ထုိးႏွံမယ္လို႔ က်န္းမာေရး ႏွင့္ အားကစားဝန္ၾကီးဌာနက ထုတ္ျပန္ထားပါတယ္။

ခ်င္းအမ်ဳိးသားတပ္ဦး ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းထက္နီ က “ခုထိအစိုးရဘက္က CNF လက္နက္ကိုင္ေတြ ကာကြယ္ေဆးကို ဘယ္ေန႔ထိုးရမယ္လို႔ ေျပာတာဘာမွမရွိေသးဘူး။ က်ေနာ္တို႔ကဘဲ ခ်င္းျပည္နယ္အစိုးရလာ၊ က်န္းမာေရးဌာနတစ္ခုခုကို ဘာအစီအစဥ္ေတြရွိလဲဆိုတာ သြားေမးဖို႔ ျပင္ဆင္ေနတုန္း။ ဘာအသံမွမၾကားရေသးဘူး။ စခန္းမွာေတာ့ ဗဟို ကိုဗစ္-၁၉ ေကာ္မတီဆိုတာရွိတယ္။ မီဇိုရမ္ဘက္ကေန စခန္းကိုလာရင္ Q စင္တာဝင္ခုိင္းတယ္။ ျပည္တြင္းကလာတဲ့သူေတြကို အပူခ်ိန္တုိင္းတာ၊ မစ္တပ္ရမယ္လို႔စည္းကမ္းသတ္မွတ္ထားတယ္။ ကိုဗစ္ကာကြယ္ေဆးက ျပည္သူျဖစ္ျဖစ္၊ အစိုးရျဖစ္ျဖစ္ ဒါက လူသားတုိင္းရဲ႕အခြင့္အေရးပဲ။ ရပိုင္ခြင့္လို႔ယူဆတယ္။ လက္နက္ကိုင္ျဖစ္လို႔ ကာကြယ္ေဆးမထိုးရဘူးဆိုတာမဟုတ္ပါဘူး။ လူတုိင္းကို ကာကြယ္ေဆးထိုးႏိုင္ေအာင္ စီစဥ္ဖို႔သူတို႔တာဝန္ျဖစ္တယ္” လို႔ေျပာပါတယ္။

CNF ဌာနခ်ဳပ္ ဝိတိုရိယစခန္းတြင္ အိမ္ေထာင္စု (၅၀)ရွိၿပီး လူဦးေရ ၂၀၀ ေက်ာ္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်