တမူးမြို့မှာ ကသည်းလက်နက်ကိုင်တွေအကြမ်းဘက်မှုတွေရပ်တန့်ဖို သဘောထားထုတ်ပြန်

တမူးမြို့မှာ ကသည်းလက်နက်ကိုင်တွေအကြမ်းဘက်မှုတွေရပ်တန့်ဖို သဘောထားထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ အိန္ဒိယနိုင်ငံက ကသည်းလက်နက်ကိုင်အဖွဲ့တွေအကြမ်းဘက်မှုတွေ ရပ်တန့်ဖို့ တမူးမြို့အရပ်ဖက်လူမှုအဖွဲ့အစည်း ၅ဖွဲ့က ဇွန်လ ၁၉ ရက်တွင် သဘောထားထုတ်ပြန်လိုက်ပါတယ်။

တမူးမြို့ စော်ဘွား (၈)ရပ်ကွက်တွင် နေထိုင်တဲ့ ကသည်းလက်နက်ကိုင်တစ်ဖွဲ့ဝင်တစ်ဦးရဲ့ နေအိမ်ကို ဇွန်လ ၁၈ ရက်ညတွင် ဗုံးတစ်လုံးပေါက်ကွဲသွားလို့ မြို့ခံလူထုတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်။
ယင်းသဘောထားထုတ်ပြန်ချက်ထဲတွင် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ ကသည်းလက်နက်အဖွဲ့အစည်း (၇)ဖွဲ့သည် လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်မှစ၍ တမူးမြို့ပေါ်နှင့်အနီးအနားကျေးရွာများတွင် အခြေချနေထိုင်ခဲ့ကြပြီး မကြာခဏဆိုသလို ၎င်းတို့အဖွဲ့အစည်းတခုနှင့်တခုအကြား မကြာခဏဆိုသလို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ဗုံးထောင်ခြင်း၊ ဗုံးဖောက်ခွဲခြင်းစသည်ဖြင့် ပတ်ဝန်းကျင်ကို လုံခြုံမှုကင်းမဲ့စေကာ၊ ဒေသခံပြည်သူလူထု၊ အမျိုးသမီးနှင့်ကလေးသူငယ်များ ကြောက်ရွံ့အောင်၊ အထိတ်တလန့်ဖြစ်အောင် ပြုမှုလုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပြီ။

ထို့ကြောင့် မိမိတို့ဒေသခံ တိုင်းရင်းသားများအနေဖြင့် မဏိပူရပြည်နယ်မှ ကသည်းလက်နက်ကိုင်များ၏ လုပ်ဆောင်မှုများ၊ အကြမ်းဖက်မှုများအား လုံးဝ(လုံးဝ) ကန့်ကွက်ရှုံ့ချကြောင်း အစိုးရနှင့် အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာလိုက်သည်လို့ဖော်ပြထားပါတယ်။

တမူးမြို့ဒေသခံ ဦးထန်ဆေးက “ကသည်းသူပုန်ကြောင့် ဒေသခံတွေ ထိပ်လန့်မှုတွေ၊ သေနတ်နဲ့ပစ်ခတ်မှုတွေ ဆန္ဒပြမယ်ဆိုရင် ရှေ့ထွက်ရဲတဲ့သူမရှိဘူး။ လက်နက်ကိုင်သူပုန်တွေကြောက်လို့။ ဒီစာထုတ်ဖို့တောင် သူတို့နာမည်မထည့်ရဲ့တဲ့အဖွဲ့တွေရှိတယ်။ အားလုံးညိုနှိုင်းတယ်။ မပါရဲကြလို့ ပါရဲတဲ့သူပဲထုတ်တယ်။ ဗုံးပေါက်ကွဲလို့ ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့နေကြတယ်။ လုံခြုံတဲ့ဘဝမရကြဘူး။ မြို့ပေါ်ရပ်ကွက်မှာတောင်ဗုံးဖောက်ကွဲတာ။ မြေကြီးတောင်တုန်သွားတယ်။ ကလေးမပြောနဲ့ ယောကျ်ားတောင်ထိတ်လန့်ရတယ်။ အမှန်တကယ်လမ်းပေါ်ထွက်ကန့်ကွက်ချင်တယ်။ ခေါင်းဆောင်မယ့်သူမရှိတော့ စာထုတ်တာ။ နောက်နာင် ဒီလိုမျိုးမဖြစ်စေချင်တော့ဘူး။ ဖြစ်မှာလည်းစိုးရိမ်တယ်။ ကျနော်တို့ လုံလုံခြုံခြုံနေချင်တယ်။ ကလေးကစသိနေတာ ဘာလို့ချင်းဗုဒ္ဓလို့ရေးတာလဲ။ တမူးက ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီကို ဒီကိစ္စကန့်ကွက်ဖို့အဖွဲ့စည်းတွေပြောတယ်။ ဒါပေမယ့်မလိုဘူးလို့ပြောတယ်။ ဒါကသတင်းအမှားဖြစ်တယ်။ ကသည်သူပုန်မှတ်ပုံတင်မှာ ချင်း၊ ဗုဒ္ဓလို့ရေးထားတယ်တဲ့။ ဟိုစစ်လက်ထက်က ကသည်းသူပုန်ကို တိုင်းရင်းသားခံပြီး ကဒ်လုပ်ပေးကြတာရှိတယ်။ ခုချိန်ဒါမဖြစ်သင့်တော့ဘူး။ ချင်းတွေနစ်နာတယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်