CBC ကဦးဆောင်ကျင်းပမယ့် Chin Peace Forum တွေ့ဆုံဆွေးနွေးပွဲကျင်းပခွင့်မရတဲ့ကိစ္စ ဒီနေ့သတင်းစာရှင်းလင်းမယ်

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(CBC)မှ ဦးဆောင်ပြီးကျင်းပမယ့် ချင်းအမျိုးသားများပိုမိုညီညွှတ်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို အစိုးရရဲ့ခွင်ပြုချက်အရတဲ့အပေါ် သတင်းစာရှင်းလင်းပွဲကို ဒီနေ့ညနေ (၂)နာရီကျော်ကစပြီး မင်းတပ်မြို့ မြို့မနှစ်ခြင်းအသင်းတော်မှာကျင်းပမယ်လို့သတင်းရရှိပါတယ်။

ချင်းအမျိုးသားများပိုမိုညီညွတ်ငြိမ်းချမ်းရေးဆိုင်ရာဒုတိယအကြိမ်အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီလ (၂၉)ရက်မှ (၃၀)ရက်အထိ နိုင်ငံရေးပါတီများ၊ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်(၈)ဦးနဲ့ မြို့မိမြို့ဖများ၊ ကဏ္ဍပေါင်းစုံက ချင်းတိုင်းရင်းသားများပါဝင်ပြီးကျင်းပရန် စီစဉ်ခဲ့ပါတယ်။

မင်းတပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်ရဲ့လက်မှတ်နဲ့ ဇန်နဝရီလ (၂၈)ရက်တွင် ယင်းတွေ့ဆုံဆွေးနွေးပွဲကျင်းပခွင့်ကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုချက်မရရှိသေးသဖြင့် ခွင့်မပြုကြောင်းနဲ့ ခွင့်ပြုချက်မရရှိဘဲဆောင်ရွက်ရင် ဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ရေးသားထားပါတယ်။

ယင်းအကြောင်းကြားစာထဲတွင် ယခုပွဲကျင်းပမည့် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်သည် ဘာသာရေးအဖွဲ့အစည်းဖြစ်ရာ ပါတီနိုင်ငံရေးမပါ၊ ဘာသာရေးသက်သက်သာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သက်ဆိုင်ရာအဖွဲ့အစည်း တာဝန်ရှိသူများ၏ ကတိဝန်ခံချက်နှင့်အတူ အစည်းအဝေးမှတ်တမ်းပူးတွဲလျက်လမ်းညွှန်မှုပြုပေးနိုင်ပါရန် တင်ပြလာမှုအပေါ် ချင်းအမျိုးသားတပ်ဦး(CNF) အဖွဲ့မှ ကိုယ်စားလှယ်(၈)ဦးတက်ရောက်မည့်ကိစ္စနှင့် စပ်လျဉ်း၍ (NRPC-အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန) ၏ခွင့်ပြုချက်တင်ပြထားဆဲဖြစ်၍ (NRPC)၏ ခွင့်ပြုချက်မရရှိသေးမီ (CNF) ကိုယ်စားလှယ်ပါဝင်တက်ရောက်ခွင့်၊ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခွင့်အားခွင့်ပြုပေး၍ မရနိုင်ပါကြောင်းသိရှိနိုင်ပါရန် အကြောင်းကြားပါတယ်လို့ဖော်ပြထားတယ်။

လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ရဲ့ ဥက္ကဌကတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ ဒေါက်တာ လောဟာလိန်းက အခုလိုပြောပါတယ်။

“CNF လည်းပါမယ်ဆိုတော့ NRPC ရဲ့ခွင့်ပြုချက်မပါရင် ကျင်းပခွင့်ပေးနိုင်မှာမဟုတ်ဘူးလို့ပြောတယ်။ ဒါဆို NRPC ရဲ့ခွင်ပြုချက်မရသေးဘူးဆိုတော့ CNF မပါဘဲပွဲကျင်းပခွင့်ကို မြို့နယ်အုပ်ချုပ်ရေးရုံးမှာလက်မှတ်ထိုးပြီးစာပြန်တင်တယ်။ ဒါပေမယ့် NRPC ရုံးမှာ CNF ပါဝင်ဖို့စာတင်ထားဆဲဖြစ်နေတဲ့တွက်ကြောင့်ဆိုပြီး ပွဲမိန့်မပေးနိုင်တာဖြစ်တယ်။ အစကတည်းက CNF တွေကိုလည်း NRPC ရဲ့ခွင်ပြုချက်မရရင် သူတို့မပါပဲပွဲဆက်လုပ်မယ်လို့ပြောထားပြီးသား။ ကျနော်တို့နားလည်တာကတော့ CNF ပါလာတာကြောင့် NRPC ကခွင့်ပြုချက်မပေးနိုင်တာဆိုတော့ CNF မပါရင် ခွင့်ပြုချက်ပေးနိုင်မယ်လို့ယူဆတယ်ပေါ့။ အခုဖြစ်တဲ့ဟာက ပြည်နယ်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်ချက်တွေပါ” လို့ပြောပါတယ်။

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ချင်းငြိမ်းချမ်းရေးသာသနာ (Chin Shalom Mission) ရဲ့ဦးဆောင်မှုနဲ့ ပထမအကြိမ် Chin Peace Forum အစီအစဉ်ကို ဖလမ်းမြို့ အဖွဲ့ချုပ်ရုံးတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၇-၁၈ ရက်အထိ အစိုးရခွင့်ပြုမိန့်နဲ့ကျင်းပကြပါတယ်။

ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျနော်သိတာကတော့ မနေ့ကလည်းရုံးမှာဆွေးနွေးကြတယ်။ တင်တုန်းကတော့ ဘာသာရေးအစည်းအဝေးဆိုပြီးတော့လုပ်တယ်လေ။ သာဘာရေးအစည်းအဝေးလုပ်ပြီးတော့ နိုင်ငံရေးပါတီတွေလည်းအစုံပါပြီးတော့ CNF ကလည်း (၈)ယောက်တက်မယ်ဆိုတာသိတော့ CNF ကအဲ့လိုအစေည်းအဝေးတက်ပြီး ဆွေးနွေးဟောပြောမယ်ဆိုရင် ပြည်နယ်အဆင့်နဲ့ဖြတ်လို့မရတော့ဘူး။ NRPC ကိုတင်ရတယ်။ အဲ့ဒီ NRPC တင်ထားတာခွင့်ပြုချက်မရလို့ အဲ့ဒါကြောင့်လို့ထင်တယ်။ ဘာကြောင့် NRPC ကခွင့်မပြုတာလဲဆိုတာကျနော်တို့လည်းမသိဘူး” လို့ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦးဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲကို ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့တရားဝင် facebook page https://www.facebook.com/Chin-Baptist-Convention-179625929413576/ တွင် Live လွှတင့်တင်မှာဖြစ်ပါတယ်။

(Zawgyi)

CBC ကဦးေဆာင္က်င္းပမယ့္ Chin Peace Forum ေတြ႕ဆုံေဆြးေႏြးပြဲက်င္းပခြင့္မရတဲ့ကိစၥ ဒီေန႔သတင္းစာရွင္းလင္းမယ္

ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္(CBC)မွ ဦးေဆာင္ၿပီးက်င္းပမယ့္ ခ်င္းအမ်ိဳးသားမ်ားပိုမိုညီၫႊတ္ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးပြဲကို အစိုးရရဲ႕ခြင္ျပဳခ်က္အရတဲ့အေပၚ သတင္းစာရွင္းလင္းပြဲကို ဒီေန႔ညေန (၂)နာရီေက်ာ္ကစၿပီး မင္းတပ္ၿမိဳ႕ ၿမိဳ႕မႏွစ္ျခင္းအသင္းေတာ္မွာက်င္းပမယ္လို႔သတင္းရရွိပါတယ္။

ခ်င္းအမ်ိဳးသားမ်ားပိုမိုညီၫြတ္ၿငိမ္းခ်မ္းေရးဆိုင္ရာဒုတိယအႀကိမ္အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲကို ဇန္နဝါရီလ (၂၉)ရက္မွ (၃၀)ရက္အထိ ႏိုင္ငံေရးပါတီမ်ား၊ ခ်င္းအမ်ိဳးသားတပ္ဦးမွ ကိုယ္စားလွယ္(၈)ဦးနဲ႔ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ က႑ေပါင္းစုံက ခ်င္းတိုင္းရင္းသားမ်ားပါဝင္ၿပီးက်င္းပရန္ စီစဥ္ခဲ့ပါတယ္။

ပထမအၾကိမ္ Chin Peace Forum ေဆြးေႏြးပြဲ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၁၇-၁၈ ရက္အထိ ဖလမ္းၿမိဳ႕ အဖြဲ႔ခ်ဳပ္ရံုးတြင္ အစိုးရခြင့္ျပဳမိန္႔နဲ႔က်င္းပေနစဥ္ (Photo: CBC)

မင္းတပ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးလြင္ရဲ႕လက္မွတ္နဲ႔ ဇန္နဝရီလ (၂၈)ရက္တြင္ ယင္းေတြ႕ဆုံေဆြးေႏြးပြဲက်င္းပခြင့္ကို ခ်င္းျပည္နယ္အစိုးရအဖြဲ႕မွ ခြင့္ျပဳခ်က္မရရွိေသးသျဖင့္ ခြင့္မျပဳေၾကာင္းနဲ႔ ခြင့္ျပဳခ်က္မရရွိဘဲေဆာင္႐ြက္ရင္ ဥပေဒအရ အေရးယူေဆာင္႐ြက္မယ္လို႔ေရးသားထားပါတယ္။

ယင္းအေၾကာင္းၾကားစာထဲတြင္ ယခုပြဲက်င္းပမည့္ ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္သည္ ဘာသာေရးအဖြဲ႕အစည္းျဖစ္ရာ ပါတီႏိုင္ငံေရးမပါ၊ ဘာသာေရးသက္သက္သာေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း သက္ဆိုင္ရာအဖြဲ႕အစည္း တာဝန္ရွိသူမ်ား၏ ကတိဝန္ခံခ်က္ႏွင့္အတူ အစည္းအေဝးမွတ္တမ္းပူးတြဲလ်က္လမ္းၫႊန္မႈျပဳေပးႏိုင္ပါရန္ တင္ျပလာမႈအေပၚ ခ်င္းအမ်ိဳးသားတပ္ဦး(CNF) အဖြဲ႕မွ ကိုယ္စားလွယ္(၈)ဦးတက္ေရာက္မည့္ကိစၥႏွင့္ စပ္လ်ဥ္း၍ (NRPC-အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန) ၏ခြင့္ျပဳခ်က္တင္ျပထားဆဲျဖစ္၍ (NRPC)၏ ခြင့္ျပဳခ်က္မရရွိေသးမီ (CNF) ကိုယ္စားလွယ္ပါဝင္တက္ေရာက္ခြင့္၊ ေတြ႕ဆုံေဆြးေႏြးပြဲ က်င္းပခြင့္အားခြင့္ျပဳေပး၍ မရႏိုင္ပါေၾကာင္းသိရွိႏိုင္ပါရန္ အေၾကာင္းၾကားပါတယ္လို႔ေဖာ္ျပထားတယ္။

လက္ရွိ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC)ရဲ႕ ဥကၠဌကေတာ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉး သိကၡာေတာ္ရဆရာ ေဒါက္တာ ေလာဟာလိန္းက အခုလိုေျပာပါတယ္။

“CNF လည္းပါမယ္ဆိုေတာ့ NRPC ရဲ႕ခြင့္ျပဳခ်က္မပါရင္ က်င္းပခြင့္ေပးႏိုင္မွာမဟုတ္ဘူးလို႔ေျပာတယ္။ ဒါဆို NRPC ရဲ႕ခြင္ျပဳခ်က္မရေသးဘူးဆိုေတာ့ CNF မပါဘဲပြဲက်င္းပခြင့္ကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးရံုးမွာလက္မွတ္ထုိးၿပီးစာျပန္တင္တယ္။ ဒါေပမယ့္ NRPC ရံုးမွာ CNF ပါဝင္ဖို႔စာတင္ထားဆဲျဖစ္ေနတဲ့တြက္ေၾကာင့္ဆုိၿပီး ပြဲမိန္႔မေပးႏိုင္တာျဖစ္တယ္။ အစကတည္းက CNF ေတြကိုလည္း NRPC ရဲ႕ခြင္ျပဳခ်က္မရရင္ သူတို႔မပါပဲပြဲဆက္လုပ္မယ္လို႔ေျပာထားၿပီးသား။ က်ေနာ္တို႔နားလည္တာကေတာ့ CNF ပါလာတာေၾကာင့္ NRPC ကခြင့္ျပဳခ်က္မေပးႏိုင္တာဆိုေတာ့ CNF မပါရင္ ခြင့္ျပဳခ်က္ေပးႏိုင္မယ္လို႔ယူဆတယ္ေပါ့။ အခုျဖစ္တဲ့ဟာက ျပည္နယ္အစိုးရ တာဝန္ရွိပုဂၢိဳလ္ေတြရဲ႕ ေဆာင္ရြက္ခ်က္ေတြပါ” လို႔ေျပာပါတယ္။

ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္က ခ်င္းၿငိမ္းခ်မ္းေရးသာသနာ (Chin Shalom Mission) ရဲ႕ဦးေဆာင္မႈနဲ႔ ပထမအၾကိမ္ Chin Peace Forum အစီအစဥ္ကို ဖလမ္းၿမိဳ႕ အဖြဲ႔ခ်ဳပ္ရံုးတြင္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၁၇-၁၈ ရက္အထိ အစိုးရခြင့္ျပဳမိန္႔နဲ႔က်င္းပၾကပါတယ္။

ခ်င္းျပည္နယ္ စည္ပင္ဝန္ၾကီး ဦးစိုးထက္က “က်ေနာ္သိတာကေတာ့ မေန႔ကလည္း႐ုံးမွာေဆြးေႏြးၾကတယ္။ တင္တုန္းကေတာ့ ဘာသာေရးအစည္းအေဝးဆိုၿပီးေတာ့လုပ္တယ္ေလ။ သာဘာေရးအစည္းအေဝးလုပ္ၿပီးေတာ့ ႏိုင္ငံေရးပါတီေတြလည္းအစုံပါၿပီးေတာ့ CNF ကလည္း (၈)ေယာက္တက္မယ္ဆိုတာသိေတာ့ CNF ကအဲ့လိုအေစည္းအေဝးတက္ၿပီး ေဆြးေႏြးေဟာေျပာမယ္ဆိုရင္ ျပည္နယ္အဆင့္နဲ႔ျဖတ္လို႔မရေတာ့ဘူး။ NRPC ကိုတင္ရတယ္။ အဲ့ဒီ NRPC တင္ထားတာခြင့္ျပဳခ်က္မရလို႔ အဲ့ဒါေၾကာင့္လို႔ထင္တယ္။ ဘာေၾကာင့္ NRPC ကခြင့္မျပဳတာလဲဆိုတာက်ေနာ္တို႔လည္းမသိဘူး” လို႔ေျပာပါတယ္။

ခ်င္းအမ်ဳိးသားတပ္ဦးဟာ အစိုးရနဲ႔ ၿငိမ္းခ်မ္းေရးလက္မွတ္ေရးထိုးထားတဲ့ အဖြဲ႔ျဖစ္ပါတယ္။

သတင္းစာရွင္းလင္းပြဲကို ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္ရဲ႕တရားဝင္ facebook page https://www.facebook.com/Chin-Baptist-Convention-179625929413576/ တြင္ Live လႊတင့္တင္မွာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်