CDF-Matupi နဲ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

CDF-Matupi နဲ့ စစ်ကောင်စီအကြား မတူပီမြို့နယ် လည်မြိုချောင်းတံတားအနီးတွင် ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ယောက်သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း CDF-Matupi က ထုတ်ပြန်ထားပါတယ်။

လည်မြိုချောင်းတံတားဟာ မတူပီ-မင်းတပ်လမ်းကြားမှာရှိပြီး မတူပီမြို့ကနေ ၅ မိုင်လောက်ကွာဝေးပါတယ်။

“စစ်ကောင်စီ အင်အား ၁၀ ယောက်ကျော် လည်မြိုမြစ်ဘက်ကို လမ်းကြောင်းရှင်းဖို့ ဆင်းလာကြတဲ့ချိန်ပစ်တာ။ သူတို့မှာ မြေထိုးစက်ကြီးတွေလည်း ပါလာတယ်။ နေ့လည်ပိုင်းထိ စစ်ကောင်စီတပ်သားတွေ လည်မြိုမြစ်နားမှာရှိနေတုန်းပဲ” ဟု CDF-Matupi တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခုလို လမ်းကြောင်းရှင်းဖို့ ထွက်လာရတဲ့ အကြောင်းရင်းကတော့ ဇူလိုင်လ ၂၀ ရက်နေ့က ပခုက္ကူကနေ မင်းတပ်မြို့ထဲကိုတက်လာတဲ့ စစ်ကား ၆၆ စီးဟာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ထဲပစ္စည်းတွေချပြီး ကျောက်ထုဘက်ပြန်ဆင်းသွားကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်သားတွေဟာ မင်းတပ်မှာချထားတဲ့ ပစ္စည်းတွေကို မတူပီမြို့ ဆက်လက်သယ်ဆောင်ရန် စစ်ကောင်စီတပ်က အခုလို လမ်းကြောင်းရှင်းလင်းတာလည်းဖြစ်နိုင်တယ်လို့သိရပါတယ်။

ဒီကနေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် CDF-Matupi ဘက်မှ ထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း ဆိုပါတယ်။

Zawgyi

CDF-Matupi နဲ႔တိုက္ပြဲျဖစ္ၿပီး စစ္ေကာင္စီတပ္သား ၅ ဦးေသဆုံး

CDF-Matupi နဲ႔ စစ္ေကာင္စီအၾကား မတူပီၿမိဳ႕နယ္ လည္ၿမိဳေခ်ာင္းတံတားအနီးတြင္ ဒီကေန႔ ဇူလိုင္လ ၂၅ ရက္ေန႔ မနက္ ၁၀ နာရီခန႔္တြင္ နာရီဝက္ခန႔္ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္မွ ၅ ေယာက္ေသဆုံးၿပီး ၄ ဦး ဒဏ္ရာ ရရွိခဲ့ေၾကာင္း CDF-Matupi က ထုတ္ျပန္ထားပါတယ္။

လည္ၿမိဳေခ်ာင္းတံတားဟာ မတူပီ-မင္းတပ္လမ္းၾကားမွာရွိၿပီး မတူပီၿမိဳ႕ကေန ၅ မိုင္ေလာက္ကြာေဝးပါတယ္။

“စစ္ေကာင္စီ အင္အား ၁၀ ေယာက္ေက်ာ္ လည္ၿမိဳျမစ္ဘက္ကို လမ္းေၾကာင္းရွင္းဖို႔ ဆင္းလာၾကတဲ့ခ်ိန္ပစ္တာ။ သူတို႔မွာ ေျမထိုးစက္ႀကီးေတြလည္း ပါလာတယ္။ ေန႔လည္ပိုင္းထိ စစ္ေကာင္စီတပ္သားေတြ လည္ျမိဳျမစ္နားမွာရွိေနတုန္းပဲ” ဟု CDF-Matupi တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ခုလို လမ္းေၾကာင္းရွင္းဖို႔ ထြက္လာရတဲ့ အေၾကာင္းရင္းကေတာ့ ဇူလိုင္လ ၂၀ ရက္ေန႔က ပခုကၠဴကေန မင္းတပ္ၿမိဳ႕ထဲကိုတက္လာတဲ့ စစ္ကား ၆၆ စီးဟာ မင္းတပ္ၿမိဳ႕ ခလရ ၂၇၄ တပ္ထဲပစၥည္းေတြခ်ၿပီး ေက်ာက္ထုဘက္ျပန္ဆင္းသြားၾကပါတယ္။

ဒါေပမယ့္ စစ္ေကာင္စီတပ္သားေတြဟာ မင္းတပ္မွာခ်ထားတဲ့ ပစၥည္းေတြကို မတူပီၿမိဳ႕ ဆက္လက္သယ္ေဆာင္ရန္ စစ္ေကာင္စီတပ္က အခုလို လမ္းေၾကာင္းရွင္းလင္းတာလည္းျဖစ္ႏိုင္တယ္လုိ႔သိရပါတယ္။

ဒီကေန႔ ျဖစ္ပြားခဲ့ေသာ တိုက္ပြဲတြင္ CDF-Matupi ဘက္မွ ထိခိုက္မႈမရွိပဲ ျပန္လည္ဆုတ္ခြာႏိုင္ေၾကာင္း ဆိုပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်