CDM ရဲအပါအဝင် အရပ်သား ၃ ယောက်ကို စစ်ကောင်စီတပ်တွေက ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး သာစည်ရွာသား CDM ရဲတစ်ယောက်အပါအဝင် ရွာသား ၃ ယောက်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂၆ ရက် ညနေ ၃ နာရီလောက်က ပစ်သတ်ထားတဲ့အလောင်းကို နောက်တနေ့ ၂၇ ရက်က တွေ့ရှိတယ်လို့ ရွာသားတွေဆီကနေ သတင်းရရှိပါတယ်။

CDM ရဲဝန်ထမ်း ကိုဖက်တီးနဲ့ ကိုသန်းထိုက်အောင်ကတော့ ရွာထဲကနေထွက်ပြေးစဉ် အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရွာသင်္ချိုင်းကုန်းအနီးမှာ ရိုက်နှက်ပြီးနောက်ပစ်သတ်ကြပါတယ်။

ဦးကျော်ဌေး (အသက် ၅၀ ခန့်)ကတော့ လက်နက်ကြီးကျည်စထိမှန်လို့သေဆုံးတာဖြစ်ပါတယ်။

သာစည်ရွာသားတစ်ဦးက “ရွာရဲ့တောင်ဘက် ချင်းဆိုင်ဘက်ကနေ စစ်သားတွေ လယ်ကိုဖြတ်ပြီးခြေခြေနဲ့ ကျနော်တို့ရွာထဲကိုဝင်လာကြတယ်။ ရွာသားတချို့ကထွက်ပြေးကုန်တယ်။ ရွာထဲကျန်တဲ့သူတွေလည်းရှိပါတယ်။ ရွာထဲမှာစစ်သားတွေဖြတ်သွားတဲ့ချိန်မှာ ကြောက်လန့်ပြီးထွက်ပြေးလို့ ကိုသန်းထိုက်အောင်နဲ့ CDM ရဲဝန်ထမ်း ကိုဖက်တီးတို့ကတော့ ဖမ်းဆီးခံရတယ်။ အလောင်းကိုတော့ ဒီမနက်ပိုင်း (စက်တင်ဘာ ၂၇) မှာပဲတွေ့တာ။ အလောင်းပေါ်မှာ ရိုက်နှက်တဲ့ဒဏ်ရာလည်းတွေ့ရတယ်” လို့ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၂၆ ရက် မနက် ၈ နာရီလောက်က ကလေးမြို့တောင်ဘက် ကလေး-ဂန့်ဂေါလမ်းမဘေးက ချင်းဆိုင်ရွာသို့ အင်အား ၁၀၀ လောက်နဲ့ရောက်လာကြတယ်။ ရွာထဲကအိမ်တွေမွှေနှောက်ရှာပြီးတော့ စည်သာဘက်ကနေ အနောက်ဘက်သို့သွားကာ စည်ပင်ကြီး- မြို့လှ-အင်ဒိုင်းကုန်း-မွန်ထာ-တောင်ဖီလာရပ်ကွက်သို့ပြန်လှည့်သွားကြပါတယ်။ စည်ပင်ကြီးရွာအနီးတွင် PDF (Kalay) နဲ့ CNDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီကြား နာရီဝက်ကြာပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

လမ်းမှာ စည်ပင်ကြီးရွာက PDF တပ်ဖွဲ့ဝင်လို့ ဒလန်သတင်းပို့ခံရတဲ့ အိမ်ကိုမီးရှို့ပေမယ့် ရွာမှာကျန်တဲ့ရွာသားတွေကမီးငြိမ်းနိုင်လို့ အိမ်မီးမလောင်သွားပါ။

Zawgyi

CDM ရဲအပါအဝင္ အရပ္သား ၃ ေယာက္ကို စစ္ေကာင္စီတပ္ေတြက ပစ္သတ္

စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕အနီး သာစည္ရြာသား CDM ရဲတစ္ေယာက္အပါအဝင္ ရြာသား ၃ ေယာက္ကို အာဏာသိမ္းစစ္ေကာင္စီတပ္ေတြက စက္တင္ဘာ ၂၆ ရက္ ညေန ၃ နာရီေလာက္က ပစ္သတ္ထားတဲ့အေလာင္းကို ေနာက္တေန႔ ၂၇ ရက္က ေတြ႔ရွိတယ္လုိ႔ ရြာသားေတြဆီကေန သတင္းရရွိပါတယ္။

CDM ရဲဝန္ထမ္း ကိုဖက္တီးနဲ႔ ကိုသန္းထုိက္ေအာင္ကေတာ့ ရြာထဲကေနထြက္ေျပးစဥ္ အာဏာသိမ္းစစ္ေကာင္စီတပ္က ဖမ္းဆီးၿပီး ရြာသခၤ်ဳိင္းကုန္းအနီးမွာ ရိုက္ႏွက္ၿပီးေနာက္ပစ္သတ္ၾကပါတယ္။

ဦးေက်ာ္ေဌး (အသက္ ၅၀ ခန္႔)ကေတာ့ လက္နက္ၾကီးက်ည္စထိမွန္လို႔ေသဆံုးတာျဖစ္ပါတယ္။

သာစည္ရြာသားတစ္ဦးက “ရြာရဲ႕ေတာင္ဘက္ ခ်င္းဆုိင္ဘက္ကေန စစ္သားေတြ လယ္ကိုျဖတ္ၿပီးေျခေျခနဲ႔ က်ေနာ္တုိ႔ရြာထဲကိုဝင္လာၾကတယ္။ ရြာသားတခ်ဳိ႕ကထြက္ေျပးကုန္တယ္။ ရြာထဲက်န္တဲ့သူေတြလည္းရွိပါတယ္။ ရြာထဲမွာစစ္သားေတြျဖတ္သြားတဲ့ခ်ိန္မွာ ေၾကာက္လန္႔ၿပီးထြက္ေျပးလို႔ ကိုသန္းထုိက္ေအာင္နဲ႔ CDM ရဲဝန္ထမ္း ကိုဖက္တီးတို႔ကေတာ့ ဖမ္းဆီးခံရတယ္။ အေလာင္းကိုေတာ့ ဒီမနက္ပိုင္း (စက္တင္ဘာ ၂၇) မွာပဲေတြ႔တာ။ အေလာင္းေပၚမွာ ရိုက္ႏွက္တဲ့ဒဏ္ရာလည္းေတြ႔ရတယ္” လို႔ေျပာပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ စက္တင္ဘာ ၂၆ ရက္ မနက္ ၈ နာရီေလာက္က ကေလးၿမိဳ႕ေတာင္ဘက္ ကေလး-ဂန္႔ေဂါလမ္းမေဘးက ခ်င္းဆုိင္ရြာသို႔ အင္အား ၁၀၀ ေလာက္နဲ႔ေရာက္လာၾကတယ္။ ရြာထဲကအိမ္ေတြေမႊေႏွာက္ရွာၿပီးေတာ့ စည္သာဘက္ကေန အေနာက္ဘက္သို႔သြားကာ စည္ပင္ၾကီး- ၿမိဳ႕လွ-အင္ဒုိင္းကုန္း-မြန္ထာ-ေတာင္ဖီလာရပ္ကြက္သို႔ျပန္လွည့္သြားၾကပါတယ္။ စည္ပင္ၾကီးရြာအနီးတြင္ PDF (Kalay) နဲ႔ CNDF ပူးေပါင္းအဖြဲ႔နဲ႔ စစ္ေကာင္စီၾကား နာရီဝက္ၾကာပစ္ခတ္မႈျဖစ္ပြားခဲ့ပါတယ္။

လမ္းမွာ စည္ပင္ၾကီးရြာက PDF တပ္ဖြဲ႔ဝင္လုိ႔ ဒလန္သတင္းပို႔ခံရတဲ့ အိမ္ကိုမီးရိႈ႕ေပမယ့္ ရြာမွာက်န္တဲ့ရြာသားေတြကမီးၿငိမ္းႏိုင္လုိ႔ အိမ္မီးမေလာင္သြားပါ။

 

 

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်