CNLD ပါတီက ရန်ကုန်တိုင်း မြို့နယ် (၁၅)ခုတွင် ပါတီဆိုင်းဘုတ်တင်မယ်

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(CNLD)က ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံ၊ မရမ်းကုန်း၊ နဲ့ အင်းစိန်မြို့နယ်တို့တွင် ပါတီဆိုင်းဘုတ်တင်ထားပြီး မြို့နယ် (၁၅)မြို့နယ်တွင်ပါတီဆိုင်းဘုတ်တင်ရန် ရည်ရွယ်ထားတယ်လို့သတင်းရရှိပါတယ်။

ဇန်နဝါရီလ (၁၄)ရက်နေ့တွင် အင်းစိန်မြို့နယ်တွင်လည်းကောင်း၊ ဇန်နဝါရီလ၊ (၂၂) ရက်နေ့တွင် မရမ်းကုန်းမြို့နယ်တွင်လည်းကောင်း၊ ဇန်နဝါရီလ၊ (၂၄)ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်လည်းကောင်းပါတီဆိုင်းဘုတ်တင်ကြပါတယ်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အလှည့်ကျဥက္ကဌ ဦးနိုထန်ကပ်က ဇန်နဝါရီလ (၄)ရက်နေ့က ရန်ကုန်မြို့ ခဝဲခြံမျက်မမြင်ကျောင်းမှာကျင်းပတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မိတ်ဆက်ပွဲတွင် အခုလိုပြောပါတယ်။

“ရန်ကုန်တိုင်း မြို့နယ်အသီးသီးမှာ ချင်းတွေရှိသလောက် တစ်သောင်း၊ သုံးသောင်း၊ ငါးသောင်း၊ ခြောက်သောင်းစုထားလိုက်ရင် ဥပမာ- အင်းစိန်၊ မြောက်ဒဂုံ၊ ရွှေပြည်သာမြို့နယ်မှာ ဆိုင်းဘုတ်ထောင်ပြီးတော့ CNLD ပါတီဝင်တွေစုထားလိုက်ရင် ရွေးကောက်ပွဲမှာ CNLD ကရန်ကုန်တိုင်းမှာ ဝင်မပြိုင်သည့်တိုင် ပါတီကြီးလို့ခေါ်တဲ့ NLD၊ ကြံ့ခိုင်ရေး၊ PPP တွေကိုမဲပေးမယ်။ အစိုးရဖွဲ့ရင် ကျနော်တို့ကို ပစ်မထားနဲ့၊ အစိုးရအဖွဲ့ဝင်အဖြစ် ကျနော်တို့ထဲမှာ ပညာတတ်၊ လူတော်တွေ၊ ဝန်ထမ်းဟောင်းတွေ အများကြီး ဝန်ကြီးလုပ်နိုင်တဲ့သူရှိပါတယ်လို့ အပေးအယူလုပ်လို့ရတယ်။ နိုင်ငံရေးက ဒါပါပဲ။ သီးသန့်ရေးရာဝန်ကြီးရဖို့တော်တော်ခက်နေပြီ။ ဒါပေမယ့် ကျနော်တို့လုပ်ရမှာပဲ။ ရန်ကုန်တိုင်းဒေသကြီးက ချင်းတွေရဲ့မဲက အလဟာသဖြစ်နေတယ်။ ရန်ကုန်တိုင်းအစိုးရဖွဲ့နိုင်တဲ့ပါတီနဲ့ အချိတ်ဆက်မိရင် ရွေးကောက်ပွဲမတိုင်ခင် ဝန်ကြီးတစ်နေရာတော့ ကောင်းကောင်းရနိုင်တယ်။ အဲ့ဒါကို လူကြီးတွေက ကျနော်တို့ကို ခဏခဏလာပြောတယ်။ ဒီအစည်းအဝေးပြီးတာနဲ့ မြို့နယ်အသီးသီးမှာ ကျနော်တို့ကော်မတီဖွဲ့မယ်။ ဆိုလိုတာက CNLD ပါတီ ပေါ်ပြုလာဖြစ်ပါစေလို့ ပြောချင်တာမဟုတ်ဘူး။ ရန်ကုန်တိုင်းဒေသကြီးမှာ ဘာသာရေးအရ တခါတလေ လွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့်မရှိဘူး။ ရန်ကုန်တိုင်းမှာရောက်နေတဲ့ ချင်းတိုင်းရင်းသား စောင့်ရှောက်ဖို့ဝန်ကြီးတစ်ပါးတော့လိုတယ်။ အဲ့ဒါ ရေးရာဝန်ကြီးထက် ကျနော်တို့မဲကို အသုံးချတတ်ရင် စည်းလုံးမှုရှိရင် ကောင်းကောင်းလုပ်လို့ရတယ်” လို့ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် (၄၄)မြို့နယ်ရှိပြီး မှော်ဘီ၊ လှိုင်သာယာစတဲ့မြို့နယ်တွေမှာ ပါတီဆိုင်းဘုတ်တင်ပွဲကိုဆက်လက်ပြုလုပ်သွားမယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်