High Class ကားနဲ့ ဆိုင်ကယ် နှစ်စီးတိုက်မိ၍ တစ်ဦးသေဆုံး

ကလေး- ရန်ကုန်ပြေးဆွဲနေတဲ့ High Class ခရီးသည်တင်ယာဉ်ဟာ ကလေးမြို့ နည်းပညာတ္ကသိုလ်ကျောင်းအနီး ကံပုလဲရွာလမ်းခွဲတွင် ဒီနေ့ နေ့လည် ၁ နာရီခန့်က ဆိုင်ကယ် ၂ စီးနဲ့တိုက်မိ၍ တစ်ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။

ကလေးမြို့ High Class ဂိတ်မှူးက “ကံပုလဲဘက်ကနေ ဆိုင်ကယ်တစ်စီးက လမ်းပေါ်တက်လာတော့ အဲ့ဒါကို ရှောင်ရင်းနဲ့ တစ်ဖက်က ဆိုင်ကယ်တစ်စီးကို သွားတိုက်မိတာ” လို့ပြောပါတယ်။

သေဆုံးသူဟာ အသက် (၅၀)အရွယ် အမျိုးသားဖြစ်ပြီး ဒဏ်ရာရရှိတဲ့သူတွေကတော့ အသက်ကြီးပိုင်း ကျား နဲ့ မ ဖြစ်ပါတယ်။

High Class ခရီးသည်တင်ယာဉ်ဟာ အရင်နှစ်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် ကားဘီးပေါက်လို့ယာဉ်မတော်တဆဖြစ်ရာမှ လူအများအပြားသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်