Omicron ကိုကာကွယ်ဖို့ New Normal ဆက်နေပါ
ကိုသန့်ဇင်လင်းရေးသည်။
ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကို အာဖရိကတိုက်မှာစတင်ခြေရာခံမိခဲ့ပါသည်။ တောင်အာဖရိက တွင် နိုဝင်ဘာ ၉ ရက်နေ့တွင်စတင်သတိမိခဲ့ပြီး အလားတူရောဂါကို ဘော့ဆဝါနာတွင် နိုဝင်ဘာ ၁၁ တွင်ထပ်မံတွေ့ရှိခဲ့ကြသည်။
ပထမဆုံးသော လူနာကို နိုဝင်ဘာ ၂၄ တွင် တောင်အာဖရိက တွင်အတည်ပြုပေးခဲ့ပြီး ၂၆ ရက်နေ့တွင် အိုမီခရွန်ဟု အမည်ပေးခဲ့သည်။ ဟောင်ကောင်တွင်လဲ အိုမီခရွန် လူနာကို ၂၄ ရက်တွင်ပင်တွေ့ခဲ့ရသည်။ ၂၅ ရက်နေ့တွင် အစ္စရေး၊ ဘယ်လဂျီယံ အစရှိ ဥရောပ နိုင်ငံများတွင်စတင်တွေ့ရှိပြန်သည်။ ၂၇ ရက်နေ့တွင် ဥရောပရှိ ဂျာမဏီ၊ အီတလီ၊ နယ်သာလန် တို့တွင် ထပ်မံတွေ့ရှိပြီး ၂၈ ရက်နေ့တွင် သြစတီးယား၊ ဒိန်းမတ်၊ ချက်တို့အပြင် ဥရောပ မဟုတ်သည် သြစတေးလျ နှင့် ကနေဒါတွင်ပါ ထပ်မံတွေ့ရှိရပြန်သည်။ ၂၉ ရက်နေ့တွင် ပေါ်တူဂီ၊ ဆွီဒင်၊ စပိန်။ ၃၀ ရက်နေ့တွင် ဂျပန် ဘရာဇီး အထိ တိုးချဲ့တွေ့ရှိခဲ့သည်။ ဒီဇင်ဘာ ၁ ရက်နေ့တွင် နိုင်ဂျီးရီးယား၊ အမေရိကန်၊ တောင်ကို ရီးယား တို့တွင် ဆက်လက်တွေ့ရှိပြီး ၂ ရက်နေ့တွင်တော့ အာရှမှ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှား၊ သီရိလက်ာ စသဖြင့် တိုးတက် တွေ့ရှိခဲ့သည်မှာ ၃ရနိုင်ငံတွင် ကူးစက်ခံထားရသူ ၄၉၂ ဦး ရှိခဲ့ပြီဖြစ်သည်။ တိုက်ကြီး ၅ တိုက်စုံသွားပြီဖြစ်သည်။
ကနဦးတွေ့ရှိသော တောင်အာဖရိက တွင် တွေ့ရှိချက်များအရ ရောဂါစတင်တွေ့ရှိသော ရက်ပိုင်း ရောဂါပွားများမှုမှာ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း တို့ထက် သာလွန်နေသည်ကို တွေ့ရသည်။ ကိုဗစ် စတုတ္ထလှိုင်း အဖြစ် တွက်ဆထားကြသည်။ အာဖရိက ၅ နိုင်ငံတွင် ရောဂါကူးစက်မှု ရှိနေသည်။
ရောဂါ ၂ ဆပျံ့ပွားမှုနှုန်းမှာ ပထမလှိုင်း ၁.၃ ရက်၊ ဒုတိယလှိုင်း ၁.၇ ရက်၊ တတိယလှိုင်း ၁.၅ ရက် အချိန်ယူခဲ့ရပြီး ယခု အိုမီခရွန်မှာ ၁.၂ ရက်သာ ကြာမြင့်ခဲ့သည်။
အာဖရိက တွင်စတင်လေ့လာမှုဖြစ်သဖြင့် အာဖရိက ကိုအခြေခံထားခြင်းကြောင့် ရောဂါပျံပွားနှုန်း မြင့်မားခြင်းလဲ ဖြစ်နိုင်ပါသည်။ အာဖရိကသည် ကမ္ဘာတွင် ကိုဗစ်ကာကွယ်ဆေးထိုးမှု အနဲဆုံးဖြစ်သည်။ တောင်အာဖရိက သည် နိုင်ငံလူဦးရေ ၂၄ ရာခိုင်နှုန်း အထိ ဆေးထိုးပေးထားနိုင်ပြီး အာဖရိက တတိုက်လုံးပျမ်းမျှ နှုံးမှာ ၇ ရာခိုင်နှုန်း သာရှိသည်။ အာဖရိက ၁၄ နိုင်ငံတွင် ကာကွယ်ဆေးထိုး​ပေးနိုင် မှုသည် ၂ ရာခိုင်နှုန်းခန့် သာရှိသေးသည်။ ကမ္ဘာ့ပျမ်းမျှ စံနှုံး ၄၂ ရာခိုင်နှုန်း ဖြင့် တွက်ပါက အင်မတန် နိမ့်ကျပေသည်။
ကမ္ဘာတွင် လူတယောက် ဆေး ၂ ကြိမ်ဖြင့်တွက်ပါက ကာကွယ်ဆေးအများဆုံးထိုးနိုင်မှုသည် ဥရောပဖြစ်ပြီး အမြင့်ဆုံး အိုက်စလန် ၉၅ ရာခိုင်နှုန်း ယူကေ ၈၅ ရာခိုင်နှုန်း၊ ဒိန်းမတ် ၈၅ ရာခိုင်နှုန်း၊ အိုင်ယာလန် ၈၃ ရာခိုင်နှုန်း၊ ပေါ်တူဂီ ၈၂ရာခိုင်နှုန်း၊ စပိန် ၈၂ ရာခိုင်နှုန်း၊ အီတလီ ၈၀ ရာခိုင်နှုန်း၊ နော်ဝေ ၇၉ ရာခိုင်နှုန်း၊ ပြင်သစ် ၇၈ ရာခိုင်နှုန်း၊ ဆွီဒင် ၇၈ ရာခိုင်နှုန်း တို့ဖြစ်ကာ အနိမ့်ဆုံးနှုံးသည် ၅၄ ရာခိုင်နှုန်း သာဖြစ်သည်။ ထိုမျှအထိ ကာကွယ်ဆေးအားစိုက်ထိုးထားသည့် ဥရောပ ၄၄ နိုင်ငံတွင် ၁၉ နိုင်ငံက အိုမီခရွန် ကူးစက်ခံထားရသည်။
အိုမီခရွန်သည် အာရှတွင် ၇ နိုင်ငံကူးစက်ခံထားရသည်။ အရှေ့တောင်အာရှ နိုင်ငံများ၏ ကာကွယ်ဆေးထိုးနိုင်မှုမှာ စင်ကာပူ ၈၈ ရာခိုင်နှုန်း၊ ဘရူနိုင်း ၈ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား ၈၀ ရာခိုင်နှုန်း၊ မလေးရှား ၇၈ ရာခိုင်နှုန်း၊ ထိုင်း ၆၀ ရာခိုင်နှုန်း၊ ဗီယက်နမ် ၅၄ ရာခိုင်နှုန်း၊ လာအို ၄၂ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ၃၆ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် ၃၄ ရာခိုင်နှုန်း၊ နှင့် မြန်မာ ၂၂ ရာခိုင်နှုန်း တို့ဖြစ်သည်။
မြန်မာနှင့်အိမ်နီးချင်း ဘင်ဂလားဒေ့ရှ် (၁၆၅ သန်း) ၂၃ ရာခိုင်နှုန်း၊ အိန္ဒိယ (၁၃၈၀ သန်း) ၃၄ ရာခိုင်နှုန်းတို့ဖြစ်ပြီး လူဦးရေ အလွန်များကာ လက်ရှိလဲ အိုမီခရွန် ကိုဗစ်ကူးစက်ခံထားကြရသည်။ အိုမီခရွန် ကူးစက်မှုကို ကာကွယ်ရန် ကာကွယ်ဆေးထိုးခြင်းသည် အရေးပါသည့် အချက်တခုဖြစ်ပြီး ကူးစက်ခံရပါကလဲ ဝေဒနါခံစားရမှု သက်သာသည်ဟု ဆိုသည်။ အခြား လိုအပ်သည် နှာခေါင်းစွပ်တပ်ခြင်း၊ ခပ်ခွာခွာနေခြင်းများကို ဆက်လက် လုပ်ဆောင်ရမည်ဟုလဲ ထုတ်ပြန်ထားသည်။
PCR စစ်ဆေးမှုများဖြင့် ရောဂါရှာဖွေနိုင်သော်လည်း RDT တက်စ်ကစ်များဖြင့် သေချာသည့် ရှာဖွေမှု မရနိုင်ဟု ဆိုသည်။ အာရှပစ္စဖိတ်ဒေသသည် အထူးသတိထားရမည့်ဒေသဟု WHO က သတိပေးထားသည်။
နောက်ဆုံးရသတင်းများ
ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ
၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...
ဆက်ဖတ်ရန်