Omicron နဲ့ စိုးရိမ်ရတဲ့ မြန်မာ့စီးပွားရေး
ဆာချင်းရေးသည်။
လက်ရှိ ကိုရိုနာ virus ထက် ကူးစတ်မှုနှုန်း ပိုမြန်တဲ့ Omicron ရောဂါပိုးသစ်ဟာ တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိပြီးနောက်ပိုင်း ကမ္ဘာကို ပြန့်နှ့ံလာနေတယ်။
အခု‌ဆို နိုင်ငံပေါင်း(၂၀)နိုင်ငံမှာ တွေ့ရှိခဲ့ပြီ ဖြစ်ပြီး နိုင်ငံအတော်များများကတော့ အာဖရိကနိုင်ငံ(၇)နိုင်ငံက ခရီးသွားတွေကို ဝင်ထွက်ခွင့် ပိတ်လိုက်ပါတယ်။ဂျပန်ဆိုရင်လည်း နိုင်ငံတကာ ခရီးသွားတွေကို ဝင်ထွက်ခွင့် ပိက်လိုက်ပါတယ်။
Omicron ရောဂါပိုးဟာလည်း Covid-19 လိုပဲ ချိန်သားကိုက် ဒီလိုကာလမျိုးမှာ ပေါ်ထွက်လာတာ ဖြစ်တယ်။ တချို့အဆိုအရ ကိုဗစ်ပိုးဟာ HIV ပိုးနဲ့ ပေါင်းစပ်မိပြီး ကူးစတ်မှု အဆ(၂၀၀၀)မြန်တဲ့ အဆိုပါရောဂါပိုးစိတ်သစ် ပေါက်ဖွားလာတာလို့ ဆိုကြတယ်။ ဒီပိုးကလည်း ကမ္ဘာ့စီးပွားရေးကို Covid-19 လိုပဲ ရိုက်ချိုးပြန်အုန်းမှာလား လို့ မေးစရာဖြစ်လာပါတယ်။
တရုတ်ကတော့ လက်ရှိ Covid-19 ကြောင့် ၂၀၂၂ ခုနှစ်အထိ ပိတ်ပင်တာ၊ ကန့်သတ်တာ လုပ်မယ် လို့ ဆိုတာမို့ Omicron ပိုးကြောင့် ပိုဆိုးလာမယ် ထင်တယ်။
Covid-19 ကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့ရသလို မြန်မာနိုင်ငံအတွက်လည်း အတော်ဒုက္ခရောက်သွားတယ်။ တစ်နှစ် ကို လူ(၅)သန်းကျော် လာဖို့ မျော်မှန်းထားတဲ့ ခရီးသွားကဏ္ဍဟာ ဆုံးဆုံးမြုပ်ခဲ့ရသလို ရင်းနှီးမြှုပ်နှံမှုတွေ၊ အလုပ်အကိုင်တွေ ၊နယ်စပ်ဂိတ်ပိတ်တာတွေ၊ ပြည်ပ တင်ပို့မရမှုတွေ စတာတွေ အတော်ကြုံတွေ့ခဲ့ရတယ်။ နှေးကွေးသွားတဲ့ စီးပွားရေးကြောင့် ဆက်ရှင်သန်ရေး ရုန်းကန်နေရချိန် အဆင်ခြင်မဲ့ အာဏာရူးသူတွေ လုပ်ရပ်ကြောင့် အဆိုးဝါးဆုံးအခြေအနေကို ခံစားနေရတယ်။
ဆိုတော့ မြန်မာနိုင်ငံဟာ Covid-19 ကော အာဏာသိမ်းမှုတို့ကြောင့် ကမ္ဘာမှာ အဆိုးဝါးဆုံး စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်နေရတယ်။ ပြည်သူသန်း(၃၀)နီးပါး ဒုက္ခတွေ့နေရတာ ဖြစ်ပြီး စီးပွားရေးကျဆင်းမှု အကျိုးဆက်ဟာ အနည်းဆုံး(၃)နှစ်ကနေ (၅)နှစ်ကြား ကြာမြင့်မယ် လို့ ခန့်မှန်းထားကြတယ်။ လက်ရှိ Omicron ရောဂါပိုးသာ Trend ဖြစ်ပြီး ကမ္ဘာကို ထပ်မံရိုက်ခတ်လာရင် မြန်မာနိုင်ငံအပေါ် အဆိုးဆုံးအခြေအနေပေါ် တပူဆင့်လာအုန်းမယ့် သဘောမှာ ရှိနေတယ်။
Omicron ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် အကျိုးသက်ရောက်နေမှုတွေကို ကြည့်ရင် လက်ရှိအချိန်မှာ နိုင်ငံအတော်များများက အာဖရိကနိုင်ငံ(၇)နိုင်ငံကို ဝင်ရောက်ခွင့် ပိက်ထားတယ်။ ထိုအတူ ခရီးသွားလုပ်ငန်းပြန်လည်ပတ်ဖို့ ပြင်နေတဲ့ နိုင်ငံတွေ အကုန် စောင့်ကြည့်နေရတဲ့ အခြေအနေပြန်ရောက်သွားတယ်။ ထိုအတူ Omicronပိုးကြောင့် ကမ္ဘာစတော့ဈေးကွက် ထိုးကျတာ ကြုံနေရတယ်။ အနောက်နိုင်ငံတွေဟာ လောင်စာဆီဈေး ခေါင်ခိုက်မှုကို ကြုံတွေ့နေရလို့ စီးပွားရေးအရ တန်ပြန်တိုက်ဖို့ အရန်ဆီတွေ ထုက်သုံးဖို့ ပြင်နေတယ်။ ဒီလိုအချိန် Omicron ပိုးကြောင့် စတော့ဈေးကွက် ကျဆင်းသွားသလို ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအပေါ် ကြီးကြီးမားမာ အပြောင်းအလဲ ဖြစ်သွားစေတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းသွားစေနိုင်တယ်။
တဖန် ကမ္ဘာ့ရွှေ‌ဈေးကလည်း တဖြေးဖြေးလှိမ့်တက်လာတယ်။ ပုံမှန်အရဆို ဒီဇင်ဘာလဟာ ရွှေဈေးအမြင့်တက်တဲ့ကာလပဲ။ သို့သော် Omicron ကြောင့် ပိုပြီး လျင်လျင်မြန်မြန်ရွှေဈေးတက်နေတယ်။ ပြည်တွင်းရွှေဈေးကတော့ မသိရ‌။
မြန်မာအပေါ်မှာကော ဘာတွေ အကျိုးသက်ရောက်မလဲ
မြန်မာဟာ လက်ရှိအချိန်ထိ Covid-19 တတိယလှိုင်းသက်ရောက်မှု ပြင်းထန်နေဆဲ့ အချိန် ဖြစ်တယ်။ အခုချိန်ထိ အေးတဲ့ ဒေသတွေ အတော်များများမှာ ရောဂါပိုး ကူးစတ်ပြန့်နှံ့ နေဆဲ ဖြစ်သလို နေ့စဉ် ပိုးတွေ့နှုန်းကလည်း လူ(၅၀၀)ကျော်နေဆဲ အခြေအနေပါ။ မြို့ပြတွေ အများစုကတော့ ရောဂါကူးစက်ပြီးလို့ တတိယလှိုင်းပြီးဆုံးကာလ ဖြစ်နေပေမယ့် နယ်တွေမှာ အဖြစ်များနေတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းစီးပွားရေးကို ပြန်မစတင်နိုင်သေးတဲ့ အပြင် အဆိုးဝါးဆုံး ပြည်တွင်းစစ်အခြေအနေကြောင့် ကုန်စည်စီးဆင်းမှုအပေါ်မှာ အကျိုးသက်ရောက်မှု ကြီးထွားနေတယ်။ သူ့နိုင်ငံကို ရောဂါပြန်ကူးမှာ ကြောက်နေတဲ့ တရုတ်ဟာ နယ်စပ်တံခါးကို အခုမှ ဖွင့်ခါစ ရှိပါသေးတယ်။ Omicron ကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ပိက်သွားနိုင်ပါတယ်။ တရုတ်ကတော့ သေချာပေါက် ပြန်ပိတ်မယ် လို့ ယူဆရပါတယ်။
လာမယ့် ၂၀၂၂ နှစ်စပိုင်းမှာ ခရီးသွားကဏ္ဍ ပြန်ဖွင့်ဖို့ ကြိုးစားနေဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ သေချာတာကတော့ Omicron ရောဂါပြန့်လာရင် သေချာပေါက် ပိက်သွားမယ့် သဘောမို့ ၂၀၂၂ ခရီးသွားကဏ္ဍကလည်း သေချာမှု မရှိပါ။ (၃)နှစ်ဆက်တိုက် ခရီးသွားလုပ်ငန်း ဦးကျိုးမှာမို့ ပြန်ထူထောင်လာဖို့ အတော်ခတ်ခဲသွားတော့မှာပါ။
တကယ်လို့ ပြည်တွင်းမှာ Omicron ပိုးတွေ့ခဲ့ရင် လက်ရှိ Stay at Homeပါယ်ဖျက်နေမှုတွေကို ပြန်ကန့်သက်လာနိုင်တယ်။ ပြည်တွင်းစစ်ကြောင့် ည(၁၀) မနတ်(၄) နာရီသက်မှတ်မှုအပြင် အပြင်မထွက်ရတဲ့ ထုက်ပြန်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ အလားတူ ကုန်စတိုးတွေ၊ စင်တာတွေ တဖန် ပြန်ပိတ်သွားနိုင်တယ်။ ပြန်ဖွင့်စ ပြုတဲ့ စားသောက်ဆိုင်တွေ၊ ကုန်စတိုးဆိုင်တွေ အကုန်ပြန်ပိက်ရနိုင်တယ်။
ကုန်စည်စီးဆင်းမှုကိုလည်း ပိုကန့်သက်လာနိုင်တာကြောင့် စိုက်ပျိုးရေးတောင်သူတွေ အရှုံးပေါ်လာနိုင်တယ်။ အထူးသဖြင့် မြို့ပြ နဲ့ ပြည်ပကုန်သွယ်ရေးကို မှီခိုနေရတဲ့ စိုက်ပျိုးရေးတွေ အကုန် ဒုက္ခရောက်သွားနိုင်ပါတယ်။
ထိုအတူ သယ်ယူပို့ဆောင်ရေးကဏ္ဍ နောက်တကြိမ်ရပ်ဆိုင်းသွားမယ် ဆိုရင် မြန်မာစီးပွားရေးပြိုပြီ လို့တောင် ဆိုနိုင်တယ်။ Covid-19 တုန်းက ရောဂါပြင်းထန်သော်လည်း လေကြောင်းသာ ပိတ်နိုင်ခဲ့တာ။ နယ်စပ်က နောက်မှ ပိတ်တာ ဆိုသော်လည်း မြန်မာစီးပွားရေးကို အကြီးအကျယ်ထိုးနှက်ခဲ့တယ်။
သို့သော် ရေကြောင်းကိစ္စက မပိတ်ခဲ့ဘူး။ တကယ်လို့ Omicron သာ အတော်ပြန့်နှံလာရင် ဒီရေကြောင်း ကုန်သွယ်ရေးပါ ပိတ်နိုင်လာခြေရှိတယ်။
ဆိုတော့ လာမယ့် ဒီဇင်ဘာဟာ နိုင်ငံတကာမှာ ပျော်ပွဲရွင်ပွဲကာလ ဖြစ်နေတယ်။ လူတချို့ ခရီးသွားနေကြပြီ။ ပြီးခဲ့တဲ့ မှတ်တမ်းတွေအရ ကူးစက်ပြန့်နှံ့မှု အများဆုံးကာလလည်း ဖြစ်တယ်။ ဆိုတော့ ကမ္ဘာစီးပွားရေးပြိုလဲလာနိုင်ခြေ များပြန်တယ်။ ဒီလို ဖြစ်ရင် ယိုင်တိုင်တိုင်လေးသာ ကျန်တဲ့ မြန်မာစီးပွားရေးကို နောက်ဆုံးရေတိုက်ချသလို အကုန်သိမ်းကျုံးသွားပါလိမ့်မယ်။
ကိုဗစ်ကာလတွေမှာ ကုမ္မဏီတွေ၊လုပ်ငန်းတွေ ထိတယ်။ အာဏာသိမ်းတော့ လူလတ်တန်းစား အုပ်စုတွေ ထိတယ်။ ‌တဖြေးဖြေး အခြေခံလူတန်းစားပါ ထိတယ်။ တကယ်လို့ Omicron သာ ထပ်ကြီးထွားရင် မြန်မာတနိုင်ငံလုံးရဲ့ စီးပွားရေးကို တိုက်ချသွားပါလိမ့်မယ်။ ဒီအတွက် ကြိုပြင်ဆင်ထားတာ မရှိဘူး။
အလားတူ ပြည်သူတွေကလည်း အရင်ကလို တက်တက်ကြွကြွကူကြတော့မှာ မဟုက်ဘူး။ မတရားအာဏာသိမ်းပြီးနောက် စေတနာ့ဝန်ထမ်းတွေ မရှိတော့လို့ မြန်မာမှာ Covid-19 ကူးစတ်မှု ပြင်းထန်ခဲ့တယ်။ ကာကွယ်ဆေး ထိုးပေးနေသည့်တိုင် ကူးစက်မှုနှုန်းက တစ်ရက်ကို (၅၀၀)အထက်ရှိနေတယ်။
ကျေးလက်နယ်ပါယ်တွေမှာ တရွားလုံးနီးပါး ဖြစ်တာတွေ ရပ်ကွက်မှာ ပြန့်နှံ့တာတွေရှိတယ်။ သို့သော် ကျန်းမာရေးစောင့်ရှောက်မှု မရ၊ မသိကြတော့ ကုသမှု မခံယူကြဘူ။
တကယ်လို့ Omicron သာ မြန်မာကို ရောက်လာရင် ဒီထက် ပိုဆိုးမယ်။ လက်ရှိ မအလ အုပ်စုသည် လူထုကျန်းမာရေးကို စောင့်ရှောက်နိုင်တဲ့ အစွမ်းမရှိဘူး။ သုံးစားမရတဲ့ ရှေ့ဟောင်း အတွေးအခေါ်တွေနဲ့ ဟန်ပြသာ ပြုလုပ်နေကြတာ များတယ်။ ဆိုတော့ ဒီ Omicron သာ ကမ္ဘာမှာ ပြန့်တာ များရင် သေချာပေါက် လူတန်းစားအသီးသီးကို ဒုက္ခပေးသွားပါလိမ့်မယ်။
ဆိုတော့ လာမယ့် ၂၀၂၂ ဟာ စိုးရိမ်ရတဲ့ နှစ် ဖြစ်လာပြန်တယ်။ လူသန်း(၃၀)ကျော် အခြေခံဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်နေတယ်။ အလုပ်လက်မဲ့ များပြားတယ်။ စိုက်ပျိုးရေးတွေ မလုပ်နိုင်သေးဘူး။ နယ်စပ် မသေချာ။ ရေကြောင်းကုန်သွယ်ရေး ပိတ်လာနိုင်ခြေရှိတယ်။ ကမ္ဘာနိုင်ငံအတော်များများ အကုန်ပိတ်နေကြမယ့် သဘောတွေ တွေ့ရတယ်။ ဆိုတော့ ငွေရှိတိုင်း မချမ်းသာတဲ့ ဘ‌ဝတွေ မြင်ကြရဖို့ ရှိပါသေးတယ်။ မြန်မာဟာ စီးပွားရေး၊ကျန်းမာရေးအတွက် ပြင်ဆင်ထားတာ တခုမှ မရှိသေးဘူး။ ဖြစ်လာခဲ့ရင်လည်း ကာကွယ်နိုင်မယ့် အဆင့်မှာ ရှိမနေဘူး။
ဆာချင်းရေးသည်။
လက်ရှိ ကိုရိုနာ virus ထက် ကူးစတ်မှုနှုန်း ပိုမြန်တဲ့ Omicron ရောဂါပိုးသစ်ဟာ တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိပြီးနောက်ပိုင်း ကမ္ဘာကို ပြန့်နှံ့လာနေတယ်။
နောက်ဆုံးရသတင်းများ
စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ
၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...
ဆက်ဖတ်ရန်