Success ကိုယ်ပိုင်အထက်တန်းကျောင်းသားတွေက အကူအညီမဲ့သူတွေကို လှူဒါန်း

Success ကိုယ်ပိုင်အထက်တန်းကျောင်းသားတွေက တနင်္ဂနွေနေ့ဝတ်ပြုစဉ်ထည့်ဝင်တဲ့အလှူငွေထဲမှ နွမ်းပါးတဲ့မိသားစုတွေထံ ယနေ့ အလှူငွေထောက်ပံ့ပေးကြတယ်လို့သတင်းရရှိပါတယ်။

နွမ်းပါးတဲ့ မိသားစု (၇)စုကို တစ်အိမ်ထောင်တွင် ကျပ် ၅၅၀၀၀ ဆီပေးလှူပြီး ဖလမ်းမြို့နယ် Rallang ကျေးရွာ၊ ကလေးမြို့နယ် ဟားခါးလေးကျေးရွာ၊ ညောင်ကုန်း၊ မြောက်ချောတော၊ မင်းလှ၊ အောင်ရွာ နဲ့ တောင်ဇလပ်ရပ်ကွက်မှမိသားစုများပါဝင်ပါတယ်။

Success ကိုယ်ပိုင်အထက်တန်းကျောင်းအုပ် ဆရာကြီးမန်နိုဇိခ်က “ထောက်ပံ့ငွေပေးဖို့ဘယ်လိုရွေးချယ်လဲဆိုရင် ကျောင်းသားတွေကို ကိုယ့်ရပ်ရွာက အကူအညီမဲ့နေတဲ့သူတွေရဲ့စာရင်းကိုတောင်းခိုင်းတယ်။ တချို့ရွာတွေက နှစ်ယောက်ပေးလာတာလဲရှိတယ်။ ဒါပေမယ့် သူတို့အခြေအနေကိုသေချာပြန်မေးပြီးတော့ ထောက်ပံ့တဲ့သူမရှိ၊ အသင်းတော်ကတာဝန်ယူကြည့်ရှုရတဲ့သူတွေကို ရွေးလိုက်တယ်။ ဒီလို ကျောင်းသားတွေကိုယ်တိုင် ထောက်ပံ့ရေးပေးခိုင်းတာက နောက်ပိုင်းမှာ သူတို့စိတ်ထဲမှာ ပရဟိတစိတ်ရှိသွားအောင် သင်ပေးချင်လို့ပါ။ အခု ကျနော်တို့ထောက်ပံ့တဲ့ငွေသားတွေက မပြောပလောက်ပဲပေမယ့် သူတို့တွက် ဆန်တစ်အိတ်၊ ဆီဆားတွေ ဝယ်နိုင်ရင်ပဲကျေနပ်ပါတယ်” လို့ပြောပါတယ်။

ထောက်ပံ့ရေးပေးတဲ့ချိန်မှာ အခန်းတိုင်းက ကျောင်းသားခေါင်းဆောင် (၁၂)ယောက်က ဦးဆောင်သွားပါတယ်။ Success ကိုယ်ပိုင်အထက်တန်းကျောင်းက ၂၀၁၅ ခုနှစ် ကလေးမြို့ရေကြီးတဲ့ကာလတွင် သာယာကုန်းကျေးရွာမှာ ကျောင်းသားတွေကထောက်ပံ့ရေးပေးခဲ့ဖူးပါတယ်။

(Zawgyi)

Success ကိုယ္ပိုင္အထက္တန္းေက်ာင္းသားေတြက အကူအညီမဲ့သူေတြကို လွဴဒါန္း

Success ကိုယ္ပိုင္အထက္တန္းေက်ာင္းသားေတြက တနဂၤေႏြေန႔ဝတ္ျပဳစဥ္ထည့္ဝင္တဲ့အလႉေငြထဲမွ ႏြမ္းပါးတဲ့မိသားစုေတြထံ ယေန႔ အလႉေငြေထာက္ပံ့ေပးၾကတယ္လို႔သတင္းရရွိပါတယ္။

ႏြမ္းပါးတဲ့ မိသားစု (၇)စုကို တစ္အိမ္ေထာင္တြင္ က်ပ္ ၅၅၀၀၀ ဆီေပးလႉၿပီး ဖလမ္းၿမိဳ႕နယ္ Rallang ေက်း႐ြာ၊ ကေလးၿမိဳ႕နယ္ ဟားခါးေလးေက်း႐ြာ၊ ေညာင္ကုန္း၊ ေျမာက္ေခ်ာေတာ၊ မင္းလွ၊ ေအာင္႐ြာ နဲ႔ ေတာင္ဇလပ္ရပ္ကြက္မွမိသားစုမ်ားပါဝင္ပါတယ္။

Success ကိုယ္ပိုင္အထက္တန္းေက်ာင္းအုပ္ ဆရာႀကီးမန္ႏိုဇိခ္က “ေထာက္ပံ့ေငြေပးဖို႔ဘယ္လိုေ႐ြးခ်ယ္လဲဆိုရင္ ေက်ာင္းသားေတြကို ကိုယ့္ရပ္႐ြာက အကူအညီမဲ့ေနတဲ့သူေတြရဲ႕စာရင္းကိုေတာင္းခိုင္းတယ္။ တခ်ိဳ႕႐ြာေတြက ႏွစ္ေယာက္ေပးလာတာလဲရွိတယ္။ ဒါေပမယ့္ သူတို႔အေျခအေနကိုေသခ်ာျပန္ေမးၿပီးေတာ့ ေထာက္ပံ့တဲ့သူမရွိ၊ အသင္းေတာ္ကတာဝန္ယူၾကည့္ရႈရတဲ့သူေတြကို ေ႐ြးလိုက္တယ္။ ဒီလို ေက်ာင္းသားေတြကိုယ္တိုင္ ေထာက္ပံ့ေရးေပးခိုင္းတာက ေနာက္ပိုင္းမွာ သူတို႔စိတ္ထဲမွာ ပရဟိတစိတ္ရွိသြားေအာင္ သင္ေပးခ်င္လို႔ပါ။ အခု က်ေနာ္တို႔ေထာက္ပံ့တဲ့ေငြသားေတြက မေျပာပေလာက္ပဲေပမယ့္ သူတို႔တြက္ ဆန္တစ္အိတ္၊ ဆီဆားေတြ ဝယ္ႏိုင္ရင္ပဲေက်နပ္ပါတယ္” လို႔ေျပာပါတယ္။

ေထာက္ပံ့ေရးေပးတဲ့ခ်ိန္မွာ အခန္းတိုင္းက ေက်ာင္းသားေခါင္းေဆာင္ (၁၂)ေယာက္က ဦးေဆာင္သြားပါတယ္။ Success ကိုယ္ပိုင္အထက္တန္းေက်ာင္းက ၂၀၁၅ ခုႏွစ္ ကေလးၿမိဳ႕ေရႀကီးတဲ့ကာလတြင္ သာယာကုန္းေက်း႐ြာမွာ ေက်ာင္းသားေတြကေထာက္ပံ့ေရးေပးခဲ့ဖူးပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်