The Key band ရဲ့ Lead ဂီတသမား ဆလိုင်းဇန်သဲနဲ့ တွေ့ဆုံခြင်း

The Key band ဟာ ၂၀၁၅ ခုနှစ်မှာထွက်တဲ့ ပြယုဂ် အယ်ဘမ်နဲ့ တစ်နိုင်ငံလုံးမှာနာမည်ကျော်ကြားလာတဲ့ Rock ဂီတအဖွဲ့တစ်ခုဖြစ်ပါတယ်။ ဒီအယ်ဘမ်ထဲမှာ ရန်သူတော်ခြောက်ပါး နဲ့ ပြည်တန်ဆာ သီးချင်းဟာ အခုထိ မရိုးနိုင်သေးတဲ့ သီချင်းကောင်းဖြစ်ပါတယ်။ The Key band ရဲ့ အဆိုတော်ကတော့ သာဒီးလူဖြစ်ပြီး Guitarist- Zan Te, Bass-Chit Pyue, Drum- Thant Zin Moe, KB- Mone Pee တို့ပဲဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တွင် ‘အနောက်ဘက်ကမ်း Mizzima’၊ ၂၀၁၅ ခုနှစ်တွင် ‘ ပြယုဂ်’၊ ၂၀၁၈ ခုနှစ်တွင် ‘ကျွန်တော် ရူးနေသည်’ အယ်ဘမ် သုံးခုထွက်ရှိထားပါပြီ။ ယင်းအဖွဲ့ထဲက Lead ဂီတသမား ချင်းတိုင်းရင်းသားလေး ဆလိုင်း ဇန်သဲနဲ့ Zalen မီဒီယာတို့ တွေ့ဆုံမေးမြန်းမှုကို စာဖတ်ပရိသတ်များအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

ဆလိုင်းဇန်သဲ ရဲ့နာမည်ရင်းကတော့ ဆလိုင်းငွန်ဇန်မန် (Salai Ngun Zan Mang) ဖြစ်ပြီး ဖလမ်းမြို့နယ် Ngal Ti (ငာလ်သီး) ကျေးရွာမှာ ၁၉၈၆ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ဖခင် ဦးထာလိန်ထန်း (U Tha Ling Thang) မိခင် Pi Ngen Nei Tlem တို့ရဲ့ သားသမီး ၈ ယောက်ထဲက လေးယောက်မြောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ရန်ကုန်မြို့မှာ အခြေချနေထိုင်ပါတယ်။

မေး။ ဂီတာကို ဘယ်ချိန်က စပြီး တီးတာလဲ။
ဖြေ။ ဆယ်တန်းပြီးတော့ တက္ကသိုလ်ပထမနှစ် တက်တဲ့ ၂၀၀၃ ကစပြီးတီးလာပါတယ်။ ကလေးမြို့ တာဟန်းမှာနေတုန်းကဆို ဘုရားကျောင်းကပွဲတွေ၊ မင်္ဂလာဆောင်ပွဲတွေမှာလိုက်တီးတယ်။ ၂၀၀၄ မှာတော့ သူငယ်ချင်းတွေနဲ့ recording စဝင်နေပြီ။ တာဟန်းမှာနေတုန်းက vocal လိုင်းသွားဖို့စိတ်ထက်သန်ပေမယ့် အဲ့လိုင်းကိုဆက်မသွားဖြစ်ပဲ Lead တီးရင်းနဲ့ ဒီလိုင်းပဲဖြစ်သွားတယ်။ ဒါပေမယ့် ဖလမ်းလို့ တစ်ကိုယ်တော် အယ်ဘမ်တစ်ခုတော့ မှတ်တိုင်အနေနဲ့ထုတ်ဖြစ်တယ်ပေါ့။ တကယ့် professional နဲ့တီးတာကတော့ ရန်ကုန်ရောက်လာပြီး ၂၀၀၇-၂၀၀၈ မှာ Grace Music Institute မှာဂီတာတီးသင်ပြီးနောက်ပိုင်းမှာ တီးလာတယ်။

မေး။ The Key မပေါ်ခင်မှာ ဘယ်အဖွဲ့တွေနဲ့လိုက်တီးဖြစ်တာလဲ
ဖြေ။ ပထမတော့ Pampo band မှာတီးတယ်။ အခုတော့ အဲ့ဒီအဖွဲ့မရှိတော့ဘူး။ နောက်ပိုင် ပြန်ပီးတို့နဲ့လည်း တီးတယ်။ အဲ့နောက် ကျနော်ကိုယ်တိုင် အဖွဲ့ထောင်တယ်။ နာမည်ကတော့ November 12 ပါ။ အဲ့ဒီမှာ ကျနော်က Lead တီးတယ်။ Bass တစ်ယောက်ရှိတယ်။ အတည်ဆိုလို့ ဒီနှစ်ယောက်ပဲရှိတယ်။ ကျန်တာကတော့ သူငယ်ချင်းတွေကို အားကိုးရတာပေါ့။ The Key ရဲ့မူက တခြားလူတွေနဲ့ recording ဝင်လို့တော့ရတယ်။ ဒါပေမယ့် ပေါ်စတာတွေမှာ ရုပ်ပေါ်တာမျိုးတော့မရဘူး။

မေး။ The Key ကို ဘယ်တုန်းက စဖွဲ့ကြတာလဲ။
ဖြေ။ ၂၀၁၀-၁၁ ခုနှစ်လောက်က စဖွဲ့ခဲ့တာပါ။ စဖွဲ့တုန်းက အဆိုရှင် သုံးယောက်ရှိတယ်။ တစ်ယောက်က ဆုံးသွားပြီ။ ကျန်တဲ့ နှစ်ယောက်တော့ တွဲမလုပ်ဖြစ်တာပါ။ သူတို့အားလုံးနဲ့အတူတူ ၂၀၁၃ မှာ အနောက်ဘက်ကမ်း Mizzima အယ်ဘမ်ကို စီဒီနဲ့ပဲထုတ်တယ်။ အဲ့အယ်ဘမ်ကနေ လူတွေစသိလာတယ်။ အခုအဖွဲ့ရဲ့ အမာခံပရိသတ်တွေကလည်း အဲ့သီချင်းနားထောင်တဲ့သူတွေပိုများတယ်။ နောက် ဒုတိယခွေထုတ်တဲ့ ပြယုဂ် အယ်ဘမ်ကတော့ တကယ့်ကို ပရိသတ်တွေထပ်တိုးလာတာပေါ့နော်။

http://bit.ly/EEP2GC

မေး။ အဖွဲ့သားတွေက ဘယ်လိုနဲ့စတွေ့ပြီး The Key ကိုစဖွဲ့ခဲ့တာလဲ။
ဖြေ။ အဓိကတော့ Vocalist (သာဒီးလူ)က အားလုံးကို လိုက်စုပေးတယ်လို့ပြောလို့ရတယ်။ ကျနော်နဲ့တွေ့တာက သူများသီချင်းကိုတီးနေတဲ့ချိန်မှာ သူလည်းသူ့သူငယ်ချင်းတွေနဲ့ studio လာပြီးတော့ ကျနော်ဂီတာတီးတာကို သဘောကျပြီးတော့ သူနဲ့လက်တွဲနိုင်မယ့်သူလို့ယူဆတာလည်းဖြစ်မှာပေါ့။ နောက် ဒရမ်သမားလည်း သူနဲ့တခြားပွဲတစ်ခုမှာဆုံရင်းလက်တွဲလာတာ။ သူ (သာဒီးလူ)က သူ့စိတ်ကြိုက်လူတွေကို ရွေးချယ်ထားပြီးတော့ဖွဲ့တယ်လို့ပြောရင်လည်းမမှားပါဘူး။

မေး။ The Key ဆိုပြီး နာမည်မရလာခင်မှာ ဘယ်လိုမျိုးအခက်အခဲတွေကြုံတွေ့ပြီး ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြတာလဲ။
ဖြေ။ နာမည်မရခင်မှာတော့ free Show နဲ့ပွဲတော်တော်များများတီးပေးတယ်။ Recording ဝင်ပြီးတော့ ငွေရေးကြေးရေးအခက်အခဲကြောင့် အကြွေးနဲ့ လုပ်ရတာမျိုးလည်းရှိတယ်။ ပြီးတော့ အဆိုပဲ Multiple ဆိုသင့်လို့ဆိုရတာမျိုးလည်းရှိတယ်။ Band နဲ့အတူတူမခေါ်နိုင်ဘူးပေါ့။ အဲ့လိုမျိုးချိန်မှာ စိတ်ရှည်ရှည်နဲ့ အချင်းချင်းနားလည်ပေးကြတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ပြယုဂ်ခွေ ပရိတ်သတ် လက်ခံလာမှပဲ အဖွဲ့က အတူတူရှိုးတက်လို့ရတယ်။ ပြယုဂ် တကယ်နာမည်ကြီးလာတာက ၂၀၁၆-၁၇ လောက်ဆိုတော့ ကြားထဲမှာ ၆ နှစ်၊ ၇ နှစ်လောက်တော့ အဆင်ပြေသလိုနေကြပါတယ်။ ပရိသတ်တွေမသိခင်မှာ ရင်ဆိုင်ကျော်ဖြတ်ရတဲ့အခက်အခဲတွေ အများကြီးပါ။ အဲ့ဒါအခက်ဆုံးပဲ။ အနုပညာဆိုတာက အခုစိုက်ပြီး ချက်ချင်းပြန်ရိုက်သိမ်းလို့မှမရတာ။ အခုတော့အဆင်ပြေလာပါပြီ။

မေး။ The Key Band က နောက်ဘာတွေလုပ်ဖို့အစီအစဉ်ရှိလဲ။
ဖြေ။ One man show လုပ်ဖို့လည်းအစီအစဉ်ရှိပေမယ့် အချိန်တော့နည်းနည်းယူရအုံးမယ်။ အယ်ဘမ်အသစ်တော့ ထွက်ဖို့မရှိသေးဘူး။ Single song ကတော့ တေးသံသာ Application နဲ့လုပ်နေတာရှိတယ်။ သူတို့နဲ့ သီချင်းသုံးပုဒ်လုပ်ဖို့ စာချုပ်ချုပ်ထားတဲ့ထဲမှာ တစ်ပုဒ်တော့ပြီးသွားတယ်။ နောက် Sky Net ပုဂံသီချင်း မြန်မာ့သမိုင်းပေါ့ လုပ်ဖို့ရှိတယ်။

(Zawgyi)

The Key band ရဲ႕ Lead ဂီတသမား ဆလုိင္းဇန္သဲနဲ႔ ေတြ႔ဆံုျခင္း

The Key band ဟာ ၂၀၁၅ ခုႏွစ္မွာထြက္တဲ့ ျပယုဂ္ အယ္ဘမ္နဲ႔ တစ္ႏိုင္ငံလံုးမွာနာမည္ေက်ာ္ၾကားလာတဲ့ Rock ဂီတအဖြဲ႔တစ္ခုျဖစ္ပါတယ္။ ဒီအယ္ဘမ္ထဲမွာ ရန္သူေတာ္ေျခာက္ပါး နဲ႔ ျပည္တန္ဆာ သီးခ်င္းဟာ အခုထိ မရိုးႏိုင္ေသးတဲ့ သီခ်င္းေကာင္းျဖစ္ပါတယ္။ The Key band ရဲ႕ အဆိုေတာ္ကေတာ့ သာဒီးလူျဖစ္ၿပီး Guitarist- Zan Te, Bass-Chit Pyue, Drum- Thant Zin Moe, KB- Mone Pee တုိ႔ပဲျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္တြင္ ‘အေနာက္ဘက္ကမ္း Mizzima’၊ ၂၀၁၅ ခုႏွစ္တြင္ ‘ ျပယုဂ္’၊ ၂၀၁၈ ခုႏွစ္တြင္ ‘ကၽြန္ေတာ္ ရူးေနသည္’ အယ္ဘမ္ သံုးခုထြက္ရွိထားပါၿပီ။ ယင္းအဖြဲ႔ထဲက Lead ဂီတသမား ခ်င္းတုိင္းရင္းသားေလး ဆလုိင္း ဇန္သဲနဲ႔ Zalen မီဒီယာတုိ႔ ေတြ႔ဆံုေမးျမန္းမႈကို စာဖတ္ပရိသတ္မ်ားအတြက္ ျပန္လည္မွ်ေဝလုိက္ပါတယ္။

ဆလုိင္းဇန္သဲ ရဲ႕နာမည္ရင္းကေတာ့ ဆလုိင္းငြန္ဇန္မန္ (Salai Ngun Zan Mang) ျဖစ္ၿပီး ဖလမ္းၿမိဳ႕နယ္ Ngal Ti (ငာလ္သီး) ေက်းရြာမွာ ၁၉၈၆ ခုႏွစ္က ေမြးဖြားခဲ့ပါတယ္။ ဖခင္ ဦးထာလိန္ထန္း (U Tha Ling Thang) မိခင္ Pi Ngen Nei Tlem တို႔ရဲ႕ သားသမီး ၈ ေယာက္ထဲက ေလးေယာက္ေျမာက္ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူဟာ ရန္ကုန္ၿမိဳ႕မွာ အေျခခ်ေနထုိင္ပါတယ္။

ေမး။ The Key မေပၚခင္မွာ ဘယ္အဖြဲ႔ေတြနဲ႔လုိက္တီးျဖစ္တာလဲ
ေျဖ။ ပထမေတာ့ Pampo band မွာတီးတယ္။ အခုေတာ့ အဲ့ဒီအဖြဲ႔မရွိေတာ့ဘူး။ ေနာက္ပိုင္ ျပန္ပီးတို႔နဲ႔လည္း တီးတယ္။ အဲ့ေနာက္ က်ေနာ္ကိုယ္တိုင္ အဖြဲ႔ေထာင္တယ္။ နာမည္ကေတာ့ November 12 ပါ။ အဲ့ဒီမွာ က်ေနာ္က Lead တီးတယ္။ Bass တစ္ေယာက္ရွိတယ္။ အတည္ဆိုလို႔ ဒီႏွစ္ေယာက္ပဲရွိတယ္။ က်န္တာကေတာ့ သူငယ္ခ်င္းေတြကို အားကိုးရတာေပါ့။ The Key ရဲ႕မူက တျခားလူေတြနဲ႔ recording ဝင္လို႔ေတာ့ရတယ္။ ဒါေပမယ့္ ေပၚစတာေတြမွာ ရုပ္ေပၚတာမ်ဳိးေတာ့မရဘူး။

ေမး။ The Key မေပၚခင္မွာ ဘယ္အဖြဲ႔ေတြနဲ႔လုိက္တီးျဖစ္တာလဲ
ေျဖ။ ပထမေတာ့ Pampo band မွာတီးတယ္။ အခုေတာ့ အဲ့ဒီအဖြဲ႔မရွိေတာ့ဘူး။ ေနာက္ပိုင္ ျပန္ပီးတို႔နဲ႔လည္း တီးတယ္။ အဲ့ေနာက္ က်ေနာ္ကိုယ္တိုင္ အဖြဲ႔ေထာင္တယ္။ နာမည္ကေတာ့ November 12 ပါ။ အဲ့ဒီမွာ က်ေနာ္က Lead တီးတယ္။ Bass တစ္ေယာက္ရွိတယ္။ အတည္ဆိုလို႔ ဒီႏွစ္ေယာက္ပဲရွိတယ္။ ဒရမ္ နဲ႔ ကီးဘုတ္ကေတာ့ အဆင္ေျပတဲ့လူေတြနဲ႔ ေခၚတီးတယ္။ The Key ရဲ႕မူက တျခားလူေတြနဲ႔ recording ဝင္လို႔ေတာ့ရတယ္။ ဒါေပမယ့္ ေပၚစတာေတြမွာ ရုပ္ေပၚတာမ်ဳိးေတာ့မရဘူး။

ေမး။ The Key ကို ဘယ္တုန္းက စဖြဲ႔ၾကတာလဲ။
ေျဖ။ ၂၀၁၀-၁၁ ခုႏွစ္ေလာက္က စဖြဲ႔ခဲ့တာပါ။ စဖြဲ႔တုန္းက အဆိုရွင္ သံုးေယာက္ရွိတယ္။ တစ္ေယာက္က ဆံုးသြားၿပီ။ က်န္တဲ့ ႏွစ္ေယာက္ေတာ့ တြဲမလုပ္ျဖစ္တာပါ။ သူတို႔အားလံုးနဲ႔အတူတူ ၂၀၁၃ မွာ အေနာက္ဘက္ကမ္း Mizzima အယ္ဘမ္ကို စီဒီနဲ႔ပဲထုတ္တယ္။ အဲ့အယ္ဘမ္ကေန လူေတြစသိလာတယ္။ အခုအဖြဲ႔ရဲ႕ အမာခံပရိသတ္ေတြကလည္း အဲ့သီခ်င္းနားေထာင္တဲ့သူေတြပိုမ်ားတယ္။ ေနာက္ ဒုတိယေခြထုတ္တဲ့ ျပယုဂ္ အယ္ဘမ္ကေတာ့ တကယ့္ကို ပရိသတ္ေတြထပ္တုိးလာတာေပါ့ေနာ္။

ေမး။ အဖြဲ႔သားေတြက ဘယ္လိုနဲ႔စေတြ႔ၿပီး The Key ကိုစဖြဲ႔ခဲ့တာလဲ။
ေျဖ။ အဓိကေတာ့ Vocalist (သာဒီးလူ)က အားလံုးကို လိုက္စုေပးတယ္လို႔ေျပာလို႔ရတယ္။ က်ေနာ္နဲ႔ေတြ႔တာက သူမ်ားသီခ်င္းကိုတီးေနတဲ့ခ်ိန္မွာ သူလည္းသူ႔သူငယ္ခ်င္းေတြနဲ႔ studio လာၿပီးေတာ့ က်ေနာ္ဂီတာတီးတာကို သေဘာက်ၿပီးေတာ့ သူနဲ႔လက္တြဲႏိုင္မယ့္သူလို႔ယူဆတာလည္းျဖစ္မွာေပါ့။ ေနာက္ ဒရမ္သမားလည္း သူနဲ႔တျခားပြဲတစ္ခုမွာေတြ႔ၾကရင္းနဲ႔ေခၚခဲ့တာ။ သူ (သာဒီးလူ)က သူ႔စိတ္ၾကိဳက္လူေတြကို ေရြးခ်ယ္ထားၿပီးေတာ့ဖြဲ႔တယ္လို႔ေျပာရင္လည္းမမွားပါဘူး။

ေမး။ The Key ဆိုၿပီး နာမည္မရလာခင္မွာ ဘယ္လုိမ်ဳိးအခက္အခဲေတြၾကံဳေတြ႔ၿပီး ဘယ္လိုရင္ဆိုင္ေက်ာ္ျဖတ္ၾကတာလဲ။
ေျဖ။ နာမည္မရခင္မွာေတာ့ free Show နဲ႔ပြဲေတာ္ေတာ္မ်ားမ်ားတီးေပးတယ္။ Recording ဝင္ၿပီးေတာ့ ေငြေရးေၾကးေရးအခက္အခဲေၾကာင့္ အေၾကြးနဲ႔ လုပ္ရတာမ်ဳိးလည္းရွိတယ္။ ၿပီးေတာ့ အဆိုပဲ Multiple ဆိုသင့္လုိ႔ဆိုရတာမ်ဳိးလည္းရွိတယ္။ Band နဲ႔အတူတူမေခၚႏိုင္ဘူးေပါ့။ အဲ့လိုမ်ဳိးခ်ိန္မွာ စိတ္ရွည္ရွည္နဲ႔ အခ်င္းခ်င္းနားလည္ေပးၾကတယ္။ ဘုရားသခင္ရဲ႕ေက်းဇူးေတာ္ေၾကာင့္ ျပယုဂ္ေခြ ပရိတ္သတ္ လက္ခံလာမွပဲ အဖြဲ႔က အတူတူရိႈးတက္လို႔ရတယ္။ ျပယုဂ္ တကယ္နာမည္ၾကီးလာတာက ၂၀၁၆-၁၇ ေလာက္ဆိုေတာ့ ၾကားထဲမွာ ၆ ႏွစ္၊ ၇ ႏွစ္ေလာက္ေတာ့ အဆင္ေျပသလိုေနၾကပါတယ္။ ပရိသတ္ေတြမသိခင္မွာ ရင္ဆိုင္ေက်ာ္ျဖတ္ရတဲ့အခက္အခဲေတြ အမ်ားၾကီးပါ။ အဲ့ဒါအခက္ဆံုးပဲ။ အႏုပညာဆိုတာက အခုစိုက္ၿပီး ခ်က္ခ်င္းျပန္ရိုက္သိမ္းလို႔မွမရတာ။ အခုေတာ့အဆင္ေျပလာပါၿပီ။

ေမး။ The Key Band က ေနာက္ဘာေတြလုပ္ဖို႔အစီအစဥ္ရွိလဲ။
ေျဖ။ One man show လုပ္ဖို႔လည္းအစီအစဥ္ရွိေပမယ့္ အခ်ိန္ေတာ့နည္းနည္းယူရအံုးမယ္။ အယ္ဘမ္အသစ္ေတာ့ ထြက္ဖို႔မရွိေသးဘူး။ Single song ကေတာ့ ေတးသံသာ Application နဲ႔လုပ္ေနတာရွိတယ္။ သူတို႔နဲ႔ သီခ်င္းသံုးပုဒ္လုပ္ဖို႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ထဲမွာ တစ္ပုဒ္ေတာ့ၿပီးသြားတယ္။ ေနာက္ Sky Net ပုဂံသီခ်င္း ျမန္မာ့သမုိင္းေပါ့ လုပ္ဖို႔ရွိတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်