YDF ထီးလင်းက သတိပေးစာထုတ်ပြန်ပြီးနောက် ဌာနဆိုင်ရာဝန်ထမ်း ၃၀၀ ကျော်နှုတ်ထွက်စာတင်လာ

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်တွင် နိုဝင်ဘာလ ၄ ရက်ကနေ ၇ ရက်အထိ ဌာနဆိုင်ရာ ၇ ခု နဲ့ မြို့နယ်ခြာားမှာတာဝန်ကျတဲ့ဝန်ထမ်း စုစုပေါင်း ၃၃၆ ယောက်က နှုတ်ထွက်စာတင်ကြောင်းသတင်းရရှိပါတယ်။

အာဏာသိမ်း စစ်ကောင်စီထောက်တိုင်ဌာနဆိုင်ရာများတွင်ရုံးတက် နေသော ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီကို အားပေးနေသည့်လုပ်ငန်းများရပ်တန့်ရန် နိုဝင်ဘာလ (၇)ရက်နေ့ နောက်ဆုံးနှုတ်ထွက်/ CDM ပြုလုပ်ကြရန် YDF ထီးလင်းက နိုဝင်ဘာ ၄ ရက်တွင် သတိပေးစာထုတ်ပြန်ထားပါတယ်။

နှုတ်ထွက်စာတင်တဲ့ ဌာနဆိုင်ရာဝန်ထမ်းဦးရေကတော့ ပညာရေး ၂၇၇ ဦး၊ မီးသတ် ၁၇ ဦး၊ ထွေအုပ် – ၁၁ ဦး၊ စိုက်ပျိုးရေး -၃ ဦး၊ ကျန်းမာရေး -၁၁ ဦး၊ တရားရုံး – ၄ ဦး၊ ရုပ်သံ- ၃ ဦး၊ မြို့နယ်ခြာားတာဝန်ကျ – ၁၀ ဦး စုစုပေါင်း – ၃၃၆ ဦးဖြစ်ပါတယ်။

သတိပေးစာအပြည့်အစုံမှာ YDF ထီးလင်းသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးလုပ်ငန်းစဉ်ကို အစဉ်တစိုက်လုပ်ဆောင်သွားမည်ဖြစ်ပြီး CDM ဝန်ထမ်းများကို ကာကွယ်ပေးခြင်းနှင့် Non CDM လုပ်၍ မိမိအကျိုးတစ်ခုတည်းကိုသာကြည့်ပြီး CDM ဝန်ထမ်းများကို ဖိအားပေးနေသော အထက်အရာရှိများနှင့် ဝန်ထမ်းများအား အရေးယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြိုတင် သတိပေးအပ်ပါသည်။

စစ်ကောင်စီ၏ မြန်မာပြည်တွင်းရေးကို ဆက်လက်ချယ်လှယ်လုပ်ဆောင်နိုင်ရေးကို တစ်ဖက်တစ်လမ်းမှ အားပေးကူညီနေသည့် မည်သူ့ကိုမဆို အရေးယူသွားတော့မည်ဖြစ်သည်။

ထို့ကြောင့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ပြည်သူ့ဆန္ဒနှင့်အညီပြည်သူနှင့်တစ်သားတည်းရပ်တည်ပေးကြရန် နောက်ဆုံးအနေဖြင့် သတိပေးလိုက်သည်လို့ဖော်ပြထားပါတယ်။

Zawgyi

YDF ထီးလင္းက သတိေပးစာထုတ္ျပန္ၿပီးေနာက္ ဌာနဆိုင္ရာဝန္ထမ္း ၃၀၀ ေက်ာ္ႏႈတ္ထြက္စာတင္လာ

မေကြးတုိင္းေဒသၾကီး၊ ထီးလင္းၿမိဳ႕နယ္တြင္ ႏိုဝင္ဘာလ ၄ ရက္ကေန ၇ ရက္အထိ ဌာနဆိုင္ရာ ၇ ခု နဲ႔ ၿမိဳ႕နယ္ျခာားမွာတာဝန္က်တဲ့ဝန္ထမ္း စုစုေပါင္း ၃၃၆ ေယာက္က ႏႈတ္ထြက္စာတင္ေၾကာင္းသတင္းရရွိပါတယ္။

အာဏာသိမ္း စစ္ေကာင္စီေထာက္တုိင္ဌာနဆိုင္ရာမ်ားတြင္ရံုးတက္ ေနေသာ ဝန္ထမ္းမ်ားအေနျဖင့္ စစ္ေကာင္စီကို အားေပးေနသည့္လုပ္ငန္းမ်ားရပ္တန္႔ရန္ ႏိုဝင္ဘာလ (၇)ရက္ေန႔ ေနာက္ဆံုးႏႈတ္ထြက္/ CDM ျပဳလုပ္ၾကရန္ YDF ထီးလင္းက ႏိုဝင္ဘာ ၄ ရက္တြင္ သတိေပးစာထုတ္ျပန္ထားပါတယ္။

ႏႈတ္ထြက္စာတင္တဲ့ ဌာနဆိုင္ရာဝန္ထမ္းဦးေရကေတာ့ ပညာေရး ၂၇၇ ဦး၊ မီးသတ္ ၁၇ ဦး၊ ေထြအုပ္ – ၁၁ ဦး၊ စိုက္ပ်ဳိးေရး -၃ ဦး၊ က်န္းမာေရး -၁၁ ဦး၊ တရားရံုး – ၄ ဦး၊ ရုပ္သံ- ၃ ဦး၊ ၿမိဳ႕နယ္ျခာားတာဝန္က် – ၁၀ ဦး စုစုေပါင္း – ၃၃၆ ဦးျဖစ္ပါတယ္။

သတိေပးစာအျပည့္အစံုမွာ YDF ထီးလင္းသည္ စစ္အာဏာရွင္စနစ္ အျမစ္ျပတ္ေရးလုပ္ငန္းစဥ္ကို အစဥ္တစိုက္လုပ္ေဆာင္သြားမည္ျဖစ္ၿပီး CDM ဝန္ထမ္းမ်ားကို ကာကြယ္ေပးျခင္းႏွင့္ Non CDM လုပ္၍ မိမိအက်ဳိးတစ္ခုတည္းကိုသာၾကည့္ၿပီး CDM ဝန္ထမ္းမ်ားကို ဖိအားေပးေနေသာ အထက္အရာရွိမ်ားႏွင့္ ဝန္ထမ္းမ်ားအား အေရးယူေဆာင္ရြက္ျခင္းမ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ၾကိဳတင္ သတိေပးအပ္ပါသည္။

စစ္ေကာင္စီ၏ ျမန္မာျပည္တြင္းေရးကို ဆက္လက္ခ်ယ္လွယ္လုပ္ေဆာင္ႏိုင္ေရးကို တစ္ဖက္တစ္လမ္းမွ အားေပးကူညီေနသည့္ မည္သူ႔ကိုမဆို အေရးယူသြားေတာ့မည္ျဖစ္သည္။

ထို႔ေၾကာင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအားလံုး ျပည္သူ႔ဆႏၵႏွင့္အညီျပည္သူႏွင့္တစ္သားတည္းရပ္တည္ေပးၾကရန္ ေနာက္ဆံုးအေနျဖင့္ သတိေပးလုိက္သည္လုိ႔ေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်