ဧဝံဂေလိတရားဟောဆရာကို ထောင်ဒဏ် (၄၃)နှစ်အမိန့်ချ

ဧဝံဂေလိတရားဟောဆရာကို ထောင်ဒဏ် (၄၃)နှစ်အမိန့်ချ
သက်ငယ်မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ ဧဝံဂေလိတရားဟောဆရာတော် Lal Biak Lar@Lar Boih ကို ကလေးခရိုင်တရားရုံးက ဒီနေ့ ညနေပိုင်းမှာ ထောင်ဒဏ်(၄၃)နှစ်အမိန့်ချမှတ်လိုက်ပါတယ်။

Lar Boih ကို ပုဒ်မ ၃၇၆ နဲ့ သီးခြားစီ အမှုဖွင့်ထားတဲ့တွက် အမှုတစ်ခုတွင်ထောင်ဒဏ်နှစ်(၂၀) စီချမှတ်ပြီး၊ ပုဒ်မ ၅၀၆(ခြိမ်းခြောက်မှု)အတွက် ထောင်ဒဏ် (၂)နှစ် နဲ့ ပုဒ်မ ၃၂၃(နာကျင်စေမှု)အတွက် ထောင်ဒဏ် (၁)နှစ် စုစုပေါင်း ထောင်ဒဏ် (၄၃)နှစ်ချမှတ်လိုက်ပါတယ်။

ဧဝံဂေလိတရားဟောဆရာ Lar Boih ဟာ ဖလမ်းမြို့နယ်ကနေ ၎င်းတို့နေအိမ် ကလေးမြို့နယ် လက်ပံခောျင်းကျေးရွာမှာလာရောက်နေထိုင်တဲ့ မိုင်….(၁၅နှစ်)ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်….(၁၄နှစ်)ကို ၂၀၁၈ ခုနှစ် ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်တယ်လို့ဆိုကာ ၂၀၁၈ ခုနှစ် ဧပြီလ(၁၃)ရက်တွင် ကယာကံရှင် ကလေးမိဘတွေကိုယ်တိုင်က တာဟန်းရဲစခန်းမှာ ၂၀၁၈ ခုနှစ် ဧပြီလ( ၁၃)ရက်တွင် အမှုဖွင့်လိုက်ပါတယ်။

ဒါကြောင့် ၂၀၁၈ ခုနှစ် မေလ(၁၁)ရက်နေ့တွင် ကလေးခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၂၃(နာကျင်စေမှု)၊ ၅၀၆(ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁(မုဒိမ်းပြုကျင့်ရန်ကြိုးစားအားထုတ်မှု) တို့နဲ့ တရားစွဲတင်ထားပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်